(.....)၏အဓိပ္ပါယ်များ

Išsiųsta 2010-11-24 iki tuntunaye_tongkyo
Nuotaika: fine.. Muzika: Rock.
Tags:ရယ်စရာပေါ့ပေါ့ပါးပါး

                ရှေးသရောအခါက ဘုရင်ကြီးတစ်ပါး ရှိသတဲ့။ဘုရင်ကြီးဟာသူများနဲ့မတူတဲ့ကကျိုးက

ကြောင်အတွေးများက်ုအမြဲစိတ်ကူးနေသလို၊စိတ်ကူးကိုလဲအမြဲအကောင်အထည်ဖော်တတ်သတဲ့။တစ်နေ့

သူဟာမိဖုရားတွေအဆောင်တော်များကိုကူးချည်သန်းချည်အတော်ပင်အလုပ်ရှုပ်နေတယ်။တစ်ခါတောင်နန်း

ကမိဖုရားဆီအကူးလမ်းမှာသူငယ်နဲ့သူငယ်မကိုတွေ့တော့သူတို့ကအချစ်အကြောင်းတွေပြောနေကြတာ

သူကြားသွားတယ်။ဝန်ကြီးနဲ့ဝန်ကတော်ကလည်းတိုးကြိတိုးကြိအချစ်အကြောင်း၊စစ်သူကြီးနဲ့ကတော်ကလဲ

ချစ်နေလိုက်ကြတာ၊ဒါတွေကိုသူမြင်တော့စိတ်ကူးတစ်ခုရသွားတော့တယ်။

                တစ်နေ့ညီလာခံကိုလည်းရောက်ရောတိုင်းရေးပြည်ရွာအကြောင်းတွေဆွေးနွေးပြီးသော

အခါဘုရင်ကြီးက " အမတ်ကြီးတို့.အသင်တို့အား.ကျွန်ုပ်အမေးပုစ္ဆာတစ်ပုဒ်မေးမယ်ဗျ အမေးပုစ္ဆာ

ကတော့ဘာမှထူးထွေဆန်းပြားခြင်းမရှိ။အများသူငါသိနေကြသော"အချစ်"အကြောင်းသာတည်း။

ကျေနပ်အောင်ဖြေဆိုနိုင်သူမည်သူမဆို ရွှေချိန်၃ပိဿာ နှင့်ငွေဒင်္ဂါးသေတ္တာအားဆုချီမြှင့်မည်၊လှည်းနေ

လှေအောင်း မြင်းဇောင်းမကျန်ကြေငြာမောင်းခတ်လေလော့"ဟုအမိန့်ချပြီးအတွင်းဆောင်သို့ဝင်သွား

လေတော့၏။

                   အမတ်ကြီးများမှအစ မင်းမှုထမ်းအားလုံးပြူးပြူးပြာပြာဖြစ်ကုန်ကြလေ၏။အကြောင်း

တမူကားဘုရင့်အမိန့်တော်ကိုကြောက်သည်ကအနည်းငယ်သာ၊ရွှေချိန်၃ပိဿာကိုလိုချင်တတ်မက်သော

ကြောင့်သာလျှင်ဖြစ်သည်။အမတ်ကြီး၊စစ်သူကြီး၊အစရှိသူတို့သည်အိမ်သို့ပြန်၍ တန်စိုးလက်ဆောင်

များယူငင်ပြီးနာမည်ရစာဆိုတော်များရှိရာသို့၊မြင်းနှင့်တစ်မျိုး၊ရထားနှင့်တစ်ဖုံသွားကြလေ၏၊ရှေးဦးစွာ

ရောက်လတ်သော သက်တော်ရှည်အမတ်ကြီးမှ" စာဆိုတော်မင်း ကျွန်ုပ်အား အချစ်အကြောင်း

အကောင်းဆုံးရေးဖွဲ့ပေးစမ်းပါဦး ဟောသည်မှာစာဆိုတော်မင်းကြိုက်တဲ့တောင်ပြင်အရပ်ကအကောင်း

