ကျစွာ
From Myanmar Online Encyclopedia
ဇေယျသိင်္ခ (၅၅၉-၅၈၁) ကွယ်လွန်သောအခါ ၄င်း၏ သားတော် ကျစွာမင်း ထီးမွေ ဆက်ခံသည်။ မြန်မာ ရာဇ၀င်များ၌် ရေးသား ထားသည်မှာ ကျစွာမင်း သည် စာပေ ကျမ်းဂန် တွင်သာ မွေ့လျှော်ပြီး နိုင်ငံတော် အုပ်ချုပ်ရေးကို ၄င်း၏ သားတော် ဥဇနာ အား လွဲအပ် ထားသည်။ ကျစွာမင်း ကွယ်လွန်၍ ဥဇနာမင်း နန်း တက်သောအခါ နိုင်ငံတော်၏ တာဝန်ကို လုံးဝ လှည့်မကြည့် တော့ ဘဲ အရက် သေစာနှင့် အပျော် အပါး လိုက်စားခြင်း အမဲလိုက်ခြင်း ဖြင့်သာ အချိန်ကုန်သည်ဟု ရာဇ၀င်များ၌ဖော်ပြကြသည်။
ရာဇ၀င်များဋ္ဌ် ထင်ရှားကျော်ဇောခဲ့သည့် မိဘုရားကြီး ဖွားစောကို ကျစွာမင်းလက်ထက်မ စပြီး မိဖုရားမြောက် သည်ဟု ရာဇ၀င်များ ၌်ရေးသားထားကြသည်။ ဥဇနာမင်း ကွယ် လွန်သောအခါ ၄င်း၏ သားတော်ကြီးဖြစ်သူ သိင်္ဂသူသည် ထီးနန်း အမွေကို ဆက်ခံရန်ဖြစ် သော်လည်း လွှတ်တော်က မိဘုရားငယ် တစ်ဦးနှင့် ရသည့် သား တော် နရသီဟပတေ့ ကိုသာ ရွေးချယ်ကြောင်း ယင်းသို့ရွေး ချယ်ခြင်းမှာ လည်း သားတော်ကြီး သိင်္ဂသူ သည် မင်းသားဘ၀ ကပင် လွှတ်တော်ဝန်ကြီးများ အား အနိုင်ကျင့် ဆက်ဆံသော ကြောင့်ဖြစ်သည်ဟုရာဇ၀င်များ၌်ဖော်ပြခဲ့ကြသည်။
နရသီဟပတေ့ မင်း၏ နန်းသက်ကို ၁၂၅၄ ခုနှစ် မှ ၁၂၈၇အထိ ၃၃နှစ်ဟူ၍ ဖော်ပြကြသည်။ နရသီဟပတေ့ မင်း လက်ထက် တွင် မြန်မာနိုင်ငံတော်တွင် ကြောက်မက်ဖွယ်ရာနှင့် စိတ်နှလုံး မချမ်းမြေ့ဖွယ်ရာ အဖြစ်ပျက်ကြီးများ ဖြစ် ပျက်ခဲ့သည်။
နရသီဟပတေ့ မင်းသည် ၄င်းအား ပုဂံထီးနန်းအမွေကို ဆက်ခံ ခွင့်ရရန်အတွက် ဆောင်ရွက်ပေးခဲ့သည့် ပညာရှိအမတ်ကြီး ရာဇ သင်္ကြန်နှင့် လိမ္မာရေး ခြား ရှိသော မိဖုရားဖွားစော တို့ကိုပင် အတိုက် ခံပြု၍ မိမိထင်ရာ ပြုလုပ်လေ့ရှိသော တစ်နေ့ဟင်းခွက်၃၀၀ စား သည့် မင်းဆိုးမင်းညစ်ဖြစ်ကြောင်းကို မြန်မာရာဇ၀င်များ၌် ဖော်ပြ ကြသည်။
နရသီဟပတေ့ မင်းလက်ထက်တွင် ရှမ်း ညီနောင်သုံးဦးဖြစ်သည့် အသင်္ခယရာဇသင်္ကြန်နှင့် သီဟသူအစရှိသည့် ကျောက် ဆည် လယ်တွင်းနယ်များဖြစ်ကြသော မြင်စိုင်း၊ မက္ခရာ နှင့်ပင်လယ်မြို့ များကို ပေးသနားတော်မူကြောင်း မြန်မာရာဇ၀င်များတွင်ဖော်ပြ ကြသည်ကိုတွေ့ရသည်။
နရသီဟပတေ့ မင်းသည် တရုတ်နိုင်ငံကြီးနှင့်စစ်ဖြစ်ပွားရ အောင်အမှားမှားအယွင်းယွင်းပြုလုပ်ခဲ့သည်ကိုလည်း တွေ့ရ သည်။ ဥရောပတိုက် အရှေ့ပိုင်း အာရှတိုက်အလယ်ပိုင်း နှင့် တရုတ်နိုင်ငံကြီး တခုလုံးကို တိုက်ခိုက် အောင်မြင်လိုက်သော တာတာတို့၏ ဧကရာဇ်ဘုရင်ကုဗလိုင်ခန်သည် မြန်မာနိုင်ငံ အုပ်ချုပ်သူများထံမှ လက်ဆောင်များ တောင်းခံရန် အတွက် သံအဖွဲ့တဖွဲ့ကို ပုဂံသို့စေလွှတ်လိုက်ရာတွင် ကုဗလိုင်ခန်၏ သံများကို သံတမန်ကဲ့သို့ ဆက်ဆံခြင်းမပြုဘဲ နရသီဟပတေ့ မင်းသည် မိုက်မိုက်မဲမဲ သတ်ဖြတ်လိုက်ရာ မှ တာတာတရုတ်တပ် များ မြန်မာနိုင်ငံအတွင်းသို့ အလုံးအရင်းနဲ့ ၀င်ရောက်တိုက် ခိုက်ဖျက်ဆီးကြောင်း ဖြင့် မြန်မာရာဇ၀င်များ၌်ဖော်ပြကြသည်။
