နေကြာစေ့ကို စားပေးတာကြောင့် ရရှိစေနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့ အများကြီးပါပဲ။ သွေးတွင် မကောင်းတဲ့ ကိုလက်စထရောကို လျောကျစေတာ၊ ရောင်ရမ်းမှုကို တားဆီးပေတာ၊ သွေးကြောတွေကို သန့်စင်စေတာ စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေတာကြောင့် အာဟာရရှိတဲ့ သရေစာ အဖြစ် စားပေးနိုင်တာ ဖြစ်ပါတယ်။ နေကြာစေ့ထဲမှာ ဘယ်လို ထူးကဲတဲ့ အာဟာရဓာတ်တွေ ပါဝင်တာကြောင့် ကျန်းမာရေနဲ့ ညီညွတ်ရသလဲ ဆိုတာကို သိနိုင်စေဖို့ နေကြာစေ့ထဲမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေနဲ့ သူတို့ရဲ့ ကျန်းမာရေး အာနသင်တွေကို ဖော်ပြပေးလိုက်ပါတယ်။
မပြည့်ဝဆီနှစ်မျိုး(Polyunsaturated and Monounsaturated Fats)
နေကြာစေ့ကြောင့် ကျန်းမာရေး အကျိုးကျေးဇူး ရရှိစေတာက သူ့မှာ ပါဝင်တဲ့ မပြည့်ဝဆီ နှစ်မျိုးဖြစ်တဲ့ Polyunsaturated နဲ့ Monounsaturated တို့ကြောင့် ဖြစ်ပါတယ်။ ဒီပါဝင်ပစ္စည်းတွေက သွေးလွှတ်ကြောတွေကို ပိတ်ဆို့မှု ကင်းဝေးစေတာ၊ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောနဲ့ တခြားအဆီတွေကို လျော့ကျစေတာ စတဲ့ နည်းအမျိုးမျိုး နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ နေကြာစေ့မှာ မပြည့်ဝဆီ ၉၀ ရာခိုင်နှုန်းကျော် ပါဝင်တာကြောင့် သွေးတွင်း ကောင်းတဲ့ အဆီကို တိုးမြင့်စေပါတယ်။
ဆီလီနီယမ်
နေကြာစေ့ထဲမှာ အရေးပါတဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်တဲ့ ဆီလီနီယမ်နဲ့ ဗီတာမင်အီးတို့ ပေါင်းစပ်ပါဝင်တာကြောင့် အင်တီအောက်ဆီးဒင့် အာနိသင်ကို တိုးမြင့်စေကာ ကင်ဆာဆဲလ်တွေရဲ့ ဖြစ်ပေါ်မှုကို ကာကွယ်တားဆီးပေးနိုင်ပြီး နှလုံးရောဂါ ဖြစ်ပေါ်မှုကို လျော့ကျစေပါတယ်။ ဆီလီနီယမ်ဟာ မျိုးဗီဇ DNA ကို ပြုပြင်ပေးပြီး ပျက်စီးနေတဲ့ ဆဲလ်တွေကို ကောင်းမွန်အောင် လုပ်ဆောင်ပေးပါတယ်။
ဗီတာမင် အီး
