လပြည့်ညမှာကြွေတဲ့ကြယ်
04-10-2009 တွင် တင်ထားသည်။
mylove001
အထိးကျန်မှောင်မိုက်နေတဲ့
ငါ့ဘ၀ရဲ့ညတွေမှာ
လမ်းတွေကပျောက်လို့
အလွမ်းတွေကသာအရောက်လာနေခဲ့တယ်........။
အဖော်ဝေးနေတဲ့ ငါ့ကိုလေ
ကြယ်အပေါင်းဝန်းရံခနေတဲ့ လမင်းကတော့
ထက်ကောင်းကင်ကနေ
သရော်လှောင်ပြောင်နေလေရဲ့
အော်လပြည့်ညတဲ့..........
လမင်းကိုမျှော်ငေးရင်း လွမ်းနေရမှာလား
အဝေးကိုမျှော်မှန်းရင်း ဆွေးနေရမှာလား
အနာဂါတ်ကိုမျှော် တွေးရင်း ဝေးနေရမှာလား........။
မရေရာတဲ့ငါ့ဘ၀မှာ
သေချာတာကတော့
ငါမင်းကိုချစ်တယ် ဆိုတာပါပဲ........။
(လမင်းသစ်)