(ခေါင်းစဉ်မရှိပါ)
01-01-0001 တွင် တင်ထားသည်။
ဆောင်းပါးဖတ်သည်။
ထင်မြင်ချက် ပေါင်းထည့်သည်။
ရခိုင်သမိုင်းသုတေသီ ရမ္မာဝတီ ပညာစာရ စစ်တွေတွင် ဖမ်းဆီး ထိန်းသိမ်းခံ
08-08-2010 တွင် တင်ထားသည်။
kyaukphru
Tags:သတင်း
7/27/2010
ရခိုင်သမိုင်း သုတေသီ ရမ္မာဝတီ ဦးပညာစာရကို ယမန်နေ့က အာဏာပိုင်များက စစ်တွေတွင် ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း သတင်းရရှိသည်။
အမည်မဖေါ်လိုသူ ရဟန်းတပါးက “ သူ့ရဲ့ကျောင်းမှာ အကျိုးဆောင် လုပ်နေတဲ့ မာတေဇာ အန်ဂျီအိုက တာဝန်ရှိသူ တချို့နဲ့ ပြဿနာ ဖြစ်ရာကနေ စွဲချက်အမျိုးမျိုးနဲ့ တိုင်းတာကြောင့် မနေ့က အရှင် ပညာစာရကို ရဲက လာရောက် ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။ အခုသူ့ကို စစ်တွေ အမှတ် (၁) ရဲစခန်းမှာ ဖမ်းဆီး ချုပ်နှောင်ထားပါတယ်” ဟု ပြောသည်။
ဦးပညာစာရသည် ရခိုင်သမိုင်းသုတေသီ တဦးဖြစ်သည့် အပြင် စစ်တွေမြို့ အာကျိတ်တော်ကုန်းတွင် တည်ရှိသော မဟာမုနိ ဗုဒ္ဓ၀ိဟာ မိဖမဲ့ ကလေး ဂေဟာကျောင်း၏ ဦးစီးနာယက ဆရာတော်လည်း ဖြစ်သည်။
“ဦးပညာစာရအား မာတေဇာ အန်ဂျီအိုက လူတွေက စွပ်စွဲ တရားစွဲဆိုတဲ့ နေရာမှာ မာတုကာမတွေနဲ့ ဖေါက်ပြန် တယ်ဆိုတဲ့ စွဲချက်တွေလည်း ပါတယ်လို့ ကြားရပါတယ်။ ပီးတော့ တခြား ကျောင်းကိစ္စ တွေ၊ ငွေကြေးကိစ္စတွေလည်း ပါဝင်တယ်လို့ ကြားရပါတယ်။ အချင်းချင်း မပြေလည်ရာကနေ ခုလိုထိ ဖြစ်သွားရတာ ဖြစ်ပါတယ်” ဟု အဆိုပါ ရဟန်းက ဆက်လက် ပြောကြားသည်။
ဦးပညာစာရအား တရားစွဲဆိုသူမှာ မာတေဇာ အန်ဂျီအိုမှ အကျိုးဆောင် ကျောင်းကော်မီတီ တာဝန်ခံ ဦးအောင်ဝင်းကျော် ဖြစ်ကြောင်း သိရသည်။
တခြားစစ်တွေမြို့မှ လူကြီး တဦးကလည်း “ ဦးပညာစာရကို မနေ့က ဖမ်းသွားတယ်လို့ သိရပါတယ်။ ခုလို ရဟန်းတော် တပါးကို ဖမ်းဆီးတဲ့နေရာမှာ သက်ဆိုင်ရာ မြို့နယ် သံဃာ့နာက အဖွဲ့က ခွင့်ပြုချက်ပါတယ် - မပါဘူး ဆိုတာတော့ မသိရသေးဘူး။ တိုင်ကြားတာနဲ့ အဖွဲ့ပေါင်းစုံက သွားရောက် ဖမ်းဆီးတာ ဖြစ်တယ်လို့ သိရပါတယ်။ အခြေအနေက ဘယ်လို ဖြစ်လာမလဲ ဆိုတာတော့ ဒီကနေ့ ညနေထိ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ဦးပညာစာရ ဖွင့်လှစ်ထားသော မိဘမဲ့ ကလေးဂေဟာတွင် ကျောင်းသား ၁၀၀ နီးပါးခန့်ရှိပြီး အဆိုပါ ကျောင်းသားများအတွက် မာတေဇာ အန်ဂျီအိုမှ လာရောက် အကျိုးဆောင်ပေးနေကြောင်း သိရသည်။
ယခုအခါ ဦးပညာစာရအား လူဝတ်လဲလိုက်ပြီလား၊ မလဲဘဲ ချုပ်နှောင်ထားသလားဆိုတာ သဲသဲကွဲကွဲ မသိရသေးကြောင်း စစ်တွေမြို့မှ ပေးပို့သော သတင်းတွင် ဖေါ်ပြထားသည်။
: ----------------------------------- ----------------------------------- ----------------------------------- :
(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)
ဆောင်းပါးဖတ်သည်။
ထင်မြင်ချက် ပေါင်းထည့်သည်။
Prominent Historian Monk Arrested in Sittwe
08-08-2010 တွင် တင်ထားသည်။
kyaukphru
Tags:သတင်း
Sittwe: Burmese military authorities on Tuesday arrested prominent Arakanese historian monk Ramar Waddy U Pyinya Sara in Sittwe, the capital of Arakan State, on accusations that he abused Buddhist religious principles, said another monk from Sittwe.
