အဖေ သို့..... မကြာညို To....My...3..Daughters
02-08-2009 တွင် တင်ထားသည်။
ayeayethin007
.ကျမရဲံ့ မကြာခနအတွေးတွေထဲမှာ
ထာဝရနွေးထွေးလှီုက်လှဲပြိး
စေတနာ အကြင်နာ အနစ်နာ ဂရုဏာတွေ
ရောပြွမ်းပြိးနေတဲ့.....
အဖေ့ရဲ့ ချစ်ခြင်းမေတ္တာတစ်ရားတွေကသာ
ပြည့်လျှံမောက်ကျနေတော့တယ်. ။ ။....
...........
ဘယ်အချိန် ဘယ်အခါဘယ်နေရာမှာတွေးတွေး
အဖေ့ရဲ့ ဇွဲ....
အဖေ့ရဲ့ သတ္တိ..
အဖေ့ရဲ့ အားမာန်..
ပြင်းထန်တဲ့ အဖေ့ရဲ့ သမ္မာအာဇီဝအလုပ်နဲ့
ဖြောင့်မှန်တဲ့ အဖေ့ရဲ့ ၃၈..ဖြာ မဂ်လာဂုဏ်ပုဒ်တွေကြောင့်
လူ့ပြေ လူ့ရွာမှာ အဖေခေါ်ဆောင်လာလို့
လူတွေရယ်လို့ဖြစ်လာကြရတဲ့
အဖေ့ သား အဖေ့  သမိးတွေ ရဲ့ ငယ်ဘ၀တွေ
လက်ညှိုးညွှန်ရာ....ရေမဖြစ်ကြပေမဲ့
ဘ၀ရဲ့ လိုအပ်ချက်မှန်သမျှတွေ.......
မတောင့်မတ..မကြောင့်မကျ..ပြိးပြည့်စုံ ခဲ့ ကြရတယ် ။ ။
.........
အဖေသင်ကြားသမျှ အရာခပ်သိမ်းနဲ့
ကိုယ်ကျန်းမာ..စိတ်ချမ်းသာ
ဒုက္ခဆိုတာများ မြူလောက်တောင်မတင်
ဖုံလောက်တောင်မခ..သန့် စင်ကြည်မြ
နှလုံးရည်တွေ လှပခဲ့ ကြရတယ် ။ ။
......
အဖေပေးဝေတဲ့ သတ္တိခွန်အားနဲ့
ဘ၀လမ်းတွေဖြောင့်တန်း
အမောအပန်းဆိုတာတွေကို မရှိမသိ
ပန်းတိုင်တွေကို.........
ရောက်မှန်းမသိ...ရောက်ရှိခဲ့ကြတယ် ။ ။
.....
အဖေဖဖေါက်သွင်းတဲ့ ဥာဏ်အလင်းနဲ့
အမိုက်အမှောင်အမှားတွေရှောင်ကွင်း
နေမင်းနဲ့ လမင်းတောင် လက်မှိုင်ချ
ညရဲ့ အရှင် "အယ်ဒီဆင် " လို....
ကျမတို့ မောင်နှမတစ်တွေရဲ့  ငယ်ဘ၀တွေ
ကိုယ်ပိုင်အလင်းတွေနဲ့  ထွန်းလင်းတောက်ပခဲ့ ကြတယ် ။ ။
......
အချိန်တန်အရွယ်ရောက်
ပညာစုံ လူလားမြောက်လာကြတော့
ကိုယ့် လမ်းကိုယ်ဖေါက် ဖြောင့်တန်းစေရဘို့
ကျမရဲ့ အဖေ ရွှေပန်းတိမ်ဆရာကြိးဟာ
ရွှေတံတားကြိးခင်းပြိး..သူ့ သား သူ့ သမိးတွေကို
ဖြတ်နင်းခိုင်းခဲ့တယ် .။ ။
(တံတားဆိုတာ ဖြတိသန်းပြိး
လျှောက်လှမ်းဘို့ပေဘဲ....အိမ်ယာဆောက်ဘို့မှ မဟုတ်ဘဲတဲ့ )။ ။
......