နေကြာစေ့မှာ ဗီတာမင် အီး များစွာ ပါဝင်နေပါတယ်။ ဗီတာမင် အီးဟာ ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို ကင်းဝေးစေပါတယ်။ ဖရီးရာယ်ဒီကယ် တွေဟာ နှလုံးသွေးကြော ကျဉ်းတာကို ကင်းဝေးစေပြီး နှလုံးရောဂါ အန္တရာယ်ကို လျော့ပါးစေပါတယ်။ နေကြာစေ့မှာ ပါဝင်တဲ့ ဗီတာမင် အီးဟာ အင်တီအောက်ဆီးဒင့် အာနိသင်ရှိပြီး သွေးမကျဲအောင်နဲ့ အနာကျက်အောင် ကူညီနိုင်ကာ သွေးလှည့်ပတ်မှုစနစ်ရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် နှလုံးရောဂါနဲ့ ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်တဲ့ အန္တရာယ်ကို လျော့ကျစေပါတယ်။ နေကြာစေ့ရဲ့ ရောင်ရမ်းမှု ကျစေတဲ့ အာနိသင်ဟာ အဆစ်ရောင်နာ ရောဂါလက္ခဏာတွေကို လျော့ကျစေပါတယ်။
ပရိုတင်းဓာတ်
နေကြာစေ့မှာ ပါဝင်တဲ့ ပရိုတင်းဓာတ်ဟာ ခန္ဓာကိုယ်ထဲမှာ အမိုင်နိုအက်စစ်ကို ထောက်ပံ့ပေးတာကြောင့် တစ်သျှူးတွေရဲ့ တည်ဆောက်မှု၊ ကြီးထွားမှု နဲ့ ပြုပြင်မှုတွေမှာ မရှိမဖြစ် အရေးပါနေပါတယ်။
ဖောလိတ်ဓာတ်
ဖောလစ်အက်စစ်လို့ ခေါ်ကြတဲ့ ဖောလိတ်ဓာတ်ဟာ ဗီတာမင်ဘီတစ်မျိုး ဖြစ်တာကြောင့် ကိုယ်ဝန်ဆောင် မိခင်တွေအတွက် မရှိမဖြစ် အရေးပါကာ သန္ဓေသားရဲ့ ကြီးထွား ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ ဆဲလ်အသစ်ကို ထုတ်လုပ်ရာမှာ ပါဝင်ကူညီနေပါတယ်။ ဖောလိတ်ဓာတ်နဲ့ ဗီတာမင်ဘီတွဲလ်တို့ အတူတူ ပေါင်းပြီး သွေးနီဥထဲမှာ ဟေမိုဂလိုဗင်ကို ဖြစ်စေပါတယ်။ ဖောလိတ်ဓာတ်ကို မှီဝဲတာက နှလုံးရောဂါ ဖြစ်နှုန်းကို လျော့ကျစေပါတယ်။
ကော်ဖီသောက်ခြင်းက အမျိုးသားများအတွက် ကျန်းမာရေးအထောက်အပံ့ဖြစ်လာနိုင်
ကော်ဖီသောက်ခြင်းက အမျိုးသားများအတွက် ကျန်းမာရေးအထောက်အပံ့ဖြစ်လာနိုင် © dailymail
ကော်ဖီသောက်ခြင်းသည် အမျိုးသားများအတွက် ကျန်းမာရေးဆိုင်ရာ ထောက်ပံ့မှုတစ်ခု ဖြစ်လာနိုင်ကြောင်း ပညာရှင်များက ပြောကြားခဲ့သည်။
ကော်ဖီသည် ဆီးကြိတ်ကင်ဆာဖြင့် အသက်အန္တရာယ် ဆုံးရှုံးနိုင်သော အခြေအနေကို သိသိသာသာ လျှော့ချပေးနိုင်ကြောင်း အမေရိကန် အမျိုးသား ငါးသောင်းကျော်ကို လေ့လာပြီးနောက် သုတေသီများကဆိုသည်။ တစ်နေ့လျင် ကော်ဖီ ခြောက်ခွက်နှင့်အထက် သောက်သော အမျိုးသားများသည် ဆီးကြိတ်ကင်ဆာ မျိုးကွဲအားလုံးတို့ ဖြစ်ပွားနိုင်ခြေ သာမန်ထက် ၂၀ ရာခိုင်နှုန်းမျှ လျော့နည်းနေတတ်ကြောင်း သိရသည်။