Speaking to Narinjara over the phone, the monk who wished to remain anonymous said, "A combined force of police and officials from the religious department arrested him at his monastery in Sittwe on the morning of Tuesday on accusations of breaking religious principles."
U Pyinya Sara is a well known Arakanese historian as well as a leading abbot of the Buddha Vihara Mahamuni orphanage, where more than 100 orphans live and receive an education.
"I went to police station No. 1 to inquire about his arrest but the police official could not provide me with the real facts of his arrest. I was unable to see him at the police station as the authorities are not detaining him there," said the monk.
The authority brought him to an unknown location in Sittwe after his arrest.
A trustee in the monastery said, "The authority told us the reason for his arrest is that he was living with a woman against the religious law. But I do not believe the accusations of the authority and strongly believe his arrest was related to politics."
As U Pyinya Sara is a respected historian, he always reveals the history of Arakan through articles published in journals and magazines. The authority, however, sees this as behavior against solidarity of the union.
It was learned that residents of Sittwe are eager to know the reason behind the arrest of U Pyinya Sara after reports of his arrest began spreading in the city.
----------
Narinjara News
ဆောင်းပါးဖတ်သည်။
ထင်မြင်ချက် ပေါင်းထည့်သည်။
ရခိုင်သမိုင်းသုတေသီ ဆရာတော် ချုပ်နှောင်ခံရ (ဒီဗွီဘီ)
08-08-2010 တွင် တင်ထားသည်။
kyaukphru
Tags:သတင်း
ဆောင်းပါးဖတ်သည်။
ထင်မြင်ချက် ပေါင်းထည့်သည်။
အစားအသောက် သုံးဆောင်ရန် ငြင်းပယ်နေသဖြင့် ရမ္မာဝတီ အရှင်ပညာစာရ အခြေအနေ စိုးရိမ်ရ
08-08-2010 တွင် တင်ထားသည်။
kyaukphru
Tags:သတင်း
7/31/2010
ဖမ်းဆီးချိန်မှ စတင်ပြီး အစားအသောက် သုံးဆောင်ရန် ငြင်းပယ်နေသဖြင့် ရခိုင်သမိုင်း သုတေသီ အရှင်ပညာစာရ၏ အခြေအနေမှာ စိုးရိမ်ဖွယ်ရာ အဆင့်သို့ ရောက်ရှိနေကြောင်း သတင်းရရှိသည်။
အမည်မဖေါ်လိုသူ လူကြီး တဦးက “ ဆရာတော်ရဲ့ အခြေအနေက စိုးရိမ်ရတဲ့ အနေအထားကို ရောက်ရှိနေတယ်လို့ အတွင်း သတင်းအရ သိရပါတယ်။ အခု ဆရာတော်ဟာ အစားအစာ မသုံး ဆောင်တာ ၅ ရက်ခန့် ရှိနေပြီ ဖြစ်တဲ့ အတွက် အားအင်တွေ အထူး ကုန်ခန်းနေပြီး အသက် အန္တရာယ်ကို ထိခိုက်နိုင်တဲ့ အထိ အခြေအနေ ဆိုးရွားနေတယ်လို့ သိရပါတယ်” ဟု ပြောသည်။
ဆရာတော် အရှင် ပညာစာရအား နအဖ စစ်အာဏာပိုင်များက စွဲချက် အမျိုးမျိုးဖြင့် လွန်ခဲ့သော ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ဆရာတော် သတင်းသုံးနေရာ စစ်တွေ အာကျိတ်တောင် ကုန်းရှိ မဟာမုနိ ဗုဒ္ဓ၀ိဟာရမှ ဒုတိုင်းမှူး တင်လိုင်ကိုယ်တိုင် ဦးဆောင်ပြီး ၀င်ရောက်ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးခံရသည့် အချိန်မှ စတင်ပြီး ဆရာတော်မှာ အစားအသောက် သုံးဆောင်ရန် ငြင်းပယ် နေခြင်း ဖြစ်ကြောင်း သူက ပြောသည်။
