အထီးကျန်လွမ်းချင်း
19-09-2009 တွင် တင်ထားသည်။
mylove001
Tags:ဒီကဗျာကိုရေးတဲ့သူက ကျွန်တော့သူငယ်ချင်းကောင်မလေးတစ်ယောက်ပါ.......
ညတစ်ညရဲ့ကောင်းကင်မှာ
ကြယ်ကလေးတွေ ဖြာနေတာပေါ့
ငါ့စိတ်ကကော သူတို့လိုကြည်သာရဲ့လား ။ ။
မိုးလေကင်းလို့ တိမ်စိုင်ခဲလေးတွေက
လမင်းလေးကို အဖော်ပြုနေချိန်မှာ
ငါ့ကို အဖော်ပြုမယ့်သူကော ရှိရဲ့လား ။ ။
လေနုအေးလေးက ပြေပြေလေးတိုက်ပြီး
သစ်ရွက်လေးကို ကျီစယ်နေချိန်မှာ
ငါ့ကို ကျီစယ်မဲ့ သူကကော ဘယ်နေရာမှာလဲ . . .
မင်းစဉ်းစားပေးပါ . . .
အထီးကျန်နေတဲ့ ငါ့ဘ၀ကို
မင်းကိုယ်ချင်းစာကြည့်ပေးပါလား ။ ။
ကဗျာရေးပြီးပို့ပေးတဲ့သူငယ်ချင်းမကိုယ်စား(လမင်းသစ်)