ကျွန်တော်ရဲ့ ၂၀၀၉ သီတင်းကျွတ်
07-10-2009 တွင် တင်ထားသည်။
phoaung008
ကျွန်တော်အသက်က ၃၁ အမျိုးသမီးက ၂၂ ။ လမ်းထွက်ရင်လဲး ဦးလေးလို့ အခေါ်ခံရပြီ။ ဒါကိုတော့ ဘဝင်မကျလှ။ ၂၃နှစ် အိမ်ထောင်ကျစကတည်းက အမျိုးသမီက ခေါ်ပုံလဲကြည့်ပါအုံး ဦးအိုက်ဟိုင်း...တဲ့ဗျာ ကြည့်ပါအုံး။
ဈေးဝယ်သွားလို့ ဈေးဆိုင်တန်းက ကောင်မကလေးတွေက ဘာယူမလဲ ဦးလေးလို့မေးရင် သံပုရာသီးကို တင်းတောင်းနဲ့ချီပြီးစားထားတဲ့ ဘီလူးကြီးရဲ့ မျက်နှာမျိုးနဲ့ ပြန်ကြည့်။
စကားပြောချိန်ရတဲ့အချိန်ဆိုရင် ကောင်မကလေးတွေ ဟဲ့ကောင်မကလေးတွေ နင်တို့တော်တော်တောကျတယ် ရန်ကုန်လိုနေရာမျိုးဆိုရင် ဘယ်လောက်အသက်ကြီးကြီး အကိုကြီးလို့ပဲ ခေါ်တာ နောက်တစ်ခါ ဦးလေးကြီးလို့ခေါ်ရင် နင်တို့ဆိုင်မှာ ငါမဝယ်ဘူးဘာညာလို့ ပြောခဲ့သေးတာ။
အခုလဲကြည့် ဘေးအိမ်က အပျိုပေါက်စ တူမအ၈ွယ်က အမျိုးသမီးဆီသီားပြီး
မကျုံးနှင်း ပိုက်ဆံ ၃၀၀လောက်ချေးစမ်းပါ ခဏနေကျရင်ပြန်ဆပ်မယ်။
အောင်မယ်အောင်မယ် လုပ်ပုံက ကြည့်ပါအုံး သေချာလှခြည်လား။
ဘာလုပ်မလို့တုန်း
၃၀၀နဲ့ YESSချိုချင်တစ်ထုပ်မယ် ပြီးရင် ဦးအိုက်ဟိုင်းကိုသွားပြီး ကန်တော့မယ်။
လူကြီးဆိုတော့ နှစ်ရာသုံးရာတော့ပေးမှာမဟုက်ဘူး။
ငါးရးပေးရင် သုံးရာ ပြန်ဆပ်မယ်လေ။
တွက်ရေးကတော့ ဟုက်နေတာပဲ။
လူကြီးကို ကန်တော့တာ အခွင့်အရေးတွေရဘို့ဆိုတာလောက်ပဲ လူတွေ လူငယ်တွေ အထင်မှားကုန်ကြပြီ။
တော်သေးတာပေါ့ လာမကန်တော့ဖြစ်တာ။
မဟုက်ရင်တော့ yessချိုချင်ထုပ်ဘိုးပါ၈ှုံးသွားနိုင်တယ်။