“ ဆရာတော်ကို အ၀တ်တထည် ကိုယ်တခုနဲ့ ပစ်ထားပြီး ဆဲဆိုတာတွေ ရိုက်နက်တာတွေ ရှိတယ်လို့လည်း ကြားရပါတယ်။ အမျိုးမျိုးစွပ်စွဲချက်တွေနဲ့ ကိုယ်ထိ လက်ရောက်စော်ကားပြီး အကြိမ်ကြိမ် စစ်ဆေးမေးမြန်းမူတွေ ပြုလုပ်တယ်လို့ သိရပါတယ်။ ဆရာတော်ဟာ ဘာမှ ပြန်မပြောတဲ့ အပြင် အစားအသောက် သုံးဆောင်ရန်လည်း ငြင်းပယ်ထားတယ်လို့ သိရ ပါတယ်။”
ဆရာတော် အရှင် ပညာစာရအား ဖမ်းဆီးစဉ်က ပြည်နယ်၊ မြို့နယ် အဆင့် သံဃာ့ မဟာနာယက ဆရာတော်ကြီးများ၏ ခွင့်ပြုချက်ကို မယူသည့် အပြင် ဖမ်းဆီးရာတွင်လည်း သမရိုးကျ မဟုတ်ဘဲ ဒုတိုင်းမှူး ကိုယ်တိုင် ဦးဆောင် ဖမ်းဆီးသဖြင့် ဖမ်းဆီးခံရခြင်း နောက်ကွယ်တွင် လျို့ဝှက် နက်နဲသော အခြေအနေများ ရှိနိုင်ကြောင်း စစ်တွေတွင် လေ့လာသုံးသပ်သူများက ပြောဆို နေကြသည်။
၎င်းပြင် စစ်အာဏာပိုင်များသည် ဆရာတော်အား ဖမ်းဆီးပြီးနောက် ဆရာတော် စာကြည့်တိုက်မှ ဆရာတော် နှစ်ပေါင်းများစွာ စုဆောင်း သိမ်းဆည်းထားသော ရှေးဟောင်း ရခိုင်ယဉ်ကျေးမူ အမွေအနှစ် ပစ္စည်း မြောက်မြားစွာကို သိမ်းဆည်း ယူဆောင် သွားခဲ့သည်ဟု သိရသည်။
ထိုအထဲတွင် ရခိုင်ရှေးဟောင်း ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးများ၊ ရှေးဟောင်း ဘုရားများ၊ ပေစာ- ပရပိုက်စာ အပါအ၀င် တန်ဖိုးရှိ ပစ္စည်းများအားလုံးကို တစုံတရာ မှတ်တမ်းမှတ်ရာ မပြုစုဘဲ အားလုံးကို သိမ်းကျုံး ယူငင်သွားခဲ့သည်။
၎င်းပြင် ဆရာတော်နှင့် ပတ်သက်ပြီး တမင် သိက္ခာကျစေရန် သတင်းမျိုးစုံကို လူထု အကြားတွင် ရည်ရွယ်ချက် ရှိရှိဖြင့် ဖြန့်ဖြူးနေကြောင်း သိရသည်။
စစ်တွေမှ အမျိုးသမီး တဦးကလည်း “ ခုဒီသတင်းက စစ်တွေမှာ လူပြောအများဆုံး သတင်း တခု ဖြစ်နေပါတယ်။ ဆရာတော်မှာ မိန်းမရှိတယ်။ ကလေးတွေကို သတ်ပီး မြုပ်ထားတယ်။ ငွေတွေကို ကိုယ်ကျိုးအတွက် သုံးတယ်။ နိုင်ငံခြားဒေါ်လာတွေ ရတယ်။ နိုင်ငံရေး လုပ်တယ်။ မျိုးစုံပါဘဲ။ ဘယ်သူမှ တိတိကျကျ မပြောနိုင်ပါဘူး။ ခုလို စွပ်စွဲတဲ့ အပေါ် ယုံတဲ့ လူတွေရှိသလို မယုံကြည်တဲ့ လူတွေလည်း ရှိပါတယ်။” ဟု ပြောသည်။
ဆရာတော်အား တိုင်းတန်းရာတွင် မာဇေဒါ အန်ဂျီအိုမှ ဦးအောင်ဝင်းကျော်နှင့် ဘုန်းကြီးကျောင်းတွင် နေထိုင်နေသည့် မမာလာဆိုသည့် အမျိုးသမီးတို့ ပါဝင်ပြီး တိုင်ကြားသည်နှင့် တစုံတရာ စစ်ဆေး မေးမြန်းမူများ မရှိဘဲ စစ်အာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းခဲ့သဖြင့် ယခု ဖမ်းဆီးမူအပေါ် တမင်အကွက်ချ စီစဉ်ခြင်း ဖြစ်နိုင်ကြောင်း လေ့လာသူများက သုံးသပ် ပြောဆိုသည်။
: ----------------------------------- ----------------------------------- ----------------------------------- :
(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)
ဆောင်းပါးဖတ်သည်။
ထင်မြင်ချက် ပေါင်းထည့်သည်။
Arrested Monk Refuses to Eat
08-08-2010 တွင် တင်ထားသည်။
kyaukphru
Tags:သတင်း
8/2/201