ဆုံးသူရာရည်ဗျားဒီကကြက်ကြော်လေးနဲ့ဆိုရင်ဖြင့်စာဆိုတော်မင်းဈန်ဝင်ပြီးအချစ်အကြောင်းအကောင်းဆုံးရေးနိုင်မှာပ။

ဟောဒါကတော့စာဆိုတော်မင်းရေးအားလေးရှိအောင်ငွေဒင်္ဂါးငါးရာဗျား"ဟုဆိုကာအထုပ်များ၊ခရားများ၊

ပေးကာရေးစပ်ခိုင်းလေ၏။

                      ဘုရင်ကြီးသတ်မှတ်ထားသောရက်သို့ရောက်သောအခါ ရေးစပ်ထားသောပေစာ

မူအသီးသီးကိုဆက်သွင်းကြရလေ၏။စာတော်ဖတ်မှဘုရင်ကြီးကြားအောင်အသံနေအသံထားဖြင့်ရေးဖွဲ့

ထားသောပေစာမူများကိုဖတ်ပြရလေ၏။ရှေးဦးစွာဦးစားပေးအနေဖြင့် သက်တော်ရှည်အမတ်ကြီး၏ပေ

စာမူအားဖတ်လေသည်.....

             အချစ် ဆိုသည်မှာ မိမိစိတ်ကူးဖြင့်ပုံဖေါ်ထားသောပန်းချီကားတစ်ချပ်လိုပါတည်း

မိမိစိတ်ပြင်းထန်သလောက်၊စိတ်ကူးကောင်းသလောက်ပန်းချီကားသည်လှပမည်ဖြစ်သည်။

အရောင်အသွေးစုံလင်မည်သာဖြစ်သည်၊ထိုပန်းချီကားချပ်လေးပျက်စီးသွားသောအခါ၊ယူ

ကြုံးမရသောပူဆွေးမှု၏အတိုင်းအဆသည်မိမိစိတ်ပြင်းထန်လျှင်ပြင်းထန်သလောက်ခံစားရပါ

သတည်း။သို့ကြောင့်အချစ်ဆိုသည်မှာ..ရင်မှဖြစ်သောစိတ်ကူးပန်းချီကားတစ်ချပ်ပါတည်း

(သက်တော်ရှည်ဝန်မင်း)ဟုအဆုံးသတ်ထားသည်။စာတော်ဖတ်အသံဆုံးသွားသည်နှင့်သြဘာသံများ

ညံသွားလေတော့သည်။သက်တော်ရှည်အမတ်ကြီးကားတပြုံးပြုံး၊အကောင်းဆုံးစာဆိုတော်မင်း၏

လက်ရာပေကိုး။

             စစ်သူကြီး၏ပေစာမူအားဆက်၍ဖတ်လေ၏......

              အချစ်ဆိုသည်မှာ ကောင်းကင်တွင်ရှိနေသောတိမ်တိုက်တစ်ခုလိုပါတည်း။ဖြစ်

တည်လျှင်လည်းအစိုင်အခဲကကြီးမားသလောက်အမုန်းဆိုသောလေပြင်းတစ်ချက်မွှေ့လိုက်

သောအခါ ကြီးမားသောအစိုင်အခဲသည်အဝေးသို့လွင့်ပြောက်တတ်ပါ၏သို့ကြောင့်အချစ်

သည်ကောင်းကင်တွင်ရှိနေသောတိမ်စိုင်လိုပါတည်း။(စစ်သူကြီး)ဟုအဆုံးသတ်ထားသည်။

စာတော်ဖတ်၏အသံဆုံးသည်နှင့်ယခင်ကဲ့သို့သြဘာသံများညံသွားလေ၏။အမျိုးမျိုးအဖုံဖုံရေးသားကြလေ

သည်။တစ်ချို့ကားနိုင်ငံရပ်ခြားဘာသာစကားပေစာမူများကပုံတူကူးယူဖေါ်ပြကြ၏။သည်သို့ဖြင့်ကတ္တီပါ

ဘောလုံးပညာရှင်အလှည့်သို့ရောက်လာ၏။သူကားကိုယ်တိုင်ရေးသားသောပေစာမူဖြစ်သဖြင့်ဘောလုံး

ရနံ့ဖြင့်မကင်းပါချေ.......