ထို့အပြင် ဆီးကြိတ်ကင်ဆာ ဖြစ်ပြီးပါကလည်း ကင်ဆာဆဲလ်များ ခန္ဓာကိုယ်အတွင်း ပျံ့နှံ့မှုကို ၆၀ ရာခိုင်နှုန်းမျှ လျော့နည်းစေသည်ဟု လေ့လာမှု စစ်တမ်းများက ဖော်ပြခဲ့သည်။ လက်တွေ့အရ ယခုရလဒ်ကို အမေရိကန် အမျိုးသား ကင်ဆာ ပညာရေးဌာနက အတည်ပြုခဲ့သော်လည်း အကြောင်းရင်းကို တိတိကျကျ မဖော်ထုတ်နိုင်သေးဟုဆိုသည်။
ပညာရှင်များက ဆီးကြိတ်ကင်ဆာကို ကြိုတင်ကာကွယ်နိုင်မည်ဆိုသော မျှော်လင့်ချက်ဖြင့် ကော်ဖီ အမြောက်အမြား ပုံမှန်သောက်ခြင်းကို မထောက်ခံကြောင်းလည်း ပြောကြားသွားသည်။
ဆီးကြိတ်ကင်ဆာ ပြင်းအားကို လျော့နည်းခြင်းသည် ကဖိန်းဓာတ်နှင့်လည်း မသက်ဆိုင်ဘဲ ကဖိန်းပါသော ကော်ဖီနှင့် ကဖိန်းထုတ်ထားသော ကော်ဖီ နှစ်မျိုးလုံးတွင် တူညီသော အာနိသင် ရှိနေသည်ဟု ဆီးကြိတ်ကင်ဆာ ရန်ပုံငွေအဖွဲ့မှ ဒေါက်တာဟာလန်ရစ်ပွန်က ရှင်းပြခဲ့သည်။
သူမက အဆိုပါ သက်ရောက်မှုသည် ကော်ဖီတွင် ပါဝင်နေသည့် အမည်မဖော်ပြနိုင်သေးသော ဓာတ်ပေါင်းတစ်ခုခုနှင့် ဆက်နွယ်နေခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုသွားခဲ့သည်။
အသားဓာတ် ဖြည်ထားတဲ့ အာလူး
အိန္ဒိယ သုတေသီများက မျိုးရိုး ဗီဇ ပြုပြင်သည့် နည်းကို သုံး၍ အသား ဓာတ် ၆၀ ရာခိုင်နှုန်း အထိ ပါဝင် သောအာလူးကိုဖန်တီး နိုင်ခဲ့ကြပြီ ဖြစ်ပါတယ်။ ထိုအာလူးတွင် အမိုင်နို အက်စစ်များလည်း ပိုမိုပါဝင်လာမှာ ဖြစ်ပါတယ်။ သုတေသီများဟာ Amaranth အမည်ရှိ အရသာ ကောင်းသော အသီးတစ်မျိုးမှ မျိုးရိုး ဗီဇကို ကူးယူဖန်တီးထားခြင်း ဖြစ်ပါ တယ်။ ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးပြီးနိုင်ငံ များမှာကော၊ ဖွံ့ဖြိုးဆဲနိုင်ငံများမှာပါ လူအများစု စားသုံးနေကြတဲ့ အစား အစာထဲမှာ အာလူးသည် အရေးကြီး သော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိ ကြောင်း၊ ဒါကြောင့် အာဟာရဓာတ် တန်ဖိုး ဖြည့်စွက်ထားသည့် အာလူး အခြေခံ အစားအစာများကို ထုတ်လုပ် ခြင်းအားဖြင့် လူသားတို့၏ ကျန်းမာ ရေးကို ပိုမိုကောင်း မွန်စေသော အကျိုး ကျေးဇူးရ ရှိနိုင်ပါကြောင်း သုတေသီ များက ပြောပါတယ်။ amaranth ဆိုတာ မြင့်မားပြီး အရွက်ဖားဖားများ ရှိသည့် အပင်တစ်မျိုးဖြစ်ကြောင်း၊ သေးငယ်သော အစေ့အဆန်လေးများ ကို ထုတ်လုပ် ပေးနိုင်ကြောင်း သိရပါ တယ်။
