အသိပညာ Vs အတတ်ပညာ

07-08-2009 တွင် တင်ထားသည်။ linyongshein
စိတ်အခြေအနေ: နှာစီးနေတယ်ဗျို့ (နေမကောင်းဖြစ်တော့မယ်).
Tags:ကွာဟချက်လေးတစ်ခုပါ

တစ်ခါက နာမည်ကြီး တက္ကသိုလ်မှ ဆရာတစ်ဦးသည် ချောင်ကျသော ရွာတစ်ရွာသို့
သွားရောက် လည်ပတ်ခဲ့သည်။ ရွာသို့ရောက်သော် လှေတစ်စီးငှားပြီး မြစ်တစ်လျှောက် လည်ပတ်ခဲ့သည်။ လှေစတင်ထွက်သောအခါ ဆရာက လှေသမားအား......

" ခင္ဗ်ား သခ်ာၤေဗဒတတ္သလား"

" ကျွန်တော် မတတ်ပါဘူး"

"ရူပဗေဒ တတ်သလား"

"ဒါလဲ မတတ်ပါဘူး"

"ဒါဆိုရင် ခင်ဗျား ကွန်ပြူတာသုံးတတ်သလား"

"စိတ်မကောင်းပါဘူး...ဒါလဲ ကျွန်တော်မတတ်ပါဘူး"

ထိုအခါ ဆရာမှာ ခေါင်းခါပြီး

"သချာင်္မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၂ပုံကို ခင်ဗျားဆုံးရှုံးမယ်"

"ရူပဗေဒ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်"

"ကွန်ပြူတာ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်..ခင်ဗျားရဲ့ ဘ၀၆ပုံ၎ပုံဟာ ဆုံးရှုံးသွားပြီပဲ"

ထိုခဏအတွင်း ရာသီဥတု ပြောင်းပြီး ကောင်းကင်တွင် တိမ်ညိုများ တက်လာသည်။
မကြာမီ မိုးသက်လေပြင်း ကျရောက်တော့မည်။

ထိုအခါ လှေသမားက ဆရာအား " ခင်ဗျား ရေကူးတတ်သလား" ဟုမေးလိုက်သည်။ ဆရာက ခဏမျှ ဆွံအပြီး

"ကျွန်တော် မကူးတတ်ဘူး။ တစ်ခါမှ မသင်ဖူးဘူး"  ဟုပြန်ဖြေလေသည်။

လှေသမားမှာ ခေါင်းကိုသွင်သွင် ရမ်းပြီး..

" ဒါဆိုရင် အခုချိန်မှာ ခင်ဗျားရဲ့ဘ၀ ၆ပုံစလုံးဟာ ဆုံးရှုံးရတော့မယ်"  ဟု

ပြန်ဖြေခဲ့သည်။

လူတယောက်ဟာ ကိုယ့်ရဲ့ အဆင့်အတန်း ကိုယ့်ရဲ့ စံချိန်နဲ့အခြားလူတစ်ယောက်ကို သွားတိုင်းတာလို့ မရပါဘူး။ ပုံပြင်ထဲမှာ ဆရာဟာ ပညာရှင်တစ်ဦးပါ။ သူ့ဘ၀မှာသချာင်္၊ ရူပ၊ ကွန်ပြူတာ ပညာတွေသာ
အရေးကြီးတယ်လို့ ထင်နေသူပါ။ ဒီပညာတွေသာ မတတ်ရင် လူ့ဘ၀ဟာအဓိပ္ပါယ်မဲ့ပြီလို့ ထင်နေသူပါ။ (ဒါဟာ ပညာရှင်တွေရဲ့ အယူအဆပါ။)
လှေသမားအတွက်ကတော့ သူ့အတွက် ဒီပညာ မတတ်လဲ ဘာမှမဖြစ်ဘူး။ အရေးကြီးတာက
သူ့အတွက် "ရှင်သန်" ဖို့ အားအင်တွေ ရှိနေဖို့ပဲ။ ဒါပေမယ့် အရေးကြုံလာတဲ့အချိန်မှာ ဆရာတတ်ထားတဲ့ ပညာဟာ ဘာမှ အသုံးမ၀င်ခဲ့ဘူး။ လှေမှောက်သွားရင်ရေကူးတတ်တဲ့ လူသာ အသက်ရှင်ခွင့်ရမှာပါ။

ဒ့ါကြောင့်

  •   တစ်ပါးသူကို အထင်မသေးပါနဲ့။
  • "ငါ"ဆိုတဲ့ ကိုယ့်စံနူန်းနဲ့ အမှားအမှန်ကို မခွဲခြားပါနဲ့။
  • ဟိုလူမှာ ထီထွင်ဥာဏ်မရှိဘူး ဒါပေမဲ့ သူဟာ ရိုးသားတယ် မကောင်းတာကိုမကြံစည်တတ်ဘူး။
  • ဒီလူဟာ အပြောအဆို မတတ်ဘူး။ ဒါပေမဲ့ သူဟာ အလုပ်ကိုကြိုးစားတယ်။ ဖြောင့်မတ်တယ်။ မခိုမကပ်ဘူး။

ငါရဲ့ "အရည်အချင်း" သူ့မှာမရှိသလို သူ့ရဲ့ "အရည်အချင်း"လဲ ငါ့မှာ မရှိဘူး ဆိုတာကို ဘယ်တော့မှ မမေ့ပါနဲ့။

