သတိပေးနိုးဆော်ချက်
19-09-2008 တွင် တင်ထားသည်။
kyawthuaung1983
Tags:ပြည်တွင်းသတင်း

မြန်မာကို တင်ပို့သည့် တရုတ်လုပ် စော်ခန်းနှင့် ရာစီလီ နို့မှုန့်၊ ကလေးတွေ သေစေနိုင်
DPA/ ၁၈ စက်တင်ဘာ ၂၀၀၈။ ။
နို့ထွက်ပစ္စည်းများတွင် ဘေးအန္တရာယ်ဖြစ်စေတတ်သော ဓာတုဗေဒစ္စည်းများအသုံးပြုကြောင်း စစ်ဆေးတွေ့ရှိထားသည့် တရုတ်ကုမ္ပဏီ (၂) ခုသည် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အပါအ၀င် နိုင်ငံ (၅) နိုင်ငံသို့ ကလေးနို့မှုန့်များ တင်ပို့ကြောင်း တရုတ်အစိုးရက ယမန်နေ့က ပြောကြားသည်။
တရုတ်ကုမ္ပဏီ (၂) ခုဖြစ်သည့် စော်ခန်း (Suokang) နှင့် ရာစီလီ (Yashili) တို့သည် ယီမင်၊ ဘူရန်ဒီနှင့် ဂါဘွန်နိုင်ငံတို့မှ ၎င်းတို့တင်ပို့ထားသည့် နို့မှုန့်များကို စတင်၍ ပြန်လည်သိမ်းယူနေ ပြီဖြစ်သည်ဟု တရုတ်နိုင်ငံ အရည်အသွေး ကြီးကြပ်စစ်ဆေးရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်ရေးဌာန (AQSIQ ) အကြီးအကဲ လီချန်ကျန်းက ပြောသည်။
နိုင်ငံခြားသို့ တင်ပို့သည့် ရာစီလီနို့မှုန့် နမူနာကို ကျွမ်းကျင်သူများက စစ်ဆေးရာတွင် မယ်လမင်း ဓာတ်မတွေ့ရှိရဟု အစောပိုင်း သတင်းထုတ်ပြန်ချက်များတွင် ဖော်ပြသည်။ စော်ခန်းကုမ္ပဏီ သည် တရုတ်နိုင်ငံ အရှေ့ဖျားရှိ ချင်းတောင်းမြို့တွင် အခြေစိုက်ပြီး ရာစီလီကုမ္ပဏီသည် တောင်ပိုင်း ကွမ်တုံပြည်နယ်၌ တည်ရှိသည်။
ယင်းကုမ္ပဏီ (၂) ခုသည် နို့မှုန့်ထုတ်လုပ်ရာတွင် ဘေးအန္တရာယ်ဖြစ်စေသည့် မယ်လမင်းဓာတ် များ အသုံးပြုကြောင်း တရုတ်အစိုးရက ရှာဖွေစစ်ဆေးတွေ့ရှိထားသည့် ကုမ္ပဏီ (၂၂) ခုတွင် ပါဝင်သည်။
မယ်လမင်း ပါဝင်သည့် နို့မှုန့်ကြောင့် ကလေး (၃) ဦး သေဆုံးပြီး (၁၅၈) ဦး ကျောက်ကပ်တွင် စိုးရိမ်ဖွယ်ရာပြဿနာဖြစ်ပွားနေကာ အရွယ်မရောက်သေးသည့် ကလေးငယ်ပေါင်း (၆, ၂၄၄) ဦးတို့ နာမကျန်းဖြစ်နေသည်ဟု တရုတ်ကျန်းမာရေးဌာန တာဝန်ရှိသူတို့က ယမန်နေ့က ပြာကြားသည်။
တရုတ်နိုင်ငံ မြောက်ပိုင်း ဟေဘီပြည်နယ်ရှိ လူ (၄) ဦးတို့ကို မယ်လမင်းအဆိပ် အတောက် ဖြစ်စေမှုနှင့် ဆက်စပ်၍ ရဲက တရားစွဲထားပြီး (၂၂) ဦးကို ဖမ်းဆီးထိန်းသိမ်းထားသည်ဟု တရုတ် အစိုးရပိုင် မီဒီယာများတွင် ဖော်ပြသည်။