                အချစ်ဆိုသည်မှာ လွန်စွားအင်အားကြီးမားသောနတ်ဆိုးတစ်ပါးလိုပါတည်း၊

ကျွန်ုပ်ကိုယ်တွင်းသို့အချစ်ဆိုသောနတ်ဆိုးဝင်ရောက်လာသောအခါ ကမာမြေကြီးအား

ကတ္တီပါဘောလုံးပမာပြု၍ စင်္ကြ၀ဠာပိုက်ကွန်အတွင်းသို့ကန်ကျောက်နိုင်ပါသတည်း။သို့

ကြောင့်အချစ်ဆိုသည်မှာအင်အားကြီးမားသောနတ်ဆိုးတစ်ပါးပါတည်း။(ကတ္တီပါဘောလုံး

ပညာရှင်)...အသံဆုံးသည်နှင့်သြဘာသံများကြားရပြန်လေသည်။ထိုအခါဘုရင်ကြီးက" မောင်မင်း

ဟာကလွန်လွန်းသကွယ်၊နန်းတော်ရှေ့ကကျောက်တုံးအားသွား၍ခြေဖြင့်ကျောက်လေလော့"ဟုကြည်

စယ်၏၊ဘောလုံးသမားလည်းခေါင်းငုံ့၍ "သည်အရာမှာတင်စားထားသည်သာဖြစ်၍မ၀ံ့ကြောင်းပါ"

ဟုဆိုကာခပ်ဝပ်ဝပ်လေးနေ၏။

                 ပေစာမူအားလုံးဖတ်ပြီးချိန်ဘုရင်ကြီးလည်းညောင်းညာတော်မူ၍အတွင်းဆောင်သို့ဝင်

ဟုစဉ်းစားခိုက် မင်းချင်းတစ်ယောက်ရောက်လာ၍သူဆင်းရဲတစ်ဦးဝင်ခွင့်တောင်းနေပါကြောင်လျှောက်

ထား၏။" အိမ်း...သူလဲဖြေခွင့်ရှိသည်သာပ..၀င်ခွင့်ပြုစေ"ဟုမိန့်လေသည်။သူဆင်းရဲမှာလည်းထင်းခုတ်

သောဓါးမတိုအား ဘုရင့်ရှေ့တော်မှောက်ဆောင်ယူခွင့်မပြုဆိုသဖြင့်မင်းချင်းများဆီသို့အပ်နေရလေ

သည်။ရောက်ရှိလာသောအခါဘုရင်ကြီးကမောင်မင်းပေစာမူအားဆက်လော့ဟုမိန့်၏။သူဆင်းရဲကား

အရှင်မင်းကြီးကျွန်တော်မျိုးသည်စာပေမတတ်သောကျေးတောသားဖြစ်ပါသည်၊သို့ကြောင့်နှုတ်ဖြင့်သာ

ဖြေဆိုခွင့်ပြုပါဟုဆို၏။ဘုရင်ကြီးလည်းစာရေးတော်ကြီးအားရေးမှတ်ခိုင်းပြီး..ကိုင်းလျှောက်ထားစေ..ဟု

ဆိုသည်။သူဆင်းရဲကလည်း....

              အချစ်ဆိုသည်မှာအသူတစ်ရာနက်သောချောက်ကမ်းပါးကဲ့သို့သာတည်း။မိမိ၏

စိတ်တွင်အချစ်စိတ်ဖြစ်ပေါ်လာသည်ဆိုပါကချောက်ကမ်းပါးအစပ်အနားတွင်လမ်းလျှောက်နေ

သောသူကဲ့သို့ဖြစ်၍၊တစ်စုံတစ်ယောက်အားချစ်မိသွားပြီဆိုပါလျှင်ချောက်ကမ်းပါးအတွင်းသို့