ာရေးသူအမည်မသိပါ..သိရှိပါကဖေါ်ပြပေးပါမည်။

                                                      လင်းရောင်ရှိန်

ဆွေးနွေးခြင်း

on 01-01-0001 ပြောသည်။
thidange on 29-11-2009 ပြောသည်။
007usanshar:
စာမတက်လို့ အညာတက်ပြီး ထညှက်ရောင်းမိတဲ့ငါ့အဖြစ်ပါ။ အဲဒီစာရေးသူငါလို့ နင်မထင်မိဘူးလားဟင်...... ဘယ်ထင်မလဲ ငါစာမတက်လို့ ကမ္ဘာပတ်ပြီးတော့ ပြန်လာတာ သူတို့လက်ဆောင်ထဲ့ပေးလိုက်တဲ့ အနုမြူထိပ်ဖူးလေးကို နှုတ်ခမ်းနီတောင့်ဆိုပြီးယူလာမိတာလည်းငါ့အပြစ်ပါ။ ဘယ်ထင်မလဲ ငါလေ H2o ကို ရေသန့်စင်မှုနည်းတယ်ဆိုပြီး H7o လို့လုပ်ခဲ့မိလို့ သောက်တဲ့သူတွေ အူပြတ်ပြီးသေကုန်တာလည်းငါ့အပြစ်ပါ။ ငါလေဆုံးရှုးမှုတွေများခဲ့လွန်းလို့ ဒီစာကိုရေးမိခဲ့တာပါ။ ဟဲဟဲဟဲ ကောင်းတယ်မဟုတ်လား ကျွန်နုပ်ဆိုလျှင်ကောလူ့ဘ၀မှာ ဘယ်လောက်ဆုံးရှုံးနိုင်လဲဟင်။

ha ha ha..............................

linyongshein on 22-11-2009 ပြောသည်။

အားလုံးနဲ့ မတွေ့ရတာ တော်တော်ကြာပြီနော်

aungpyae09 on 03-09-2009 ပြောသည်။

ကောင်းကြာပါတယ် ကဗျာကအရမ်းကိုကောင်းပါတယ် အဒေါ်ရယ်

linyongshein on 12-08-2009 ပြောသည်။

အနော်ကလည်း အပျော်နောက်တာပါနော်

007usanshar on 11-08-2009 ပြောသည်။

မေတ္တာထားတယ်တကယ့်ပါဘဲ၊ကရုနာထားတယ်အဟုတ်ပါဘဲ-----( သီချင်းဆိုတာ)

ချမ်းသာပေးကြပါဗျာ။ ကျွန်ုပ်ကပျော်အောင်လို့နောက်နေတာပါ။

 

linyongshein on 11-08-2009 ပြောသည်။
ကဲ ကြားကြတဲ့အတိုင်းပဲနော်။ ဒီလိုတော်တဲ့ ဂျိန်းစ်ကြောင်ကိုတွေ့ရင် bloggerများအားလုံး ၀ိုင်းရိုက်နိုင်ပါတယ်လို့ အနော်နှိုးဆော်အပ်ပါသည်။ (ဖြေးဖြေးတော့ မဆော်နိုင်ဘူး။ နှိုးပြီးတော့ကို ဆော်မှာ )
007usanshar on 07-08-2009 ပြောသည်။
စာမတက်လို့ အညာတက်ပြီး ထညှက်ရောင်းမိတဲ့ငါ့အဖြစ်ပါ။ အဲဒီစာရေးသူငါလို့ နင်မထင်မိဘူးလားဟင်...... ဘယ်ထင်မလဲ ငါစာမတက်လို့ ကမ္ဘာပတ်ပြီးတော့ ပြန်လာတာ သူတို့လက်ဆောင်ထဲ့ပေးလိုက်တဲ့ အနုမြူထိပ်ဖူးလေးကို နှုတ်ခမ်းနီတောင့်ဆိုပြီးယူလာမိတာလည်းငါ့အပြစ်ပါ။ ဘယ်ထင်မလဲ ငါလေ H2o ကို ရေသန့်စင်မှုနည်းတယ်ဆိုပြီး H7o လို့လုပ်ခဲ့မိလို့ သောက်တဲ့သူတွေ အူပြတ်ပြီးသေကုန်တာလည်းငါ့အပြစ်ပါ။ ငါလေဆုံးရှုးမှုတွေများခဲ့လွန်းလို့ ဒီစာကိုရေးမိခဲ့တာပါ။ ဟဲဟဲဟဲ ကောင်းတယ်မဟုတ်လား ကျွန်နုပ်ဆိုလျှင်ကောလူ့ဘ၀မှာ ဘယ်လောက်ဆုံးရှုံးနိုင်လဲဟင်။

ထင်မြင်ချက် ပေါင်းထည့်သည်။

ကျေးဇူးပြု၍login သို့မဟုတ်မှတ်ပုံတင်ခြင်း(register) ပြုလုပ်ပါ။
  • အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက် အပြည့်အစုံကို ကြည့်နိုင်ရန်
  • မိတ်ဆွေသူငယ်ချင်း အသစ်ရှာဖွေနိုင်ရန်
  • မှတ်ချက်ရေးသားနိုင်ရန်
  • ကိုယ်ရေးကိုယ်တာ Message ပေးပို့နိုင်ရန်
← တကယ်လို့ ကိုယ့်ချစ်သူက တခြားကေ…   Blog သို့ပြန်သွားသည်။   လင်းရောင်ရှိန်ပြန်လာပြီ !!!!!… →
© 2013-2025 အခမဲ့ Video Chat Conferendo! ရပိုင်ခွင့်၊ အခွင့်အရေးအားလုံးကို သီးသန့်ထားရှိပါသည်။
ဘာသာပြန်ဆိုရာတွင် အမှားတွေ့ရှိသည်။ အကြောင်းကြားရန် ၊၎င်းအား mouse ဖြင့် select လုပ်ကာ Ctrl+Enter နှိပ်ပါ။