Blog of mmppl RSS Available

သွားနေတယ်....နာရီလက်တံ ရပ်နေတယ်......လမ်းဟောင်းလေးမှာ စောင့်နေတယ်..လာမလားလို့ ကြားနေတယ်...အရင်နာမည်လေး လွမ်းနေတယ်...ရင်ခုန်သံလေး ဆွေးနေတယ်....အမြန်လာ အချစ်လေး(တိမ်မိုးညို)

(ခေါင်းစဉ်မရှိပါ)

01-01-0001 တွင် တင်ထားသည်။

ဆောင်းပါးဖတ်သည်။   ထင်မြင်ချက် ပေါင်းထည့်သည်။

ချစ်မိသူအတွက်..........ချစ်ရသူ သို့..

12-03-2011 တွင် တင်ထားသည်။ mmppl
စိတ်အခြေအနေ: :O.

ချစ်မိသူအတွက်..........ချစ်ရသူ   သို့..

ရပ်နေတဲ့ ငါ့နှလုံးသား
နင် လာလှုပ်နှိုးလိုက်တယ်
အခု ငါ့နှလုံးသားလေးလည်း အသက်ဝင်ခဲ့ပေါ့..

မှောင်မိုက်နေတဲ့ ငါ့မျက်ဝန်းထဲ
နင်ယူဆောင်လာတဲ့ မီးအိမ်လေးကြောင့်
ငါ့ဘဝ ထွန်းလင်းလာခဲ့တယ်

ပူလောင်ခြောက်သွေ့နေတဲ့ ငါ့ကိုလည်း
အေးမြနွေးထွေးတဲ့ နင့်စကားသံလေးတွေနဲ့
ငါ့ကမ္ဘာလေးကို စိုပြည်လာအောင် နင်ဖန်ဆင်းခဲ့တယ်..

တစုံတရာကြောင့် ငါ့စိတ်တွေမွန်းကျပ်တဲ့အခါတိုင်း
တည်ငြိမ်စွာနဲ့ မျှဝေခံစားပေးတတ်တဲ့နင့်ကို
ငါ အချိန်တိုင်း တမ်းတတတ်လာခဲ့ပြီပေါ့..

အခုချိန်မှာ နင့်ကိုငါ ပြောခွင့်ရမယ်ဆိုရင်
နင့်ရဲ့အချစ်တွေအားလုံးကို
ငါ့ကို အပိုင်ပေးပါလို့ ပြောလိုက်မိမှာပါ

ဒီစာလေးကို ဖတ်မိပြီးတဲ့အခါ
နင့်တယောက်ထဲအတွက် ရည်ရွယ်ပြီးရေးခဲ့တယ်ဆိုတာ
နင့်ကို သိစေချင်လိုက်တာကွာ..

ငါ နင့်ကို ချစ်နေမိပြီဆိုတာ
နင်မသိသေးသ၍တော့
ဒီလိုစာလေးတွေကိုသာ
ငါ ဆက်ရေးနေမိမှာ အသေအချာပါပဲ့....ချစ်သူ


တိမ်မိုးညို(ကိုယ်တိုင်ခံစားမှု)Smile

ဆောင်းပါးဖတ်သည်။   ထင်မြင်ချက် ပေါင်းထည့်သည်။

ဓါတ်ပုံများ

ခေါင်းစဉ်မရှိ။
0
တိမ်မိုးညို
0

အမှတ်အသားများ (Tags)

နောက်ဆုံး ထင်မြင်ချက်များ

© 2013-2024 အခမဲ့ Video Chat Conferendo! ရပိုင်ခွင့်၊ အခွင့်အရေးအားလုံးကို သီးသန့်ထားရှိပါသည်။
ဘာသာပြန်ဆိုရာတွင် အမှားတွေ့ရှိသည်။ အကြောင်းကြားရန် ၊၎င်းအား mouse ဖြင့် select လုပ်ကာ Ctrl+Enter နှိပ်ပါ။