ဒီအစေ့ဟာ aztecs နှင့် စောစောပိုင်း အမေရိကန်ယဉ်ကျေးမှု တွင် အဓိကကျသော အစားအစာ တစ်ခုဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုတွင် ၁၉၈၀ ပြည့်နှစ်များ မှစ၍ နှံစားသီးနှံအဖြစ် စတင်စိုက်ပျိုး ခဲ့ကြောင်း သိရပါတယ်။ Amaranth Albumin 1 (ALA1) လို့ ခေါ်တဲ့ ဗီဇ သည် စိုက်ပျိုးရေးရှုထောင့်အရ အရေး ကြီးကြောင်း၊ ၎င်းဗီဇကြောင့် အစေ့ ထဲတွင် အသားဓာတ် ပါဝင်မှုများပြီး မရှိမဖြစ် အမိုင်နိုအက်စစ်များလည်း မြင့်မားစွာ ပါဝင် ရခြင်းဖြစ်ကြောင်း သိရပါတယ်။ အဲဒီ ဗီဇကို အာလူးအမျိုးအစား ၇ မျိုးထဲ တွင် ထည့်သွင်းပြီး ၂နှစ်ကြာ စိုက် ပျိုးခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီမျိုးပြောင်း ထားတဲ့ အာလူးအသစ်ထဲမှာ အသား ဓာတ် ၃၅ မှ ၆၀ ရာခိုင်နှုန်းအထိ ပိုမိုပါဝင် ပါတယ်။ အာလူးထဲတွင် အနည်းငယ် မျှသာ ပါလေ့ရှိတဲ့ အမိုင်နိုအက်စစ် အချို့လည်း မျိုးပြောင်းထားသော အာလူးထဲတွင် ပိုမိုများပြားစွာ ပါဝင် ပါတယ်။ ကြွက်နှင့် ယုန်များကို ကျွေး ကြည့်ရာ ဘေးထွက်ဆိုးကျိုးများ မရှိ ကြောင်း၊ ယနေ့ကမ္ဘာပေါ်တွင် အာလူး စားသုံးသူ သန်းတစ်ထောင်ကျော် ရှိကြောင်း သိရပါတယ်။
Ref: Medical News
သွေးကို မသုံးဘဲ မျက်ရည်ကိုသာ အသုံးပြုသည့် ဆီးချိုစစ်ဆေးသည့် ကိရိယာ တီထွင်
အမေရိကန် အင်ဂျင်နီယာများ သည် ဆီးချို စစ်ဆေးရာတွင် သွေးကို အသုံးမပြုဘဲ မျက်ရည်ကိုသာ အသုံးပြု သည့် ကိရိယာ တစ်မျိုးကို တီထွင်နိုင်ခဲ့ရာ လူနာများအတွက် နာကျင်မှုမှ သက်သာ စေတော့မည် ဖြစ်ကြောင်း မတ်လ ၂၁ ရက်နေ့ သတင်းများက ဖော်ပြသည်။ ယင်းကို အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ် တက္ကသိုလ်မှ အင်ဂျင်နီယာအဖွဲ့က သုတေသနပြုကာ တီထွင်ခဲ့ခြင်း ဖြစ်သည်။ ယင်းကို အမျိုးအစား ၁ နှင့် အမျိုးအစား-၂ ဆီးချိုရောဂါ လူနာ များအတွက် အသုံးပြုနိုင်မည် ဟု ဆိုသည်။ ယခင် အသုံးပြုနေသော ဆီးချိုစစ်ဆေး နည်းမှာ လက်ထိပ်များကို ဖောက်ရသော ကြောင့် လူနာကို နာကျင်မှု ဖြစ်ပေါ်စေ သည်။ သို့သော် ယင်းကိရိယာကို ဈေးကွက်သို့ မတင်မီ စမ်းသပ် စစ်ဆေးမှုများ စွာ ပြုလုပ်ရန် လိုသေးကြောင်း သိရသည်။