ဇောက်ထိုးကျသွားသောသူတစ်ယောက်လိုသာဖြစ်မည်သာတည်း။သို့ကြောင့်အချစ်သည်အသူ

တစ်ရာနက်သောချောက်ကမ်းပါးကဲ့သို့သာလျှင်ဖြစ်သတည်း။ဟုဖြေဆို၏စာရေးတော်ကြီးလည်း

အမည်နာမ၊နေရပ်လိပ်စာမေး၍မှတ်သားထားလေသည်။ဖြေဆိုအောင်မြင်သောဆုရှင်အားနောက်၃ရက်

တွင်ကြေငြာမည်ဟုမိန့်ကာအတွင်းဆောင်သို့ဝင်တော်မူလေ၏။

                 ဘုရင်ကြီးသည်ထိုရက်ပိုင်းအတွင်းမိဖုရားများအဆောင်တော်သို့ပင်မ၀င် စက်ရာ

ဆောင်အတွင်းမှာသာပေစာမူများကိုဖတ်ကာစဉ်းစားနေချေတော့၏။အဖြေများကိုအထပ်ထပ်အပြန်ပြန်စဉ်း

စားပြီးနောက် အိမ်း ...အသီးသီးဖြေဆိုသောအဖြေများကားသေချာစဉ်းစားပါက ကိလေသာနှင့်မလွတ်

ကင်းချေတကား။သူဆင်းရဲဖြေဆိုသောအဖြေကား သတိထားစရာ သာဖြစ်ချေသည်။ဟိုတစ်နေ့ကပင်

တောင်နန်းမိဖုရားဆီမှာစံနေခိုက်စိတ်ကောက်တော်မူ၍ငါ၏နှုတ်ခမ်းမွှေးတော်အားဆွဲနှုတ်ရာတစ်ဖက်နှင့်

တစ်ဖက်မညီညာလေ၊သူတစ်ပါးမမြင်၍သာတော်တော့သည်။ရာဇအိနြေ္ဒမပျက်ချေတကား။အိမ်းအချစ်ဆို

တာဒုက္ခတရား၏အစပေမို့သူဆင်းရဲအားသာလျှင်အောင်မြင်သူအဖြစ်ရွေးချယ်တော်မူမည်။နောက်တစ်

နေ့တွင်ဘုရင့်ကြေငြာချက်ထုတ်ပြန်သည်တွင်သူဆင်းရဲသည်အောင်မြင်သူအဖြစ်ကိုရှိသွားလေတော့

သည်။ထို့နောက်ရွှေတိုက်စိုးဆီမှဘုရင့်တံဆိတ်တော်နှင့်တကွရွှေသားနှင့်ငွေများထုတ်ယူ၍အစောင့်

အရှောက်နှင့်တကွအိမ်အထိလိုက်လံပို့ဆောင်စေ၏။

                  နောက်တစ်နေ့နံနက်မိုးမလင်းမီအချိန်တွင်ဘုရင်ကြီးသည်ဆတ္တာသည်အားခေါ်၍ဦး

ပြေးခေါင်းတုန်းပြုလုပ်စေကာသင်္ကန်းပရိက္ခရာများရှာစေ၍အိမ်ရှေကမင်းသားအားနန်းအပ်ပြီးတောထွက်

တော်မူလေသတည်း။

                သူဆင်းရဲသည်ရသမျှသောရွှေတို့အားဘယက်ဒွါဒယာတို့ပြုလုပ်ပြီး.အိမ်သူသက်ထား

အားဆင်မြန်းပေးရာ ပဲ များပြီးအိမ်ရှေ့မှအဆင်းအလေးချိန်မခံနိုင်သောကြောင့်ရှေ့သို့မှောက်လျှက်လဲ

ကျရာ..ရှဲနှစ်ချောင်းပြုတ်သတည်း။

 အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ...........

Aptarimas

ant 0001-01-01 sako:
tuntunaye_tongkyo ant 2010-11-28 sako:

                ကျေးဇူးတင်ပါတယိ  သီတာငယ်ခုလိုလာလည်တာကို..ဟိုဟိုဒီဒီမှာလိုက်အားပေး

နေတာကိုလည်းတွေ့နေရပါတယ်....

             ယုံပါတယ် မိန်းခလေးတွေအဖို့ကတော့သူတို့မြတ်နိုးတာ၊တန်ဖိုးရှိတာဆိုရင်

ဘယ်လောက်ပဲဖြစ်ဖြစ်အသက်ထွက်သွားရင်တောင် "ပေါ့ပေါ့လေး"လို့ပြုံးပြီးပြောမှာပါပဲ..

