စိတ်၏ အကွာအဝေး....

09-07-2011 တွင် တင်ထားသည်။ pothi
စိတ်အခြေအနေ: .

စိတ်၏ အကွာအဝေး

 တစ်နေ့တွင် ဆရာက ကျောင်းသားများကို "လူတွေက ဘာဖြစ်လို့ ဒေါသထွက်တဲ့
အချိန်မှာ အော်ပြီး ပြောကြတာလဲ" ဟု မေးလေသည်။ ကျောင်းသားများက
အချိန်အကြာကြီး စဉ်းစားနေကြသည်။ ကျောင်းသားတစ်ယောက်က "စိတ်တည်ငြိမ်မှုတွေ
ပျောက်ကုန်လို့ အော်တာပါ ဆရာ" ဟု ဖြေသည်။ ဆရာက "ဒါပေမဲ့ တစ်ဘက်လူက
ကိုယ့်ဘေးမှာ ရှိနေတာကို အေးအေးဆေးဆေး ပြောလို့ရပါလျှက်နဲ့ ဘာလို့
အော်ပြောကြတာလဲ" ဟု ပြန်မေးသည်။ ကျောင်းသားများက တစ်ယောက်တစ်ပေါက်
ဖြေကြသည်။ သို့သော် ကျေနပ်သော အဖြေကို ဆရာ မရခဲ့ပါ။

နောက်ဆုံးတွင် ဆရာက ရှင်းပြသည်။ "လူနှစ်ယောက် စိတ်တို ဒေါသထွက်နေတဲ့
အချိန်မှာ သူတို့နှစ်ယောက်ရဲ့ စိတ်ဟာ အရမ်းကွာဝေးနေတယ်။ အဲဒီဝေးနေတဲ့
အကွာအဝေးကြောင့် အော်မှ ကြားနိုင်မယ်ထင်ပြီး အော်ကြတယ်။ အော်လေလေ
ဒေါသပိုထွက်လေလေ၊ ဒေါသထွက်လေလေ စိတ်ရဲ့ အကွာအဝေးဟာ ဝေးလေလေ၊
စိတ်ကွာဝေးလေလေ အော်ကြလေလေပဲ" ဆရာက ဆက်ပြီး.... "လူနှစ်ယောက်
သမီးရည်းစားဖြစ်နေတဲ့ အချိန်မှာ ဘယ်လိုဖြစ်တတ်ကြလဲ သိလား... အခုလို့
ဒေါသထွက်နေတဲ့ အချိန်နဲ့ ဆန့်ကျင်ဖက်ပေါ့။ ဘာကြောင့်လဲဆိုတော့
ရည်းစားဖြစ်နေသူ နှစ်ယောက်ရဲ့ စိတ်တွေက အရမ်းနီးနေတယ်။
စိတ်တစ်ခုနဲ့တစ်ခုဟာ ထပ်တူနီးနီးကျနေတယ်။ အဲဒါကြောင့် ရည်းစားဖြစ်နေသူ
နှစ်ယောက်ဟာ စကားပြောတဲ့အချိန်မှာ တီးတိုးတီးတိုးပဲ ပြောကြတယ်။
အဲဒါကြောင့် စိတ်အကွာအဝေး နီးလေလေ၊ ပိုချစ်ကြလေလေ။ နောက်ဆုံး
စကားပြောစရာတောင် မလိုတော့ဘဲ အမှုအရာချင်း၊ မျက်လုံးချင်း အချစ်တွေကို
ဖလှယ်ကြတယ်။ အဲဒီအချိန်မှာ သူတို့နှစ်ယောက်ရဲ့ စိတ်အကွာအဝေးဆိုတာ
လုံးလုံး မရှိတော့ဘူး။ တစ်ထပ်တည်းကျသွားပြီ" "လူနှစ်ယောက် ငြင်းခုံ၊
ရန်ဖြစ်နေတဲ့အချိန် စိတ်တွေကို မကွာဝေးစေနဲ့။ စိတ်ကွာဝေးစေတဲ့ စကားမျိုး
မပြောသင့်ဘူး။ စိတ်တွေပြေကြမှ စိတ်ရဲ့ကွာဝေးမှု မရှိတော့မှ ပြဿနာကို
ပြေပြေလည်လည် ဆွေးနွေးကြပေါ့" ဟု ဆရာက နောက်ဆုံး ရှင်းပြခဲ့သည်။

ဆွေးနွေးခြင်း

on 01-01-0001 ပြောသည်။

ထင်မြင်ချက် ပေါင်းထည့်သည်။

ကျေးဇူးပြု၍login သို့မဟုတ်မှတ်ပုံတင်ခြင်း(register) ပြုလုပ်ပါ။
  • အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက် အပြည့်အစုံကို ကြည့်နိုင်ရန်
  • မိတ်ဆွေသူငယ်ချင်း အသစ်ရှာဖွေနိုင်ရန်
  • မှတ်ချက်ရေးသားနိုင်ရန်
  • ကိုယ်ရေးကိုယ်တာ Message ပေးပို့နိုင်ရန်
← ခါးပေါ်က အဆီပိုတစ်လက်မရဲ့ အန္တရာ…   Blog သို့ပြန်သွားသည်။   How to love oneself →
© 2013-2025 အခမဲ့ Video Chat Conferendo! ရပိုင်ခွင့်၊ အခွင့်အရေးအားလုံးကို သီးသန့်ထားရှိပါသည်။
ဘာသာပြန်ဆိုရာတွင် အမှားတွေ့ရှိသည်။ အကြောင်းကြားရန် ၊၎င်းအား mouse ဖြင့် select လုပ်ကာ Ctrl+Enter နှိပ်ပါ။