ဆေးသောက်ခြင်း၏ ဆိုးကျိုး ကြောက်သူ အမျိုးသားများ အတွက် ဗိုင်ရာဂရာကွန်ဒုံးကို တီထွင်ထုတ်လုပ်
အမျိုးသားများ ခံစားရလေ့ရှိသော ပန်းညှိုးရောဂါအတွက် အထောက်အကူပြု ပစ္စည်းတစ်ခု အဖြစ် ဗိုင်ရာဂရာကွန်ဒုံး (Viagra Condom) ဟု အမည်ပေးထားသော ကွန်ဒုံးတစ်မျိုးကို တီထွင်ထုတ်လုပ် လိုက်ပြီ ဖြစ်ကြောင်း Daily Mail သတင်းများ အရ သိရသည်။
ပန်းသေးပန်းညှိုးရောဂါများတွင် သောက်သုံးရသော ဗိုင်ရာဂရာခေါ် ဆေးအမည်ကို တင်စား၍ ဝေါဟာရပြုထားသော အဆိုပါ ကွန်ဒုံး၏ Gel တွင် သွေးလှည့်ပတ်မှု အထူး ကောင်းမွန်စေသော အာနိသင်ရှိသော ရင်ဘတ်အောင့် နှလုံးသွေးကြောပိတ်ရောဂါ (Angina) ကုသသည့် ဆေးတစ်မျိုး ပါရှိသည့်အတွက် စွမ်းရည်ပြည့်ဝသော အမျိုးသား သဘာဝကို ပိုမို ကြာရှည်ခံစွာ ရရှိနိုင်စေကြောင်း လက်တွေ့ စမ်းသပ်ချက်များ အရ သိရသည်။
ဤနည်းလမ်းသည် သောက်ဆေးမဟုတ်ဘဲ လိမ်းဆေးသဘောမျိုး ဆောင်သည့်အတွက် သောက်ဆေး၏ ဆိုးကျိုးများ ဖြစ်သော ခေါင်းကိုက်ခြင်း၊ သွေးပေါင် တက်/ ကျခြင်း၊ နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချိုရောဂါ ရှိသူများ သောက်သုံးရန် မသင့်ခြင်း စသည့် ဆိုးကျိုး အားနည်းချက်များ ကင်းဝေးသလို လိင်ဆက်ဆံရာ၌ ကွန်ဒုံး အသုံးပြုလိုစိတ် နည်းသူများ အတွက်လည်း ဆွဲဆောင်မှု တစ်မျိုး ဖြစ်စေကာ လိင်ဆက်ဆံခြင်းမှ တစ်ဆင့် ကူးစက်တတ်သော ရောဂါများ (STIs) ကူးစက်နှုန်း ကိုလည်း လျှော့ချပေးနိုင်မည်ဟု သိရသည်။
ဗိုင်ရာဂရာ ကွန်ဒုံးကို မော်ဒယ်လ် တစ်ဦးမှ ပြသနေစဉ်ထို့အတူ သန္ဓေတားလိုသူများ အတွက်လည်း အိမ်ထောင်ရေး အထောက်အကူ ရရှိစေမှုဖြင့်လည်း ဆွဲဆောင်နိုင်ရန် မျှော်လင့်ထားကြောင်း၊ ထိုဆေးပါသော ဂျယ်လ်သည် ပုံမှန်ဂျယ်လ်များနှင့် မကွဲပြားဘဲ ကွန်ဒုံး၏ ကြံ့ခိုင်မှုကို မထိခိုက်သည့် အတွက် ကွန်ဒုံး စုတ်ပြဲသွားမည်ကို မစိုးရိမ်ရကြောင်း၊ ကွန်ဒုံးသုံးသည့်အတွက် တောင့်တင်းမှု