ကမ္ဘာပါတ်ပြိး ပညာရှာထားတာ မဟုတ်ပေမဲ့လဲ
ကျမရဲ့ အဖေ မြန်မာပြည်သားရွှေညာသားကြိးဟာ
တစ်ခါတစ်ရံ လိုအပ်သလို
လူ၇မ်းကြိး လူကြမ်းကြိး
လူဆိုးကြိး လူမိုက်ကြိးလုပ်ပြိး......
အငေါက်အငန်း..အဆိုအဆဲ..အရိုက်အပုတ်တွေ
ညီမျှမှုတွေ..မညီမျှမှုတွေ
တရားမှုတွေ...မတရားမှုတွေနဲ့
သမုတိ ၀ိရောဓိ (PARADOX) ဆိုတဲ့ 
(အဆိုးတဲမှ အကျိုးတစ်ရားများနဲ့ )
သူ့ သား သူ့ သမိးတွေကို
ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်ကြိးထဲမှာ
ဂလိုဘယ်လှိုင်းကို............
အကျအန စိးခိုင်းစေခဲ့တယ် ။ ။
.....
နိဂုံးချုပ်မှာတော့ အဖေတွေရဲ့ချစ်ခြင်းမေတ္တာဆိုတာ
ဇာတ်ကြိးဆယ်ဘွဲ့ က..ဇာတ်သိမ်းခန်းတွေမှာ
ရွာချတတ်တဲ့...''ပေါက္ခရ၀သ၁''..မိုးကြိးရွာချနေသလိုပါဘဲ။ ။
.....
ပေါက္ခရ၀သ၁ မိုးဆိုတာက
စိုစွတ်လိုသူကိုစိုစွတ်...
မစိုစွတ်လိုသူကို မစိုစွတ်ပါဘူးတဲ့ ။ ။
....
အဖေ့ရဲ့ ချစ်ခြင်းမေတ္တာမိုးကြိးကိုလဲ
ခံယူရ ရှိလိုတဲ့ သားသမိးတွေက ခံယူရရှိကြပြိး
မခံယူမရ ရှိလိုတဲ့ သားသမိးတွေက မခံယူ မရရှိကြပါဘူး။ ။
...
အဖေတွေရဲ့..
ချစ်ခြင်းမေတ္တာကိုအဖေ့ သား အဖေ့သမိးတွေက
လိုသည် ဖြစ်စေ...မလိုသည်ဖြစ်စေ......
ဟောဒီ..ကမ္ဘာလောကကြိးမှာ........ရှိရှိသမျှသောအဖေတွေကတော့
သားတိုင်း..သမိးတိုင်းရဲ့အပေါ်မှာ.....
သူတို့ရဲ့..ပေါက္ခရ၀သ၁ ချစ်ချစ်ခြင်းမေတ္တာမိုးကြိး...ကို.....
သာတူညီမျှ..သဲကြိးမဲကြိး....ရွာချပြိးပေးနေကြယင်း....
အချိန်တိုင်းမှာ.....အဖေတွေဟာ...အိုနေကြရတယ် ။ ။
အချိန်တိုင်းမှာ...အဖေတွေဟာ..နာနေကြရတယ် ။ ။
အချိန်တိုင်းမှာ...အဖေတွေဟာ..သေနေကြရတယ် ။ ။
.......
အဖေအိုပေမဲ့...အဖေ့ ရဲ့ချစ်ခြင်းမေတ္တာ မအို ။ ။
အဖေနာပေမဲ့ ..အဖေ့ ရဲံ့ချစ်ခြင်းမေတ္တာ မနာ ။ ။
အဖေသေပေမဲ့..အဖေ့ ရဲ့ ချစ်ခြင်းမေတ္တာ မသေ ။ ။
................
ဟောဒီလောကကြိးမှာ.....
ကမ္ဘာတည်သရွေ့ ....
လူသားမျိုးနွယ်တွေရှိနေသရွေ့ ......
အဖေတွေနဲ့ အဖေ့သား..အဖေ့သားသမိးတွေ ရှိနေသရွေ့ .....
မိးလောင်သေဆုံးပြိး ပြာမှတစ်ဖန်ပေါက်ဖွားတယ်ဆိုတဲ့
ဒ`ဏ္ဍာရီလာ...ဖိးနစ်ငှက်ကြိးတွေလို.....
အဖေတွေ ရဲ့ ချစ်ခြင်းမေတ္တာ အသစ်အသစ်တွေဟာ....
