လ္ဘက်ရည်သောက်သူများ

15-12-2009 တွင် တင်ထားသည်။ prettygloria
Tags:လ္ဘက်ရည်သောက်သူများ

ရိုးရိုးလား          ရှယ်လား

ကျကျလား         ချိုချိုလား

လ္ဘက်ရည်ဆိုင်မှာထိုင်စရာမရှိ

စားပွဲတိုင်းအပြည့်

မနက်...နေ့...ည..ကာလသုံးသွယ်

ဘယ်အချိန်ရောက်ေ၇ာက်သောက်သူများပါလေရဲ့

ကဗျာရေးသမားလည်းသောက်      စာရေးသမားလည်းသောက်

တေးရေးသမားလည်းသောက်        အဆွေးသမားလည်းသောက်

ဖလင်သမားလည်းသောက်          သဘင်သမားလည်းသောက်

ဖဲသမားလည်းသောက်              ပွဲစားလည်းသောက်

လ္ဘက်ရည်ဆိုင်ထိုင်သူလူချင်းတူပေမဲ့

လူအစားစားမထူခြားနား

အားနေလို့သောက်တဲ့သူ             စကားရှည်ဖို့သောက်တဲ့သူ

ကြံဖန်ရလို့သောက်တဲ့သူ             ဟန်ပန်ကျဖို့သောက်တဲ့သူ

အလုပ်အခြေလှဖို့သောက်တဲ့သူ       အထုပ်ဖြေပြဖို့သောက်တဲ့သူ

ဖန်...ဆိပ့်....ချို....ခါး လျာဖျားအရသာချင်းတူပေမဲ

ခံ့စားရတဲ့အရသာချင်းကတော့

ဘယ်တူနိုင်ပါ့မလဲလေ....................

ဆွေးနွေးခြင်း

on 01-01-0001 ပြောသည်။

ထင်မြင်ချက် ပေါင်းထည့်သည်။

ကျေးဇူးပြု၍login သို့မဟုတ်မှတ်ပုံတင်ခြင်း(register) ပြုလုပ်ပါ။
  • အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက် အပြည့်အစုံကို ကြည့်နိုင်ရန်
  • မိတ်ဆွေသူငယ်ချင်း အသစ်ရှာဖွေနိုင်ရန်
  • မှတ်ချက်ရေးသားနိုင်ရန်
  • ကိုယ်ရေးကိုယ်တာ Message ပေးပို့နိုင်ရန်
← အထူးကုဆ၇ာဝန်လေးရဲ့အချစ်   Blog သို့ပြန်သွားသည်။   သိပ်ခံစားနေရရင် →
© 2013-2025 အခမဲ့ Video Chat Conferendo! ရပိုင်ခွင့်၊ အခွင့်အရေးအားလုံးကို သီးသန့်ထားရှိပါသည်။
ဘာသာပြန်ဆိုရာတွင် အမှားတွေ့ရှိသည်။ အကြောင်းကြားရန် ၊၎င်းအား mouse ဖြင့် select လုပ်ကာ Ctrl+Enter နှိပ်ပါ။