ထိခိုက်ခြင်း ကြုံတွေ့နေသူများ အတွက်လည်း အဖြေတစ်ခု ဖြစ်လာမည် ဖြစ်ကြောင်း၊ သို့သော် ကွန်ဒုံး ဖြစ်နေ၍ အသုံးပြုရန် လုံလောက်သော အတန်ငယ်တောင့်တင်းမှုမျိုးတော့ ရှိနေရန် လိုအပ်ကြောင်း၊ ဗိုင်ရာဂရာ ဆေးကဲ့သို့ ပန်းလုံးဝသေနေသူများ အတွက်တော့ အသုံးဝင်မည် မဟုတ်ဘဲ ပန်းညှိုးနေသူများနှင့် ဆန္ဒ မပြည့်ဝသူများ အတွက်သာ အသုံးဝင်မည် ဖြစ်ကြောင်း တီထွင်သူဖြစ်သည့် ဗြိတိန်နိုင်ငံရှိ Future Medical ကုမ္ပဏီမှ ဂျိမ်းစ်ဘာဒါက သူ၏ တီထွင်မှုနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
လူအများ သုံးစွဲရန် သင့်တော်ကြောင်း စစ်ဆေး အတည်ပြုမှုများ ရရှိပြီးသည်နှင့် ယခုနှစ်အတွင်း ဗြိတိန်ပြည်တွင်း ဈေးကွက်၌ စတင်ရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည်။
အရက်သမားများအတွက် အဆင်ပြေစေမည့် ကွန်ဒုံးတစ်မျိုး တီထွင်
အရက်သမားများအတွက် အဆင်ပြေစေမည့် ကွန်ဒုံးတစ်မျိုး တီထွင် © dailymail
အမေရိကန်မှ လက်သမားဟောင်း တစ်ဦးသည် အရက်သမားများအတွက် အဆင်ပြေစေမည့် ကွန်ဒုံးတစ်မျိုးကို တီထွင်လိုက်ပြီး အောင်မြင်မှုများ ရနေကြောင်း သိရသည်။
မီယာမီတွင် နေထိုင်သော ဗျူသွမ်ဆင်က ဝတ်ဆင်ရာတွင် အဆင်ပြေ ခိုင်ခံ့စေမည့် သိုင်းချည်ထောက်ပံ့ပေးသော ကွန်ဒုံးတစ်မျိုးကို ဒီဇိုင်းထုတ် ရောင်းချလျက်ရှိသည်။ ၎င်းက ယင်းကွန်ဒုံးအား ကိုယ်တွေ့ အခက်အခဲနှင့်ယှဉ်ပြီး တီထွင်ခဲ့ခြင်းဟု ရှင်းပြခဲ့သည်။
Metroနှင့် အင်တာဗျူးတွင် သွမ်ဆင်က အရက်မူးနေသူ တစ်ဦးအနေနှင့် လိင်ဆက်ဆံမည်ဆိုလျင် ကွန်ဒုံးစွပ်ရန် အလွန်ခက်ခဲကြောင်း ပြောဆိုခဲ့သည်။ မှောင်နှင့်မည်းမည်း ဖြစ်နေချိန်တွင် ပိုဆိုးကြောင်း၊ မိမိလည်း ယင်းသို့ကြုံဖူးပြီး ကွန်ဒုံးစွပ်ရန် ပြူတင်းပေါက်ကိုဖွင့်ကာ လမ်းမီးရောင်၏ အကူအညီကို ယူခဲ့ရကြောင်း၊ သို့သော်လည်း မည်သည့်အရာကိုမျှ ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရကြောင်း အမှတ်တရ ပြောဆိုခဲ့သည်။