ပြပုံမှတစ်ဖန်..အကြိမ်ကြိမ် အခါခါ အတပ်တပ်
ပြန်လည် ရှင်သန် ထမြောက် .........
ပေါက်ဖွားနေကြပါတယ် ။
မကြာညို
´`´[ကမ္ဘာအရပ်ရပ်မှ ဖခင်ကြိးများနှင့်အတူ
ကွယ်လွန်သူ အနှိုင်းမဲ့ကျေးဇူးရှင်..မွေးဖခင်ကြိး....စိန်ရွှေရတနာကုန်သည်..ရွှေပန်တိမ်ဆရာကြိး ဥိးသာလှိုင်-(တောင်သာ)-၏ကျေးဇူးဂုဏ်အနန္တအား...ဤ
မြူတစ်မှုံစာ သဲတစ်ပွင့်စာမျှသာရှိသော စာစုဖြင့် ရှည်ခိုးဦးချကန်တော့ပူဇော်ပါသည်။]..
အပြစ်များနဲ့အတူချစ်မြတ်နိုးခြင်း
...................မကြာညို.......
'' အဂ်လန်တိုင်းပြည်ရယ်....
အပြစ်များနဲ့ အတူ အသင့် ကို အကျွနုပ်ချစ်မြတ်နိုးပါတယ် ။''
.............
သင့်ရဲ့ မှုန်မှိုင်းတဲ့မိုးကောင်းကင်
ပန်းပွင့်များမရှိတဲ့သင့်ရဲံလယ်ကွင်းပြင်များကို
စပျစ်ခင်းတွေ ရွှေငွေလိုသီးနေတဲ့...ပန်းနွယ်ပန်းခက်များနဲ့
ပူနွေးလှပ သာယာနေတဲ့......
ပြင်သစ်ပြည်ကြိးနဲ့တောင်...မလဲနိုင်ပါဘူ.......'''''
ဆိုတဲ့ အဂ်လိပ်ကဗျာဆရာကြီးဝီလျှံကူးပါးက..သူ့မိခင်အဂ်လန်တိုင်းပြည်ကိုအမွှန်းတင်ဂုဏ်ပြုထားတဲ့
ကဗျာလေးကို ဖတ်လိုက်ရတော့...ပင်းယရှင်ဖြူငါးစီးရှင်မယ်တော်၏ပုဂံကျောင်းကျောက်စာက အမေရိကန်တိုင်းပြည်ကြိးတွင်ရောက်ရှိနေသော..ကျမ၏စိတ်အာရုံတွင်ထင်ဟပ်လာပါသည်။
''ပြည်တစ်ကာတို့ထက်မြတ်သော...
နှလုံးမွေ့ လျေညဖွယ်ရှိသော..အကြင်ပြည်သည် ရှိ၏ ။
ထိုပြည်သည်ဝထ္ထုကာမတို့နှင့်ပြည့်စုံသည်ဖြစ်ရွေ့  ပုဏ္ဏကာမ(ပုဂံ)ဟူရွေ့  လည်းထင်ရှားကြောစော၏။
ထိုမှတစ်ပါး.....
ရန်သူတို့ကိုချေမှုန်းလေ့ရှိသော၊ ရဲရင့်စွမ်းပကားရှိသူတို့၏နေရာဌာနဖြစ်ခြင်းကြောင့်အရိပဋာန(အရိပဒ္ဒါန ) ဟူရွေ့ လည်းထင်ရှားကျောစော၏။ ။တဲ့။
ပြည်တစ်ကာတို့ထက်မြတ်သော၊နှလုံးမွေ့ လျောဖွယ်ရှိသော၊ိထ္ထုကာမတိုနှင့်ပြည့်စုံသော..ရန်သူတို့ကိုခြေမှုန့်လေံရှိသော၊ရဲရင့်စွမ်းပကားရှိသူတို့၏နေရာဌာနဖြစ်သောပုဂံ ရှိရာ အရိမဒ္ဒန တည်ရာ ပြည်သည်..ကျမ၏မိခင်မြန်မာပြည်ဖြစ်ပါ၏။
နှစ်ဆယ့်တစ်ရာစု ကမ္ဘာရွာကြိးသည်..အပြောင်းအလဲပေါင်းမျာစွာနဲ့တစ်ဟုန်ထိုးကူးပြောင်းတိုးတက်လျက်ရှိပါ၏။ဤ ကမ္ဘာ ...ဤရွာကြိးမှာ..ကျမတို့ရဲ့ အမိမြန်မာနိုင်ငံသည်..ကမ္ဘာ့ဖွံဖြိုးတဲ့နိုင်ငံကြိးမျာနဲ့နှိုင်းစလျှင်..ဆယ်စုနှစ်များစွာနောက်ကျနေပါတယ်။ တဲ့ ။
အရှေ့ အာရှက YOUNG TIGER လို့ခေါ်ဆိုနေကြတဲ့နိုင်ငံအချို့နဲ့နိုင်းစာယင်တောင်..ဆယ်စုနှစ်ခုသုံးခုလောက်နောက်ကျနေပါတယ်လို့သက်ဆိုင်ရာပညာရှင်များကသပ်မှတ်ထားကြပါတယ်။
မည်ကဲ့သို့ဆိုဆို
မည်ကဲ့သို့သတ်မှတ်မှတ်....