Sittwe: Ashion Pyinya Sara, an Arakanese historian monk who was arrested by military authorities on allegations of impropriety, has refused to eat since 27 July, when authorities detained him in Sittwe, the capital of Arakan State, reported a town elder. He said, "I heard through an inside police source that Ashion Pyinya Sara has refused to take food since he was arrested by authorities. He is now in serious condition due to not eating for a long time." 57-year-old Ashion Pyinya Sara is being detained at Sittwe No. 1 police station for interrogation, without any formal remand from the court. "There are many reports that he has been tortured severely by authorities during the interrogation. Since he was arrested, he has been brought to the interrogation cell several times where authorities questioned and tortured him. However, he has remained silent and not offered any information," the source said. U Pyinya Sara is a well known Arakanese historian as well as a leading abbot of the Buddha Vihara Mahamuni orphanage in suburban Sittwe, where more than 100 orphans live and receive an education. The military authority arrested him on charges that he was living with a woman against religious law, that he has been involved in politics, and that he buried many children in the orphanage compound without notifying authorities. According to a local source, the authority arrested the monk soon after some officials from the NGO Martayzar, which provides food and educational support for children and women, complained to the military authority in Sittwe. One analyst in Sittwe said, "The arrest of U Pyinya Sara is a little strange and different because the army's second commander of the Western Command himself participated in the arrest along with many soldiers. The allegations and arrest are not an army concern, but army officials were still involved in the arrest. It shows what authorities wanted to arrest him." The army authority also seized many precious ancient antiques from the library of the orphanage, including ancient silver and gold Arakanese coins, Buddha statues, and palm-leaf inscriptions that have been collected by Ashion Pyinya Sara over the years. Ashion Pyinya Sara is a respected historian who often revealed the history of Arakan through articles published in journals and magazines. The authority, however, sees this as behavior against the solidarity of the union. It was learned that some Sittwe residents believe the authorities' accusations against Ashion Pyinya Sara, but others believe the charges are baseless.
