ချစ်သူဘဝနှင့် အိမ်ထောင်သည် ဘဝ... ကွာခြားချက်များ

03-11-2011 တွင် တင်ထားသည်။ pothi
စိတ်အခြေအနေ: :lol::lol::lol::lol::lol:.

ချစ်သူဘဝနှင့် အိမ်ထောင်သည် ဘဝ



ချစ်သူဘ၀။ ။ အလကားနေရင်း အကြည့်ချင်းဆုံ၏

အိမ်ထောင်သည်ဘ၀။ ။ အကြည့်ချင်းဆုံလျှင်လည်း အလကားဖြစ်၏

ချစ်သူဘ၀။ ။ အလကားနေရင်း ချစ်သူကို တမ်းတ၏

အိမ်ထောင်သည်ဘ၀။ ။ ချစ်သူကိုတမ်းတသော်လည်း အလကားဖြစ်၏

ချစ်သူဘ၀။ ။ ကလေး ဘယ်နှယောက်ယူလိုက်မည်ဟုစိတ်ကူး၏

အိမ်ထောင်သည်ဘ၀။ ။ ကလေးမယူဖြစ်ခဲ့ရင်အကောင်းသားဟု တွေး၏

ချစ်သူဘ၀။ ။ ကိုယ်ပိုင်ဆိုင်သမျှ သူ့အားပေးလို၏

အိမ်ထောင်သည်ဘ၀။ ။ ကိုယ်ပိုင်ဆိုင်သမျှ ဘဏ်တွင်တိတ်တိတ်လေးထားလို၏

ချစ်သူဘ၀။ ။ မွှန်နေသော်လည်း ကိစ္စမရှိ

အိမ်ထောင်သည်ဘ၀။ ။ ကိစ္စရှိမှ မွှန်၏

ချစ်သူဘ၀။ ။ တစ်ယောက်နှင့်တစ်ယောက် ဖုန်းပြောလျှင် တိုးတိုးလေးပြော၏

အိမ်ထောင်သည်ဘ၀။ ။ ဖုန်းထဲမှအော်လိုက်ရသည်ကိုပင်အားမရ

ချစ်သူဘ၀။ ။ သူ့မွေးနေ့ကို အလွတ်ရ၏

အိမ်ထောင်သည်ဘ၀။ ။ ကိုယ့်မွေးနေ့ကိုပင် အလွတ်မရ

ချစ်သူဘ၀။ ။ လူတောထဲတွင် လက်ချင်းချိတ်၍သွားလေ့ရှိ၏

အိမ်ထောင်သည်ဘ၀။ ။ လူတောထဲတွင် မျက်စောင်းချင်းချိတ်၍သွားလေ့ရှိ၏

ချစ်သူဘ၀။ ။ ချစ်သူအကြောင်းသာပြော၏

အိမ်ထောင်သည်ဘ၀။ ။ သံသရာမှ လွတ်မြောက်ရာအကြောင်းသာတွေး၏

ချစ်သူဘ၀။ ။ ချစ်သူလုပ်သမျှ စိတ်ဝင်စား၏

အိမ်ထောင်သည်ဘ၀။ ။ လူပေါင်းမှားခဲ့သည့်အတွက် ရင်ထုမနာဖြစ်၏



ချစ်သူဘ၀ခေါ်ပုံလေးက အချစ်လေး တဲ့။

မင်္ဂလာဆောင်ပြီးအကြင်လင်မယားဖြစ် တော့ အသဲလေး တဲ့။

ခလေး တစ်ယောက်လည်းရရော အမေကြီးတဲ့။

ခလေးလည်းကြီးလာရော ခေါ်ပုံက ဟေ့ တဲ့။

ကဲ...... ....?
ဘယ်လိုဖြစ်ကြတာလည်း...တိဘူး....

ဟိ....သယ်ချင်းတို့ကော်...ဒီလိုပဲဖြစ်မလား...ဟိ

ဆွေးနွေးခြင်း

on 01-01-0001 ပြောသည်။
pothi on 20-11-2011 ပြောသည်။

ဟုတ်......... ကျေးဇူးတင်ပါတယ်

aspire566 on 18-11-2011 ပြောသည်။

ကောင်းတယ်ဗျာ....

 

ထင်မြင်ချက် ပေါင်းထည့်သည်။

ကျေးဇူးပြု၍login သို့မဟုတ်မှတ်ပုံတင်ခြင်း(register) ပြုလုပ်ပါ။
  • အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက် အပြည့်အစုံကို ကြည့်နိုင်ရန်
  • မိတ်ဆွေသူငယ်ချင်း အသစ်ရှာဖွေနိုင်ရန်
  • မှတ်ချက်ရေးသားနိုင်ရန်
  • ကိုယ်ရေးကိုယ်တာ Message ပေးပို့နိုင်ရန်
← ရေသောက်သုံးသင့်သော အချိန်များ,…   Blog သို့ပြန်သွားသည်။   သွားကျဉ်ခြင်းအတွက် ကုသမှု →
© 2013-2025 အခမဲ့ Video Chat Conferendo! ရပိုင်ခွင့်၊ အခွင့်အရေးအားလုံးကို သီးသန့်ထားရှိပါသည်။
ဘာသာပြန်ဆိုရာတွင် အမှားတွေ့ရှိသည်။ အကြောင်းကြားရန် ၊၎င်းအား mouse ဖြင့် select လုပ်ကာ Ctrl+Enter နှိပ်ပါ။