သူတို့ကယောင်္ကျားလေးတွေထက်ပိုပြီးလောဘကြီးကြလို့ပါပဲ....အလေးချိန်မရှိတဲ့စိတ်တောင်.

.လေးတယ်ပေါ့တယ်ရှိသေးတာပဲနှော်။အလေးချိန်ကအလေးချိန်..သူတို့စိတ်နဲ့သူတို့ပေါ့နေကြတာပါ

      နောက်ပြီးစက်တွေပြင်နေရင်းပျင်းတာနဲ့..တစ်လုံးရေးနှစ်လုံးရေးနဲ့တစ်ပုဒ်ပြီးသွား

တာဘာမှလဲမဟုတ်ပါဘူး..

                                         ခင်မင်ပါတယ်နှော်..အားလုံးကိုပါပဲ.....

SALEISHA ant 2010-11-27 sako:

ကျွန်မလဲ ထိုနည်းအတိုင်းပါပဲ ။.............

မလေးပါဘူး ။

ဘာရယ်တော့ မဟုတ်ပါဘူး ။ကိုထွန်းထွန်း ကို ခင်လို.စတာပါနော် ။ရှင့်ရဲ. စာတွေကို အားပေးနေ

လျှက်ပါ .....

thidange ant 2010-11-27 sako:

သူဆင်းရဲသည်ရသမျှသောရွှေတို့အားဘယက်ဒွါဒယာတို့ပြုလုပ်ပြီး.အိမ်သူသက်ထား

အားဆင်မြန်းပေးရာ ပဲ များပြီးအိမ်ရှေ့မှအဆင်း အလေးချိန်မခံနိုင်သောကြောင့်

ရှေ့သို့မှောက်လျှက်လဲ  ကျရာ..ရှဲနှစ်ချောင်းပြုတ်သတည်း။

 


ကျွန်မ ငယ်စဉ်တုန်းက ကြားဖူးတဲ့ စကားလေးတစ်ခုကို သွားသတိရမိပါတယ်။

အဲဒါကတော့ မိန်းမတို.မည်သည် မလေးခြင်း သုံးပါးရှိသတဲ့။

(၁) ရွှေ ဘယ်လောက်ပဲ ဆင်ပေး ပေး လေးပါသလားဆိုတော့ မလေးပါဘူးတဲ့ ။

(၂) နင့်ယောကျာင်္း ဘယ်လောက်၀၀ လေးပါသလားဆိုတော့ မလေးပါဘူးတဲ့ ။

(၃) ကိုယ်ဝန်ရှိလာ၍ သင့်ရဲ. ဗိုက်ထဲက ကလေးအတွက် လေးပါသလားဆိုတော့ မလေးပါဘူးတဲ့ ။

အထက်ပါ စာတွင်ဖော်ပြခဲ့သော ရသမျှသောရွှေ တို့အားဘယက်ဒွါဒယာတို. အားလုံးဆင်ယင်ပြီး

အလေးချိန် မခံနိုင်လို.ဆိုပေမဲ့ လေးပါသလားဆိုလျှင် မလေးပါဘူး ဟုသာပြောပါလိမ့်မည်။

ကျွန်မလဲ ထိုနည်းအတိုင်းပါပဲ ။.............

မလေးပါဘူး ။

ဘာရယ်တော့ မဟုတ်ပါဘူး ။ကိုထွန်းထွန်း ကို ခင်လို.စတာပါနော် ။ရှင့်ရဲ. စာတွေကို အားပေးနေ

လျှက်ပါ .....

Pridėti komentarą

Prašome Login arba registras į:
  • View Full vartotojai profilį;
  • rasti naujų draugų;
  • rašyti pastabas;
  • Siųsti asmeninį pranešimą.
← ဆုတောင်းမှားတဲ့သူ   Grįžti į dienoraštį   ဝေးရာဆီသို့ →
© 2013-2024 Free Video Chat Conferendo! Visos teisės saugomos.
Surasta klaidą ar klaidą vertime? Pasirinkite ją su pele ir paspauskite Ctrl Enter ataskaita.