အမှတ်တရ မွေးနေ့

26-10-2009 တွင် တင်ထားသည်။ chitmoenyo120

 

“  Happy Birthday  တဲ့   ၁၂ နာရီ တိတိမှာ ကျွန်တော့်ဆီကို ဖုန်းဝင်လာတယ် ။ ကိုယ် ကိုယ်တိုင်တောင် အမှတ်တမဲ့ နဲ့ နေလာခဲ့တဲ့ ကျွန်တော့် မွေးနေ့မှာ  ချစ်သူက ပထမ ဦးဆုံးအကြိမ် ဖုန်းဆက်ပြီး “ ပျော်ရွှင်သော မွေးနေ့ ဖြစ်ပါစေလို့ ” ဆုတောင်းပေးလိုက်တော့ ကိုယ့် မွေးနေ့ ရောက်မှန်းသိလိုက်ရတယ် ။ အမိုးအကာ အောက်မှာ ငြိမ်းငြိမ်းချမ်းချမ်း နေလာခဲ့ရတဲ့ ဘဝမဟုတ်တော့ မွေးနေ့ ဆိုတာကိုတောင် မေ့တေ့တေ့ ရယ် ......သတိ မထားမိအား....။ ကိုယ့် အပေါ်ကို နားလည်မှု အပေးနိုင်ဆုံး အပြန်အလှန် တန်ဖိုးထား တတ်ပြီး ဂရုစိုက်ချစ်တတ်တဲ့ ချစ်သူလေးကို ပိုလို့တောင် ချစ်လာခဲ့မိပါတယ် ။ စိတ်ကူးကောင်းလှတဲ့ သူ့ရဲ့ အစီအစဉ်လေးကို လိုက်လျောရင်း ပျော်စရာကောင်းတဲ့ မွေးနေ့ ဆုတောင်းပွဲလေးကို နှစ်ယောက်သားတိတ်တိတ်လေး ကျင်းပခဲ့တာ ပထမဦးဆုံးအကြိမ်မို့ အမှတ်တရ ဖြစ်ခဲ့ ရတယ်လေ ........ ။  မွေးနေ့ ပွဲ တော်တော် များများမှာကြားဖူးနေတဲ့ “  Happy Birthday ...To You ” ဆိုတဲ့ သီချင်းလေးနေရာမှာ.... တရုတ်ဘာသာ နဲ့ မွေးနေ့ သီချင်းလေးကို သူကိုယ်တိုင်သီဆို ပြပြီး မွေးနေ့ အတွက် ဆုတောင်ပေးခဲ့တယ် ...... ။ ကျွန်တော့် ရင်ထဲမှာ ဘယ်လိုမှ ပြောပြလို့ မရတဲ့ ကြည်နူးမှု ပီတိလေးတစ်ခု ဖြစ်လာခဲ့ရတယ် ။ နောက်ဆုံး မွေးနေ့ ပွဲလေးမှာ ချစ်သူကို ဘာမှ မကျွေးနိုင်ခဲ့ပေမယ့် အနမ်းလေး တစ်ပွင့် နဲ့ အတူ  ကျွန်တော်က လက်ဆောင်လေး တစ်ခု ပြန်ပေးနိုင်ခဲ့ ပါတယ် ။ အဲ့ဒီလက်ဆောင်လေးကတော့ “ “မ” ကို မောင်အရမ်း ချစ်တယ် ....ဘယ်တော့မှခွဲ မသွားပါဘူး ” ဆိုတဲ့ ဂတိလေးတစ်ခု ပါပဲ ....

 

 

 

                                                                                     ချစ်သူလေးကို ကျေးဇူးတင်လျှက်..

                                                                                            ( ချစ်မိုးညို )

ဆွေးနွေးခြင်း

on 01-01-0001 ပြောသည်။
chitmoenyo120 on 26-10-2009 ပြောသည်။

 

 

“ မ ” ရေ......

                  ကျေးဇူးပါပဲ နော်.....အရမ်းပျော်နေတာ ဗျ .... “ မ ” ရဲ့ မွေးနေ့ ၁၂ နာရီ တိတိမှာ အရောက်လာခဲ့ပါ့မယ် ။

 

 

sea_angel on 26-10-2009 ပြောသည်။

ကိုချစ်မိုးညိုရဲ့ရနေ့မှာကျရောက်တဲ့ မွေးနေ့မှ နောင်နှစ်ပေါင်းများစွာ အထိ...

အနာရောဂါကင်းဝေးစွာဖြင့်..

ကိုယ်ဖြစ်ချင်သော “ဆန္ဒနှင့် ဘဝ” တထပ်တည်းကျနိုင်ပါစေ....

HAPPY BIRTHDAY....

 

ထင်မြင်ချက် ပေါင်းထည့်သည်။

ကျေးဇူးပြု၍login သို့မဟုတ်မှတ်ပုံတင်ခြင်း(register) ပြုလုပ်ပါ။
  • အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက် အပြည့်အစုံကို ကြည့်နိုင်ရန်
  • မိတ်ဆွေသူငယ်ချင်း အသစ်ရှာဖွေနိုင်ရန်
  • မှတ်ချက်ရေးသားနိုင်ရန်
  • ကိုယ်ရေးကိုယ်တာ Message ပေးပို့နိုင်ရန်
← အချစ်ဆိုသည်မှာ...........   Blog သို့ပြန်သွားသည်။   နောင်......နှစ်တစ်ရာတိုင်ဆီသို့ →
© 2013-2025 အခမဲ့ Video Chat Conferendo! ရပိုင်ခွင့်၊ အခွင့်အရေးအားလုံးကို သီးသန့်ထားရှိပါသည်။
ဘာသာပြန်ဆိုရာတွင် အမှားတွေ့ရှိသည်။ အကြောင်းကြားရန် ၊၎င်းအား mouse ဖြင့် select လုပ်ကာ Ctrl+Enter နှိပ်ပါ။