ဆောင်းပါးဖတ်သည်။
ထင်မြင်ချက် ပေါင်းထည့်သည်။
ဗုဒ္ဓ၀ိဟာရမှ ကလေးများကို နယ်ဝေး ပို့ဆောင်ရေး အစီအစဉ်ကို တားမြစ်ရန် စစ်တွေရှိ လူမူ အဖွဲ့အစည်းများ အစည်းအဝေးလုပ်
08-08-2010 တွင် တင်ထားသည်။
kyaukphru
Tags:သတင်း
8/1/2010
ရမ္မာဝတီ အရှင်ပညာစာရအား ဖမ်းဆီး လူဝတ်လဲပြီးနောက် မဟာမုနိ ဗုဒ္ဓ၀ိဟာရမှ မိဘမဲ့ကလေး ၁၀၀ ကျော်ထဲမှ ၅၀ ကို ရန်ကုန်နှင့် မန္တလေးသို့ ပို့ဆောင်ရန် အစိုးရ အာဏာပိုင်များက စီစဉ်နေသဖြင့် အဆိုပါ ကလေးများ ကိစ္စကို ဆွေးနွေးရန် စစ်တွေမြို့ရှိ သာရေး နာရေး အသင်းများမှ အစည်းအဝေး တစ်ခုကို ယနေ့တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။
အစည်းအဝေးကို တက်ရောက်နားထောင်ခဲ့သူ တဦးက “ အဓိကတော့ ကလေး ၅၀ ကို လူမူ ၀န်ထမ်းဌာက ရန်ကုန်တိုင်း မှော်ဘီနဲ့ မန္တလေးတိုင်းကို ပို့မယ် ဆိုပီး စီစဉ်နေတာကို တားမြစ်နိုင်အောင် အစည်းအဝေး လုပ်ကြတာ ဖြစ်ပါတယ်။ ကလေးတွေကို ခုလို နယ်ဝေး ဒေသတွေကို ပို့တာဟာ မသင့်တော်တဲ့ အတွက် စစ်တွေက သာရေးနာရေး အသင်းတွေက ခေါင်းဆောင်တွေ တက်ရောက်ပီး ကလေးတွေကို အဲဒီကျောင်းတိုက်မှာဘဲ ဖြစ်ဖြစ် တခြား နေရာတခုမှာဘဲ ဖြစ်ဖြစ် ထားနိုင်အောင် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်” ဟု ပြောသည်။
အစည်းအဝေးကို ယနေ့ နေ့လည် ၁ နာရီက အရှင် ပညာစာရ သီတင်းသုံးခဲ့သော မဟာမုနိ ဗုဒ္ဓ၀ိဟာရ ကျောင်းတွင် ပြုလုပ်ခဲ့ပြီး လူပေါင်း ၅၀ ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
“ဆွေးနွေးပွဲမှာတော့ ကလေးတွေကို မပြောင်းရွှေ့နိုင်ရေး အတွက် ၀ိုင်းဝန်းပြီး ပူးပေါင်း ဆောင်ရွက်သွားဖို့ ဆွေးနွေးကြပါတယ်။ လောလောဆယ်မှာတော့ ကလေးအတွက် တာဝန်ယူပြီး နေရာချထားပေးရေးကို ဆွေးနွေးကြပြီး လူမူဝန်ထမ်းဌာနကို ကလေးတွေကို မပြောင်းရွှေ့ဖို့ မေတ္တာရပ်ခံသွားမယ်ဆိုပီး ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြပါတယ်” ဟု သူက ဆက်ပြောသည်။
စစ်တွေရှိ လူမူဝန်ထမ်းဌာနမှ အသက် ၅ နှစ်အောက် ကလေး ၅၀ ကို ဆရာတော် ပညာစာရ ဖမ်းဆီးခံရပြီးနောက် တာဝန်ယူမည့်သူ မရှိသဖြင့် ရန်ကုန်နှင့် မန္တလေးသို့ ပို့ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။
အစည်းအဝေးတွင် ဆရာတော် စာကြည့်တိုက်မှ ရှေးဟောင်း ပစ္စည်းများကို သက်ဆိုင်ရာမှ သိမ်းဆည်း ယူဆောင်သွားခြင်းနှင့် ပတ်သက်ပြီး အချေအတင် စကားများမူများရှိခဲ့ပြီး တာဝန်ရှိသူများမှ ရှေးဟောင်း ပစ္စည်းများကို သိမ်းယူသွားခြင်းမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုကြောင်း သိရသည်။
သို့သော် တခြားလူငယ်များက ဆရာတော်ပိုင် စာကြည့်တိုက်ရှိ ပစ္စည်းများကို ကြည့်ရှု့လိုကြောင်း ပြောဆိုသောအခါ မည်သည့် ပစ္စည်းကိုမှ ထုတ်ပြနိုင်ခြင်း မရှိကြောင်း သူက ဆက်လက် ပြောကြားသည်။
