သွေးအမျိုးအစားအလိုက် ကိုယ့်ချစ်သူ(သို့) သူငယ်ချင်းအကြောင်း အကဲ ခတ်လို့ ရအောင်

06-08-2011 တွင် တင်ထားသည်။ pothi

 သွေးအမျိုးအစားအလိုက် ကိုယ့်ချစ်သူ(သို့) သူငယ်ချင်းအကြောင်း အကဲ ခတ်လို့ ရအောင် တင်ပေးလိုက်ပါတယ်....

                                                            အေသွေး

 

    အေသွေးပိုင်ရှင်တွေဟာ ခေါင်းမာတယ်။အယူသည်းတယ်။ရှက်ကြောက်လေ့ရှိတယ်။ကိုယ့်အကြောင်းပဲ အဓိ က စိတ်ဝင်စားပြီး သူများ အကြောင်း သိပ်စိတ်မ၀င်စားတတ်ဘူး။မုသားစကားအလွယ်တကူ ပြောလေ့မရှိဘူး။သူငယ်ချင်းတွေ အပေါ်မှာ သစ္စာရှိတယ်။ လျှို့ဝှက် တတ်တယ်။ သူတို့ ခံစားချက်ကို အလွယ်တကူ မဖွင့် ဟ တတ်ဘူး။အမျိုးသားများဟာ သူတို့ချစ်သူကို နူးညံ့သိမ်မွေ့စွာနဲ့ တယောက် ဆိုတယောက်ပဲ ချစ်တတ်တယ်။ဒါပေမယ့် သူတို့ရင်ထဲ က ခံစားချက်ကိုတဖက်သူသိအောင်အထူးသဖြင့် ချစ်သူ သိအောင်ဖွင့်ထုတ် တဲ့နေရာမှာအတော်လေးအားနည်းတယ်။  မိန်းမ တွေ ကို ချဉ်းကပ်ဖို့ ကြိုးစားရာမှာလဲ တွန့်ဆုတ် တွန့်ဆုတ်နိုင်တယ်။  မြင်မြင်ချင်းအချစ်နဲ့ချစ်တတ်တယ်။အေသွေးပိုင်ရှင်အမျိုးသမီးများ ကတော့ သူ့ချစ်သူအကြောင်း တချိန်လုံး စဉ်းစားနေတတ်တယ်။အချစ်မရှိပဲ လိင်ကိစ္စ လုပ်တာ ကို စိတ်မ၀င်စားဖူး။ လွယ်လွယ်မချစ်တတ် ဘူး။ ချစ်မိရင်လည်း နက်နက်ရှိုင်းရှိုင်း ချစ်တတ်တယ်။ယုတ်စွ အဆုံး ကိုယ့်ရဲ့ချစ်သူ ဟာ အိမ်ထောင်သည် ဖြစ်နေရင်တောင် စွဲစွဲ မြဲမြဲ ချစ်တတ်တယ်။ ဒါပေမယ့် သစ္စာဖောက်ခံရရင်တော့ လက်စားချေတတ်ကြတယ်။

 

                                                           ဘီသွေး

 

   ဘီသွေးပိုင်ရှင်တွေဟာ အကောင်းမြင်တတ်တယ်။လိုက်လျောညီထွေဖြစ်အောင်နေတတ်တယ်။ သူတို့ဟာ တီထထွင်ဖန်တီး တတ်တယ်။ကိုယ့်ဒူးကိုယ်ချွန်သမားတွေ ဖြစ်တယ်။တခြားသူတွေ ဘယ်လိုထင်ထင် ဂရုမစိုက်တတ်ကြဘူး။အမျိုးသားများဟာ အမျိုးသမီးတွေ နဲ့ ဆက်ဆံတဲ့ အခါ ပွင့်လင်းတယ်။ရိုးသားတယ်။ဆွဲဆောင်မှုရှိတယ်။မျက်နှာများတယ်။အမျိုးသမီးများ ကတော့ အချစ်စိတ်ထက်သန်တတ်ကြပေမယ့်အလွယ်တကူ မပြတတ်ကြဘူးဆိုရှယ်မလေးတွေလည်းဖြစ်တယ်။ပွဲလမ်းသဘင်အထွက်များတယ်။

ကဗျာဆန်ချင်တယ်။ဒါကြောင့်သူတို့ ချစ်သူကဗျာမဆန်တဲ့အခါ စိတ်ပျက်လက်ပျက် ဖြစ်တတ်တယ်။သူတို့ဟာ ထိပ်ဆုံးမှာ အမြဲနေချင်ကြတယ်။

 

                                                       အေဘီသွေး

 

    အေဘီသွေး ပိုင်ရှင်တွေ ဟာ အေးတယ်။ခံစားချက်ကို ချုပ်တီးထားတတ်တယ်။ဆိုရှယ်ကျတယ်။ပေါ်ပြူလာဖြစ်တယ်။တခါတလေ ပျင်းတွဲတွဲနိုင်တယ်။ပြစ်တင်ဝေဖန်တတ်တယ်။ဆုံးဖြတ်ချက်ချတာ ဝေခွဲမရဖြစ်တတ်တယ်။သူတို့ကို ခန့်မှန်းလို့မရဘူး။ငွေရှာကောင်းတဲ့

သူတွေလည်းဖြစ်တယ်။တခါတလေမှာ မျက်နှာများတတ်တယ်။အမျိုးသားများ ကတော့ အရမ်းခံစားလွယ်တယ်။ချစ်တတ်တယ်။

