Blog of chitthu502 RSS Available

Hi, I am warmly welcome for everybody.

(ခေါင်းစဉ်မရှိပါ)

01-01-0001 တွင် တင်ထားသည်။

ဆောင်းပါးဖတ်သည်။   ထင်မြင်ချက် ပေါင်းထည့်သည်။

ပန်းအပေါင်းခတဲ့ည

06-10-2011 တွင် တင်ထားသည်။ chitthu502

 

+ အေးမြတဲ့လေပြေညှင်း

ခြေဆင်းလို. မြေမှာခ

လေအပေါင်းခတဲ့ည။

+ နှင်းပွင့်ဝေ ငွေရောင်အဆင်း

ကြွေဆင်းလို.မြေမှာခ

နှင်းအပေါင်းခတဲ့ည။

+ မိုးပေါ်က ကြယ်ဂြိုလ်တစ်စင်း

နတ်သက်ကြွေ မြေမှာခ

ကြယ်အပေါင်းခတဲ့ည။

+ ပျံ.လွင့်တဲ့တေးသီချင်း

ရင်တွင်းထိဝင်ကာခ

တေးအပေါင်းခတဲ့ည။

+ ပန်းသတင်းက ဆောင်လေညှင်း

ဘ၀အလင်းနတ်မြေမှာခ

ပန်းအပေါင်းခတဲ့ည။။

                                     လမင်းငယ်(မချမ်းဘော)

 

ဆောင်းပါးဖတ်သည်။   ထင်မြင်ချက် ပေါင်းထည့်သည်။

ရသမဲ့ရုပ်ပုံလွှာ

06-10-2011 တွင် တင်ထားသည်။ chitthu502

+ သံစဉ်ချိုအေး၊ရင်မှတေးကို

ဘေးချိတ်ကာထား၊မသီအားခဲ့

ရက်လများစွာကြာခဲ့ပြီ...

+ ရင်မှထွက်ကျ၊ကာရန်လှကို

စီကာပတ်ကုံး၊မထုံးနိုင်ခဲ့

ရက်လရှည်ကြာမှိုင်ခဲ့ပြီ...

+ မှုန်ပြာရီဝေ၊တိမ်ခိုးဝေလျက်

လွမ်းလေပင့်ကာ၊စိတ်ကိုဆွလျှင်

ရင်တွင်းဆုံစု၊လွမ်းပွင့်တို.ဝေ

ဖူးစေ့ချင်လည်း၊သည်းနုလတ်ဆတ်

မလွမ်းတတ်ခဲ့

ရက်လရှည်ကြာကြခဲ့ပြီ...

          ကွယ်.....

ကာရန်မချီ၊တေးမသီခဲ့

အလွမ်းမဲ့သော၊သံသရာကြောဝယ်

ဗလာရင်ဖြင့်၊မြင်မြင်သမျှ

ခံစားမရ၊ရက်လရှည်သော်

လူသော်မယွင်း၊စိတ်ချို.ယွင်းသို.

ကျောက်ကြွင်းရုပ်ကဲ့၊မက်မောမဲ့လျက်၊

မျက်စိနားကြော၊ထုံထိုင်းပေါကာ

ဦးနှောက်ဖုန်ထလေပြီတကား....။

                      လမင်းငယ်(မချမ်းဘော)

 

ဆောင်းပါးဖတ်သည်။   ထင်မြင်ချက် ပေါင်းထည့်သည်။

© 2013-2025 အခမဲ့ Video Chat Conferendo! ရပိုင်ခွင့်၊ အခွင့်အရေးအားလုံးကို သီးသန့်ထားရှိပါသည်။
ဘာသာပြန်ဆိုရာတွင် အမှားတွေ့ရှိသည်။ အကြောင်းကြားရန် ၊၎င်းအား mouse ဖြင့် select လုပ်ကာ Ctrl+Enter နှိပ်ပါ။