ကျောင်းတွင် ကျန်ရှိခဲ့သော ကလေးငယ် ၁၀၀ ကျော် အခြေအနေမှာ ယခုအခါ သောင်မတင် ရေမကျဖြစ်နေပြီး စစ်တွေ လူမူရေး အသင်းများမှ စနစ်တကျ မစီစဉ်လျှင် အစိုးရမှ ကလေးငယ်များကို တခြား နယ်ဝေး မိဘမဲ့ ဂေဟာများသို့ ရွှေ့ပြောင်းရန် အခြေအနေရှိကြောင်း သတင်း ရရှိသည်။
: ----------------------------------- ----------------------------------- ----------------------------------- :
(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)
နိရဉ္စရာ သတင်းဌာနမှ
ဆောင်းပါးဖတ်သည်။
ထင်မြင်ချက် ပေါင်းထည့်သည်။
47 Orphans Moved to Undisclosed Location
08-08-2010 တွင် တင်ထားသည်။
kyaukphru
Tags:သတင်း
Sittwe: 47 orphans from Maha Muni Buddha Vihara orphanage have been moved by authorities to an undisclosed location after their orphanage was closed and sealed off on Monday.
A social worker from Sittwe said, "The authority brought 47 orphans aged between 5 and 7 from the orphanage to an unknown place on a bus labeled Kyin Din Aung on Monday. We do now know why or where the children have been moved by authorities."
People in Sittwe strongly suspect the 47 orphans were taken to Rangoon and Mandalay to be placed in orphanages run by the military government.
The Burmese military took steps to move the children to undisclosed locations after the orphanage was sealed off by authorities on Monday, after the abbot of the orphanage, Ashion Pyinya Sara, was arrested.
More than 100 orphans had been living and studying at the Maha Muni Buddha Vihara orphanage in suburban Sittwe for a long time.
"The other 70 orphans have been detained at the Sittwe No. 1 police station since the 47 were taken to unknown locations. Among them are some young adults who many expect will be sent by the authorities to army recruiters to join the army," the source said.
Because of reports they would be conscripted, some of the adult orphans fled from where they were being detained at the police station.
Authorities have also prepared to send the rest of the orphans to other places soon, but no one knows where they will be sent.