ထိုဖြစ်ရပ်ကို နမူနာယူပြီး ကွန်ဒုံးဒီဇိုင်းသစ် တစ်ခုကို တီထွင်ခဲ့ကြောင်း၊ အရက်မူးခြင်းနှင့် မှောင်မိုက်ခြင်းကြားတွင် ဒုက္ခများနေသူများကို ယခုကွန်ဒုံးက အကောင်းဆုံး ကူညီနိုင်မည်ဖြစ်ကြောင်း သွမ်ဆင်က ကြွေးကြော်သွားသည်။ ၎င်းသည် အဆိုပါ ကွန်ဒုံးမျိုး အခု ၂ သန်းကျော်ကို အမေရိကန် တဝှမ်းသို့ တင်ပို့ရောင်းချခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အမျိုးသမီးတို့ အရိုးကျန်းမာရေး
အမျိုးသမီးများတွက် အတွက် အရေးကြီးသော ကျန်းမာရေး များထဲတွင် အရွယ်မရွေး သတိပြုကြရမည်မှာ အရိုးများသန်စွမ်းရေးဖြစ်သည်။ လစဉ်ဓမ္မတာ ကိစ္စများသည် အသက်အရွယ် ရလာသည်နှင့် အမျှ အရိုး၏ဖွဲ့ စည်းမှုကို တစ်စစ ခြိမ်းခြောက် လာကြမည်ဖြစ်သည်။ ကျန်းမာရေးအသိ ရှိရှိဖြင့် မိမိကိုယ် ကို ကာကွယ်စောင့် ရှောက်လိုသူများအတွက် အကျိုးများစေရန် အရိုးကျန်းမာရေးအတွက် အစားအစာနှင့် ကျန်းမာရေးဆောင်းပါးကို ဖော်ပြပေးလိုက်ပါသည်။
သန်မာသောအရိုး အတွက် နို့ တစ်ခွက်
အမျိုးသမီးများ အနေ ဖြင့် အပျိုဖော်ဝင်ချိန်မှ အသက် ၅၀အထိနောက်ပိုင်းကာလများအထိ တစ်နေ့ လျှင်သန်စွမ်းသော အရိုးများအတွက်လိုအပ်သော ထုံးဓါတ် (calcium)ပမာဏ မှာ 1000 မိလီဂ၇မ် အသက်၅၀ကျော် နှောင်းပိုင်းများတွင်တော့ ၁၂၀၀ မိလီဂ၇မ် နေ့ စဉ်လို အပ်ပါသည်။မိမိနှင့် သင့် တော်ရာ နို့  ကို ပုံမှန်သုံးဆောင်ပါ။ နို့ ဖန်ခွက်တစ်ခွက်သည် 300 မိလီဂ၇မ် ထုံးဓါတ် (calcium)ပမာဏနှင့် ညီမျှပါသည်။
ဒိန်ချဉ်နှင့် ဒိန်ခဲ
နို့  ထွက်ပစ္စည်းများဖြစ်သော ဒိန်ချဉ်နှင့် ဒိန်ခဲများသည်လည်း ထုံးဓါတ် (calcium)ပမာဏ ကို နို့  သုံးဆောင်ရန်အခက်အခဲရှိသူများ အဆင်ပြေစေပါသည်။
အစိမ်းရောင်နှင့် ထုံးဓါတ် (calcium)
နို့ မကြိုက်သူများအတွက် မုန်ညင်းဖူးများ၊ ဂေါ်ဖီထုတ်များကို ချက်ပြုတ်ထားသော တရုတ်ထမင်းစားပန်းကန်လုံး တစ်လုံးသည် 200 မိလီဂ၇မ် ထုံးဓါတ် (calcium)ပမာဏနှင့် ညီမျှပါသည်။
အရိုးကို သန်မာ သိပ်သည်းကြံ့ ခိုင်စေသော ပဲပိစပ်နှင့် တို့ ဟူး
ပြုပြင်စီမံထားသော တို့ ဟူးပန်းကန်လုံးတစ်ဝက် (သို့ ) တို့ ဟူးတို့ တွင် 258 မိလီဂ၇မ် ထုံးဓါတ် (calcium)ပမာဏနှင့် ညီမျှပါသည်။အမျိုးသမီးများတွင်အဖြစ်များသော အရိုးပွရောဂါကို ထိရောက်စွာ ကာကွယ်နိုင်ပါသသည်။
