ကျနော်တို့အဖွဲ့ဝင်တချို့အား ထောင်ကျအောင် နှောင့်ယှက် သူတဦး ပေါ်ပေါက်လာပါသည်

20-02-2009 တွင် တင်ထားသည်။ co2zenith

ရဲဘော်/ရဲမေများနှင့်အမိမြန်မာပြည်ကို ချစ်မြတ်နိုးပြီး လူထုကို တကယ်ကယ်တင်ချင်ကြတဲ့ သူအားလုံးကို အကြောင်းကြားပါသည်။

ကျနော်တို့ လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာ အဖွဲ့သည် မည်သည့်နေရာ/ငွေ/အာဏာ/ ဘာတခုကိုမှ မမျှော်ကိုးပဲ လူထုတရပ်လုံး ရင်ဆိုင်နေရသော ဒုက္ခအ၀၀ / လူ့အခွင့်အရေးချိုးဖေါက်ခံနေရမှု့များအား နအဖ စစ်အာဏာရှင်တစု သိအောင် တခုခု လုပ်ပေးနိုင်အောင်ဆောင်ရွက်နေသည့်အဖွဲ့ဖြစ်သည့်အပြင် နအဖ စစ်အာဏာရှင်ရဲ့ မတရား အနိုင်ကျင့် ဗိုလ်ကျနေမှု့များအား ကျန် ပြည်နယ်နှင့်တိုင်း မှ လူထုသိရှိအောင် လှုတ်ရှားမှု့မျိုးစုံဖြင့် လူထုကို တင်ပြပေးနေသော အဖွဲ့ဖြစ်ပါသည်။

ကျနော်တို့အဖွဲ့တွင် သံဃာတော်များ ၊ ကျောင်းသား/သူများ၊အလုပ်သမားများနှင့်တောင်သူလယ်သမား အနည်းငယ် ပါဝင်ဖွဲ့စည်းထားပြီး ပြည်တွင်းရှိ အန်အယ်ဒီပါတီ/
၈၈ မျိုးဆက်၊ တခြား နိုင်ငံရေးတက်ကြွလှုတ်ရှားသူများ၏ လှုတ်ရှားမှု့မျိုးစုံကို ၀န်းရံပေးခြင်း၊ ပူးပေါင်းပါဝင် ဆောင်ရွက်ဖြင်းများ ပြုလုပ်နေသည့် အဖွဲ့ဖြစ်ပါသည်။

ယခုအခါ ကျနော်တို့အဖွဲ့ဝင်တချို့အား ထောင်ကျအောင် နှောင့်ယှက် သူတဦး ပေါ်ပေါက်လာပါသည်။ ထိုသူမှာ နအဖ အာဏာပိုင်မှ လက်သက်မွေးထားပြီး ဆိုက်ကားနင်းစားနေသော ကိုဖိုးတုတ် (ည ရပ်ကွက်ထိပ်/ မြောက်ဥက္ကလာနေသူ)ဖြစ်ပါသည်။
အထက်ပါ စွမ်းအားရှင် ကိုဖိုးတုတ်ကဲ့သို့ နအဖ သစ္စာခံ လုပ်နေသော သူများမှာ လူထုထဲတွင် စွမ်းအားရှင် အမည်နှင့်လှုတ်ရှားစောင့်ကြည့်နေကြပါသည်။

အားလုံး သတိထားလှုတ်ရှားကြရန်နှင့် ထိုသူတို့အား
ဒါဏ်ခတ် အရေးယူမှု့များ ပြုလုပ်ရန်လိုအပ်နေပါသည်။

ထို့ကြောင့် ပြတ်ပြတ်သားသား ဆန့်ကျင် ဒါဏ်ခတ်မှု့များပြုလုပ်ကြပါရန် တိုက်တွန်း နိုးဆော်လိုက်ပါသည်။
ကျော်ကျော်(တာဝန်ခံ)
လူထုတရပ်လုံးအတွက် စတေးခံ
အကောင်းဆုံး မြေသြဇာ

ယခု ပေးပို့သည့်စာအား ပြည်တွင်းပြည်ပ သို့ အမြန်ဆုံး ဖြန့်ဝေပေးကြပါခင်ဗျာ ဟုဆိုပြီး In Box ထဲသို့ Mail တစ်စောင်ရောက်လာ သောကြောင့်ကျွန်တော့် ဘလောက် တွင်ဖေါ်ပြပါသည်။

ဆွေးနွေးခြင်း

on 01-01-0001 ပြောသည်။
minzawthein22 on 09-03-2009 ပြောသည်။

hey....thank you brother  ha ha

ထင်မြင်ချက် ပေါင်းထည့်သည်။

ကျေးဇူးပြု၍login သို့မဟုတ်မှတ်ပုံတင်ခြင်း(register) ပြုလုပ်ပါ။
  • အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက် အပြည့်အစုံကို ကြည့်နိုင်ရန်
  • မိတ်ဆွေသူငယ်ချင်း အသစ်ရှာဖွေနိုင်ရန်
  • မှတ်ချက်ရေးသားနိုင်ရန်
  • ကိုယ်ရေးကိုယ်တာ Message ပေးပို့နိုင်ရန်
← တော်လှန်ရေးမောင်နှမများခင်ဗျား   Blog သို့ပြန်သွားသည်။   ဖေဖေါ်ဝါရီ အလွမ်း →
© 2013-2024 အခမဲ့ Video Chat Conferendo! ရပိုင်ခွင့်၊ အခွင့်အရေးအားလုံးကို သီးသန့်ထားရှိပါသည်။
ဘာသာပြန်ဆိုရာတွင် အမှားတွေ့ရှိသည်။ အကြောင်းကြားရန် ၊၎င်းအား mouse ဖြင့် select လုပ်ကာ Ctrl+Enter နှိပ်ပါ။