"We are now anxious about the children and many people in Sittwe oppose the authority's plan for sending them to unknown locations and the army recruitment unit. Now the issue is facing public criticism in Sittwe," the man said.
-------------
Narinjar News
ဆောင်းပါးဖတ်သည်။
ထင်မြင်ချက် ပေါင်းထည့်သည်။
ဦးပညာစာရ ကျောင်းမှ ကလေးများကို ပြောင်းရွှေ့ (ဒီဗွီဘီ)
08-08-2010 တွင် တင်ထားသည်။
kyaukphru
Tags:သတင်း
ဆောင်းပါးဖတ်သည်။
ထင်မြင်ချက် ပေါင်းထည့်သည်။
ရခိုင်ဆရာတော် အဖမ်းခံရမှု အကြောင်းရင်း မသိရ
08-08-2010 တွင် တင်ထားသည်။
kyaukphru
Tags:သတင်း
ရခိုင်ပြည်နယ် စစ်တွေမြို့၊ ကန်တော်ကြီး ရပ်ကွက်ရှိ မိဘမဲ့ ကလေးများကို လက်ခံ စောင့်ရှောက် ထားသည့် မဟာမုနိ ဗုဒ္ဓ၀ိဟာရ ကျောင်းတိုက်အား ယမန်နေ့တွင် အာဏာပိုင်များက ချိပ်ပိတ် လိုက်ကြောင်း သတင်းရရှိသည်။
ဖမ်းဆီးခံထားရသည့် ဦးပညာစာရ (ဓာတ်ပုံ - Freedom Burma)
အဆိုပါ ကျောင်းတိုက်မှ ကျောင်းထိုင် ဆရာတော် ဦးပညာစာရအား ဇူလိုင် ၂၇ ရက်တွင် လူဝတ်လဲစေ၍ စစ်တွေအမှတ် (၁) ရဲစခန်းတွင် ဖမ်းဆီး ထားပြီးနောက် ယခုကဲ့သို့ ကျောင်းတိုက်ကို ချိပ်ပိတ် လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်း ကျောင်းတိုက်ရှိ မိဘမဲ့ ကလေးများကို စာသင်ကြား ပေးနေသော ဦးခိုင်ပြည်စိုးက “ဆရာတော်ကို ဘာမှုနဲ့ ဖမ်းတယ်ဆိုတာ အာဏာပိုင်တွေ ဘက်က တိတိကျကျ ပြောတာ မရှိသေးဘူး။ ကျောင်း ထိန်းသိမ်း စောင့်ရှောက်ရေး ကော်မတီရဲ့ တိုင်ကြားချက် အရ ဖမ်းတယ်လို့ပဲ သိရတယ်။ အဲဒီ တိုင်ကြား ချက်ထဲမှာ မာတုဂါမနဲ့ လွန်ကျူးတယ် ဆိုတဲ့ စွပ်စွဲချက်လည်း ပါတယ်လို့ ကြားရ ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
သက်တော် ၅၇ နှစ်၊ ၀ါတော် ၃၇ ၀ါ ရှိ ဦးပညာစာရသည် ရခိုင်သမိုင်း သုတေသီလည်းဖြစ်ပြီး ၁၉၉၀ ခုနှစ်မှ စတင်ကာ မိဘမဲ့ကလေးများကို ကျောင်းတိုက်တွင် လက်ခံစောင့်ရှောက်ကာ ပညာသင်ကြားပေး ကြောင်း သိရသည်။
ဦးပညာစာရကို စစ်တွေခရိုင် ရဲမှူးကြီး ဦးဆောင်၍ ဇူလိုင် ၂၇ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် ဖမ်းဆီးခဲ့ပြီး ဦးပညာစာရ စုဆောင်းထားသည့် ရခိုင်ပြည်သုံး ရှေးဟောင်းဒင်္ဂါးများ၊ ဓည၀တီခေတ်မှစ၍ မြောက်ဦးခေတ်အထိ ရခိုင် ဗုဒ္ဓရုပ်ပွားတော် များနှင့် ပုံတော်များ၊ ခေတ်အဆက်ဆက် ရေးထိုးခဲ့သည့် ရခိုင်ရှေးဟောင်း ကျောက်စာများ၊ ရခိုင် ရာဇ၀င်ကျမ်းများ၊ ရခိုင် ဆေးကျမ်းများ၊ ရခိုင် သမိုင်းဆိုင်ရာ ပေစာများ၊ ရခိုင်ပြည် တနံတလျားမှ ရှာဖွေထားသော နတ်ချင်း၊ သာချင်း၊ ဧချင်းများ အပါအ၀င် ရခိုင်စာပေများ၊ ကျေးလက်ရိုးရာ တေးကဗျာ များကိုပါ အာဏာပိုင်များက သိမ်းဆည်း ယူဆောင်သွားခဲ့ကြောင်း သိရသည်။
