ဒေါ်အောင်ဆန်းစုကြည်နှင့် ဂမ်ဘာရီ ယနေ့တွေ့ဆုံ အန်အယ်လ်ဒီခေါင်းဆောင်ပိုင်းနှင့် ဂမ်ဘာရီ ဆွေးနွေးနေဆဲ

02-02-2009 တွင် တင်ထားသည်။ kyawthuaung1983

 

NEJ/ ၂ ဖေဖော်ဝါရီ ၂၀၀၉
ခေတ်ပြိုင်သတင်းဌာန
     

မြန်မာနိုင်ငံရောက်ရှိနေသည့် ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ရန်ကုန်မြို့ အစိုးရဧည့်ဂေဟာ၌ တွေ့ဆုံဖြစ်ကြောင်း ရန်ကုန်အေပီသတင်းတွင် ဖော်ပြထားသည်။

ဆွေးနွေးသည့်အကြောင်းအရာ အသေးစိတ်ကိုမူ မသိရသေးပေ။ ထို့အတူ အန်အယ်လ်ဒီခေါင်းဆောင်ပိုင်းနှင့် မစ္စတာ ဂမ်ဘာရီတို့ ယနေ့မနက် (၁၀) နာရီမှစ၍ တွေ့ဆုံနေကြောင်း အန်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက အတည်ပြုပြောဆိုသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီခေါင်းဆောင်ပိုင်းတို့အား မစ္စတာဂမ်ဘာရီက သီးခြားစီ တွေ့ဆုံခဲ့သည် သို့မဟုတ် တပြိုင်တည်းတွေ့ဆုံသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ယခုတခေါက် မစ္စတာဂမ်ဘာရီ၏ ခရီးစဉ်သည် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေး၊ ကျဆင်းနေသည့် မြန်မာ့စီးပွားရေးကိစ္စ ဆွေးနွေးရေးအပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖတို့ ဆွေးနွေးဖြစ်အောင် တွန်းအားပေးရေး ကိစ္စတို့က အဓိကဖြစ်ကြောင်း အမည်မဖော်လိုသည့် သံတမန်တဦးက မစ္စတာဂမ်ဘာရီ၏ ပြောကြားချက်ကို ကိုးကား ပြောဆိုသည်။

ဆွေးနွေးခြင်း

on 01-01-0001 ပြောသည်။

ထင်မြင်ချက် ပေါင်းထည့်သည်။

ကျေးဇူးပြု၍login သို့မဟုတ်မှတ်ပုံတင်ခြင်း(register) ပြုလုပ်ပါ။
  • အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက် အပြည့်အစုံကို ကြည့်နိုင်ရန်
  • မိတ်ဆွေသူငယ်ချင်း အသစ်ရှာဖွေနိုင်ရန်
  • မှတ်ချက်ရေးသားနိုင်ရန်
  • ကိုယ်ရေးကိုယ်တာ Message ပေးပို့နိုင်ရန်
← Myanmar MP3 Songs   Blog သို့ပြန်သွားသည်။
© 2013-2025 အခမဲ့ Video Chat Conferendo! ရပိုင်ခွင့်၊ အခွင့်အရေးအားလုံးကို သီးသန့်ထားရှိပါသည်။
ဘာသာပြန်ဆိုရာတွင် အမှားတွေ့ရှိသည်။ အကြောင်းကြားရန် ၊၎င်းအား mouse ဖြင့် select လုပ်ကာ Ctrl+Enter နှိပ်ပါ။