ကိုင်းကလေးရဲ့..စေတနာ
12-06-2009 တွင် တင်ထားသည်။
moechitthu_tgo
အချစ်ငှက်ကလေး
ပြန်လေဝေး ဟု
နှင်လည်းမထုတ်
သည်ကိုင်းလေးမှာ
မင်းပျော်သလောက်
နားနေလှည့်ပါ
ကာလရှည်ကြာ
ငြီးငွေ.လာတော့
ဒီရင်ခွင်မှ
ဖယ်ခွာပြန်ပြေး
လိုရာအရပ်
ခရီးနှင်ပါ
နာကျည်းကြေကွဲ
ဝမ်းနည်းခြင်းတွေ
ဒီကိုင်းကလေးမှာ
ထားရစ်ခဲ့ပါ
အကျည်းတန်လေးကတော့
အထီးကျန်စွာနေရစ်ခဲ့ရင်း
ကြေကွဲရုံသာ
မတားပါဘူးငှက်ကလေးရယ်။။။