“သူ့ကို ဖမ်းထားတာက သင်္ကန်းဝတ်နဲ့ မိန်းမယူတယ်၊ သာသနာကို အကြည်ညိုပျက်အောင် လုပ်တယ်၊ နောက်ပြီး အလှူငွေ တွေကို အလွဲသုံးစား လုပ်တယ်ဆိုတာတွေနဲ့ စွဲထားတာပါ။ တရားလိုက ဘယ်သူလုပ်မလဲ ဆိုတာတော့ မသိပါဘူး” ဟု စစ်တွေ အမှတ် ၁ ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတဦးက ပြောသည်။
ဦးပညာစာရကို ဖမ်းဆီးစဉ်က တွေ့ရှိထားသော စာရွက်စာတမ်းများနှင့် ပတ်သက်၍ တသက်တကျွန်းပြစ်ဒဏ် ချမှတ်ခံခဲ့ရဖူးပြီး ပြန်လည် လွတ်မြောက်လာသည့် ကွန်မြူနစ် ပါတီဝင်ဟောင်း ဦးခိုင်ပြည်စိုးကိုလည်း သြဂုတ် ၁ ရက်နေ့က အမှတ် ၁ ရဲစခန်း သို့ ခေါ်ယူ စစ်မေးခဲ့သည်ဟု သိရသည်။
“ကျနော်နဲ့ ကျနော့်တပည့်လေး မောင်ကျော်ကျော်သန်းကို ညနေ ၄ နာရီခွဲလောက်မှာ အမှတ် ၁ ရဲစခန်းကို ခေါ်သွားပြီး သူတို့ ကျောင်းတိုက်ကို ရှာတုန်းက တွေ့ထားတဲ့ စာရွက်စာတမ်းတွေနဲ့ ပတ်သက်ပြီး မေးတယ်။ ကျနော်ကလည်း ဒါတွေက အင်တာနက် စာမျက်နှာတွေမှာပါတဲ့ သတင်းတွေပဲလို့၊ လူတကာဖတ်လို့ ကူးလို့ ရနေတဲ့ဟာတွေပဲလို့ ပြောလိုက်ပါတယ်။ ကျနော့်ကိုတော့ ည ၁၁ နာရီလောက်မှာ ပြန်လွှတ်ပေးလိုက်ပါတယ်”ဟု ဦးခိုင်ပြည်စိုးက ပြောသည်။
အမှတ် ၁ ရဲစခန်းတွင် စစ်မေးစဉ်က ဦးပညာစာရနှင့် ခေတ္တ စကားပြောခွင့်ရခဲ့ရာ ဦးပညာစာရသည် နှိပ်စက်ခံထားရပုံရပြီး လေသံပင် ပျော့နေသည်ဟု ဦးခိုင်ပြည်စိုးက ပြောသည်။
စစ်တွေအမှတ် ၁ ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိကမူ နှိပ်စက် စစ်ဆေးမှုများ ပြုလုပ်ခြင်း မရှိဟု ငြင်းဆိုသည်။
“ကျနော်တို့ မြို့ခံတွေကတော့ ဦးပညာစာရကို ဖမ်းဆီးတာဟာ မိန်းမမှု တင်မကဘဲ တခြား အကြောင်းတရားတွေ ရှိနေဦး မယ်လို့ ယူဆကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဦးပညာစာရဟာ မာတုဂါမနဲ့ ကျူးလွန်တယ်ဆိုရင်တောင် သူနဲ့ အစွပ်စွဲခံရတဲ့ မိန်းကလေးက တိုင်တာလည်း မဟုတ်တဲ့အတွက် လူဝတ်လဲပေးလိုက်ရင် ကိစ္စပြတ်ပြီလေ။ အခုတော့ အဲဒီလို မဟုတ်ဘဲ ကျောင်းထဲက ဆရာတော် စုဆောင်းထားတဲ့ ပစ္စည်းတွေလည်း အကုန်သိမ်းတယ်။ ကျောင်းတိုက်ကိုလည်း ချိပ်ပိတ်တယ် ဆိုတော့ နောက်ကွယ်မှာ အကြောင်းတရားတွေ ရှိနေဦးမှာ အမှန်ပါပဲ” ဟု ဦးခိုင်ပြည်စိုးက ဆိုသည်။
ယခုနှစ်တွင် ဦးပညာစာရ၏ ကျောင်း၌ မိဘမဲ့ကလေး ၁၀၀ ခန့်ရှိကြောင်း၊ ဖမ်းဆီးမှု ဖြစ်ပွားပြီးနောက် အသက် ၂ နှစ်မှ ၇ နှစ်အရွယ်ရှိ ကလေး ၄၇ ဦးကို စစ်တွေ လူမှုဝန်ထမ်းဦးစီးဌာနသို့ အာဏာပိုင်များက ခေါ်ဆောင်သွားကြောင်း၊ ကျန်ကလေး များကိုမူ မည်သည့်နေရာသို့ ပို့ဆောင်သည်ကို မသိရသေးကြောင်း စစ်တွေဒေသခံတဦးက ပြောသည်။
--------------
ဧရာဝတီသတင်းဌာနမှ
ဆောင်းပါးဖတ်သည်။
ထင်မြင်ချက် ပေါင်းထည့်သည်။