အမိမြန်မာပြည်ရှိပုဂံမြေမှ အုပ်ကျိုးတစ်ချပ်နဲ့.ကျမရဲ့မွေးရပ်မြေအညာချောင်းရိုးစပ်မှ သဲဖြူဖြူတစ်ပွင့်နဲ့တောင်မှသူတို့ရဲ့
ခေတ်မီဆေးသိပ္မံ..အာကာသစခန်း..ဆိုတာကြိးမျာနဲ့ကျမ မလဲနိုင်ပါ။
သို့ရာတွင်.......
သို့ရာတွင်......
(ဆက်ရန်)
.......မကြာညို
For My ThreeSpecial Daughters.....
U all'll always have my LOVE......
There are so many gifts...
I want for u on todays and always......
I'll like to give u(..3....).....the gift of wisdom,..but..that's something only the passing years can bring.
.......
I'll like to give u(..3..)..the gift of success ,. but that's something that only has true value it is earned.
.......
I want to give u (..3..)..the gift of happiness ,..but the parth that leads u there is U must find on your own.
...........
But there is one gift that I can give u (..3..)today and always......
that will always be with u_____
and ......
THAT'S MY LOVE.
may may
(ma kyar nyo )
ငါနဲ့ ငါ့ ရဲ့ အိမ်မဟုတ်တဲ့ အိမ် မကြာညို
ငါ့ ရဲ့...ကြောကုံးပေါ်မှာ.
အိမ်လေး..တစ်လုံးရှိပါတယ် ။ ။
ခေါင်းဝင်ကိုယ်ဆန့် ...ငါ့တစ်ကိုယ်စာ
ငါ့တစ်ယောက်သာ...နေလို့ရတဲ့
ငါ့မှာ အိမ်လေးတစ်လုံးရှိပါတယ် ။ ။
ငါ့ ရဲ့ အိမ်ဟာ...ငါ့အတွက်တော့..၀န်ထုပ်ဝန်ပိုးတစ်ခုပါဘဲ ။ ။
လေးလံပင်ပန်း ဆင်းရဲကြပ်တည်းစွာ
ငါ့ရဲ့ကြောကုံးပေါ်မှာ..ငါ့ရဲ့အိမ်ကိုတင်ထားရတော့......
ငါ့ရဲ့ခြေလှမ်တွေလဲနှေးကွေး
ငါ့ရဲ့အတွေးတွေလဲ ဆင်းရဲ
ငါ့ရဲ့ဦးနှောက်လဲပြိုကွဲ
ငါ့ရဲ့နှလုံးသားလဲ ပြန့်ကျဲ
ငါ့ရဲ့အရီုးတွေလဲကောက်ကွေး
ငါ့ရဲ့ အသွေးတွေလဲခြောက်ခန်း
........
ရွှေပြည်တော်..မျှော်တိုင်းဝေးပေမဲ့
ကမ္ဘာမြေကို သိကြားစေ သက်သေညွှန်းဆိုဘို့
ကျမျက်ရည်..ငွေမျှာင်တွေတန်းပြိး...
လမ်းလျောက်ယင်း..လမ်းဖေါက်နေတဲ့
ခရုအိမ်ကလေးထဲက..ပက်ကျိကလေး ငါ ။ ။
မကြာညို