ခွဲခွာခြင်းတဲ့
Išsiųsta 2013-01-03 iki
we040919
ကွာဝေးခြင်း
စကားသံ..ချိုမြမြ
ကြားချင်ခဲ့မိတာလည်း
ရင်ထဲမှာ ခဏခဏပေါ့
မျက်ဝန်းနက်..လှလှ
မြင်ချင်ခဲ့မိတာလည်း
နှလုံးသားထဲမှာ တသသပေါ့
နင့်ပါးပြင်..နုနု
သနပ်ခါးဖွေးဖွေး မရှိခဲ့ပေမယ့်
အနမ်းတစ်ပွင့်ပေးခဲ့ချင် တာလည်း
ငါ့ဘ၀ရဲ့ တောင့်တမှုပေါ့
နင်ဟာ..ငါ့ဘ၀ရဲ့ပန်းကလေးတစ်ပွင့်
ဒါပေမယ့်
နမ်းချင်ရင်တောင် ငါမလှမ်းပါဘူး
ပင်ယံနန်းမှာ နေထိလို့နွမ်းသွားရင်တောင်
ခပ်လှမ်းလှမ်းမှာ...ငါလွမ်းနေမှာ
မမျှော်လင့်သင့်တာကိုလည်း
မမျှော်လင့်ဝံ့ပါဘူး
ဒီလိုပါပဲ..ကောင်မလေးရေ
မပြည့်နိုင်မဲ့..ဆုတောင်း
ဘ၀ဆက်တိုင်း...ငါမတောင်းတော့ပါဘူး