ဆားလျှော့စားပြီး ထုံးဓါတ် (calcium)ပမာဏဆုံးရှုံးခြင်းကို ကာကွယ်ပါ။
ဆားအလွန်အကျွံစားသုံး ခြင်းသည် ဆီးသွားသောအခါ ကယ်လ်စီယမ် ပမာဏ တော်များများကို ဆုံးရှုံးသွားစေပါသည်။
နေရောင်ခြည်နှင့် အရိုးများ ဆက်စပ်မှု
နေရောင်ခြည်က စားလို့ တော့မရပါဘူး၊ဒါပေမယ့် နေရောင်ခြည်က လှုံဆော်ပေးလိုက်တဲ့ ဗိုက်တာမင်ဒီ များက အစားအစာများမှ ကယ်လ်စီယမ်စုပ်ယူမှုကို အထောက်အကူများစွာ ဖြစ်စေပါသည်။
အလေးချိန် အတန်အသင့် ကို ထိန်းသိမ်းကစားရသော အားကစားများကို အရိုးသန်မာ မှုအတွက်အသုံးချပါ။
အရိုးများကို အထောက်အကူ ပြုစေသော အားကစားများတွင် လမ်းအမြန်လျှောက်ခြင်း၊ တင်းနစ် ၊ ယောဂနှင့် ကခုန်ခြင်းများသည် အရိုးများသန်မာ မှုအတွက်များစွာ အထောက်အကူ ဖြစ်စေသည်။
Probe by : လွယ်အိတ်
သင့် ဟမ်းဖုန်းကြောင့် သင့်ကို ကျန်းမာရေး ပြဿနာ ဖြစ်စေနိုင် သလား
လေ့လာမှုအသစ်တွေအရ Cell Phone ကို အချိန်များများ အသုံးပြုသူ (တစ်နေ့ကို မိနစ် ၃၀ ဒါမှမဟုတ် ဒါထက် အချိန်ပိုများသူ) တွေရဲ့ ဦးနှောက် ကင်ဆာ ဖြစ်နိုင်ခြေ မြင့်မားမှု ဆက်စပ်တယ်လို့ တွေ့ရှိခဲ့ ပါတယ်။ အမျိုးသား ကျန်းမာရေး အဖွဲ့မှ နောက်ဆုံး လေ့လာမှု အသစ်အရ Cell Phone Antenna မှ ထွက်လာတဲ့ Electromagnetic ရောင်ခြည်တွေကြောင့် Cell Phone နဲ့ နီးစပ်တဲ့ ၀န်းကျင်မှာ ဦးနှောက် ဂလူးကို့စ်တွေ မြင့်တက် လာတယ်လို့ တွေ့ရှိ ခဲ့ပါတယ်။ အဲဒါကြောင့် ကျန်းမာရေးမှာ ဘာထိခိုက်မှု ရှိတယ် ဆိုတဲ့ ပြဿနာကို တော့ မသိသေးပါဘူး လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် ဓာတ်ရောင်ခြည် နဲ့ ထိတွေ့မှု နည်းအောင် သိပ္ပံပညာရှင်တွေ က အောက်ပါ အတိုင်း အကြံ ပေးထား ကြပါတယ်။
*စကားပြောစဉ်မှာ Cell Phone နဲ့ တိုက်ရိုက် ထိတွေ့မှု မရှိအောင် ရှောင်ပါ။
စပီကာဖုန်း ဒါမှမဟုတ် Hand Free ၀ိုင်ယာကို အသုံးပြုပါ။ ၀ိုင်ယာမဲ့ Bluetooth တွေ အနေနဲ့ ဓာတ်ရောင်ခြည်ကို လျှော့ချ နိုင်ပေမယ့် ဓာတ်ရောင်ခြည်ကို တော့ မဖယ်ရှား နိုင်ပါဘူး။
*ဖုန်းပေါ်မှ အချက်ပြဘား (Bar) ကို လိုက်နာပါ။