အမျိုးသမီးတွေ နဲ့ အရောတ၀င်လိုက်လျောညီထွေနေဖို့ အရမ်းရှက်တတ်တယ်။အရမ်းကဗျာဆန်တယ်။သူ့ရဲ့ချစ်သူလောင်းကိုလည်း သူ့လိုပဲ ကဗျာ ဆန်မယ်လို့ မျှော်လင့်ထားတတ်တယ်။အမျိုးသမီးများ ကတော့ စိတ်ကူးယဉ်ဆန်လွန်းတယ်။အိမ်မက်နယ်က မလွတ်မြောက်တတ်ဘူး။သူတို့ရဲ့ချစ်သူလောင်းကို အလုပ်ကောင်းကောင်း၊လစာကောင်းကောင်း ရှိတဲ့သူမျိုးဖြစ်စေချင်တယ်။လွယ်လွယ်

နဲ့ အချစ်ကို လက်မခံချင်ကြဘူး။

 

                                                      အိုသွေး

 

   အိုသွေးပိုင်ရှင်တွေ ဟာ ရည်မှန်းချက်ကြီမားတယ်၊အားကစားဝါသနာပါတယ်။ကိုယ့်ကိုယ် ကို ယုံကြည်မှုရှိတယ်။ဒေါသကြီးတယ်။

လောင်းကစား မလုပ်တတ်ဘူး။ဝါသနာလည်းမပါကြဘူး။လောင်းကစားလုပ်ရမှာကိုကြောက်တတ်ကြတယ်။အားကားဘက်မှာ ထူးချွန်

တတ်ကြတယ်။အမျိုးသားများ က သူတို့ချစ်တဲ့ခံစားချက်ကို ရှက်ကြောက်လေ့မရှိဘဲဖော်ပြနိုင်တယ်။အချစ်ရေးမှာ အခက်အခဲ ကြုံရင်

လည်းမရမက နဲ့ထိုးဖောက်ဖြတ်ကျော်လေ့ရှိကြတယ်။လုပ်ငန်းခွင်တွင်းအချစ်ရေးကိုခုတုံးလုပ်ပြီး ရာထူးတိုးအောင်လုပ်တတ်ကြတယ်။

ငွေကြေးအတွက်လက်ထပ်တတ်ကြတယ်။ကိုယ့်ကိုယ် အရမ်းအထင်ကြီးတတ်ကြတယ်။First Impression ကောင်းအောင်နေတတ်ကြ

တယ်။ကဗျာဆန်သလိုလို ထင်ရပေမယ့် ကဗျာမဆန်ဘူး။အမျိုးသမီးများ ကတော့ သန့်စင်တယ်။ကဗျာဆန်တယ်။ခံစားချက်ပြင်းထန်

တယ်။မိခင်စိတ်ကြီးတယ်နောက်ပြီး သ၀န်သိုစိတ်ကြီးမားတယ်။အရာရာ ကို ငြီးငွေ့လွယ်တယ်။အသစ်အဆန်းမက်မောတယ်။

 

          သွေးအမျိုးအစားအလိုက် သင့်တော်လိုက်ဖက်ရွေးချယ်သင့်သူများ

 

   အေသွေး ပိုင်ရှင်ဟာ အေ နဲ့အေဘီ သွေးပိုင်ရှင်တွေ နဲ့လိုက်ဖက်မှုရှိတယ်။ဘီသွေးပိုင်ရှင်ဟာ ဘီ နဲ့ အေဘီသွေး ပိုင်ရှင်တွေ နဲ့လိုက်

ဖက်မှုရှိတယ်။အေဘီသွေးပိုင်ရှင်တွေ ကတော့ ဘယ်သွေး ပိုင်ရှင်နဲ့မဆို လိုက်ဖက်မှုရှိတယ်။အိုသွေးပိုင်ရှင် ကတော့ အိုသွေး နဲ့ အေဘီ

သွေးပိုင်ရှင် နဲ့လိုက်ဖက်မှုရှိတယ်။

ဆွေးနွေးခြင်း

on 01-01-0001 ပြောသည်။

ထင်မြင်ချက် ပေါင်းထည့်သည်။

ကျေးဇူးပြု၍login သို့မဟုတ်မှတ်ပုံတင်ခြင်း(register) ပြုလုပ်ပါ။
  • အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက် အပြည့်အစုံကို ကြည့်နိုင်ရန်
  • မိတ်ဆွေသူငယ်ချင်း အသစ်ရှာဖွေနိုင်ရန်
  • မှတ်ချက်ရေးသားနိုင်ရန်
  • ကိုယ်ရေးကိုယ်တာ Message ပေးပို့နိုင်ရန်
← Bye Bye......   Blog သို့ပြန်သွားသည်။   တစ်နှစ်မှာ 365 ရက်ပဲရှိလို့ ပါ… →
© 2013-2025 အခမဲ့ Video Chat Conferendo! ရပိုင်ခွင့်၊ အခွင့်အရေးအားလုံးကို သီးသန့်ထားရှိပါသည်။
ဘာသာပြန်ဆိုရာတွင် အမှားတွေ့ရှိသည်။ အကြောင်းကြားရန် ၊၎င်းအား mouse ဖြင့် select လုပ်ကာ Ctrl+Enter နှိပ်ပါ။