တာတာ တပ်များ တိုက်ခိုက်သောအခါ နရသီဟပတေ့ မင်းသည် ပုဂံထီးနန်း နှင့်ပြည်သူပြည်သားများ ကို စွန့် ခွာ၍ ထွက်ပြေး သွား သည်။ တာဝန်မဲ့ ထွက်ပြေးခြင်း ပြုသည့်အတွက် ၄င်းမင်းအား တ ရုတ်ပြေးမင်း ဟူ၍ ခေါ် ဝေါ်ကြ သည်။ တိုင်းပြည်အကြီး ကဲ ထွက် ပြေးသော်လည်း ပုဂံပြည်သူပြည်သား များသည် စိတ်အား ငယ်ခြင်း မရှိ ဘဲ တာတာ တရုတ်တပ် များကို ပြန်လည် ခု ခံ ခိုက်တိုက်ခိုက်ကြ၍ တရုတ်တပ်သား ၇၀၀၀ ကျဆုံးကြောင်း ရာဇ၀င်များ၌် တွေ့ရသည်။ တရုတ်တပ်များ ထွက်ခွာ သွားပြီး နရသီဟပတေ့ ကိုလည်း ငှင်း၏ သား တော် တဦးက လုပ်ကြံ သတ်ဖြတ်လိုက်ပြီး နောက် ၄င်း၏သား တော်များအချင်းချင်းလည်း တဦးနှင့် တဦး တိုက် ခိုက်လျှက် ရှိလေ သည်။
ကျောက်ဆယ် လယ်တွင်းနယ် များကို အုပ်စီးထားကြသည့် ရှမ်းညီ နောင်အကြီးကဲ သုံးဦးတို့ကလည်း နောက် ဆုံး ကျန်ရစ်သည့် နရသီ ဟပတေ့ ၏ သားတော် ပုဂံမင်းကျော်စွာကို နန်းမှချကာ ကွပ်မျက်ကြ ပြီး အထက်မြန်မာ နိုင်ငံ တလွှားကို သိမ်းပိုက်ခါ တထီး တနန်း ထူထောင် သည်။
တောင်ငူနှင့်ပြည်အောက် ဖက်ရှိ မြန်မာနိုင်ငံတောင်ပိုင်း မွန်ဒေသ များကို သောက္ကတဲ ယိုးဒယား ရှမ်း အကြီး ကဲ များ၏ အကူညီဖြင့် ၀ါရီရူးက သိမ်းပိုက်ပြီး နောက် မုတ္တမကို အခြေပြုကာ တထီးတနန်းထူ ထောင်သည်။
ပုဂံမင်းဆက်များ ကို သစ္စာစောင့်ထိန်းလာခဲ့သည့် ရခိုင်ပြည်မင်း ဆက်များ သည်လည်း ပုဂံမင်းဆက်မရှိ တော့ ၍ သီးခြားမင်းပြုကြ သည်။ ထိုကဲ့ သို့မြန်မာနိုင်ငံ၏ စည်းလုံးညီညွတ် မှုပြိုကွဲ ပျက်စီးကာ တနယ် တမင်း ဖြစ် လာခဲ့ရသည် ကို သမိုင်းသုတေသီ ဂျီအီးဟာဗီ က ၄င်းစာ အုပ်ဋ္ဌ် ရေးသား ဖော်ပြထား သည်မှာ မြန်မာ နိုင်ငံ တော်ကို အမဲဖျက်သ လို ဖျက်၍ မိမိတို့အချင်းချင်းခွဲဝေ ယူငင်ကြပြီး နောက် အချင်းချင်း လည်း တိုက် ခိုက်လျှက် ရှိကြသည် ဟု ရေးသားထားသည်။
ပထမ မြန်မာနိုင်ငံတော်သည် နှစ်ပေါင်း ၂၅၀နီးပါးခန့်မျှ ကြာမြင့် လျှက် မြန်မာမင်းဆက်၁၁ဆက်မျှ အုပ်ချုပ် ခဲ့ ကြသည်။ အနော်ရထာနှင့် ကျန် စစ်သားတို့ အမြှော်အမြင်ကြီးမားစွာဖြင့် ပထမမြန်မာနိုင်ငံတော်အား သိမ်းသွင်း ၍ အလောင်းစည်သူနှင့် နာရပတိစည်သူတို့ ပထမမြန်မာနိုင်ငံ တော် ထိမ်းသိမ်းခဲ့ကြ သည့်မြန်မာ နိုင်ငံတော်၏ စည်းလုံးညီညွတ်ရေးသည် ပြိုကွဲပျက်စီးသွားသည်ကို ကြေကွဲဖွယ်ရာ တွေ့ရသည်။ မြန်မာရာဇ၀င် တွင် ကြီးကျယ်ထင်ရှားခဲ့သည့် ပုဂံမင်းဆက်သည်လည်း မှေးမှိန်ပျောက် ကွယ်သွား ပါ တော့သည်။ [1]
ဥဇနာ (ပုဂံ)
From Myanmar Online Encyclopedia
သက္ကရာဇ် ( ၅၉၇ ) အေဒီ ၁၂၃၄ တွင် ပုဂံမင်းဆက် (၅၀) ဆက်မြောက် ကျစွာမင်းကြီး သားတော်ဖြစ်သော ဥဇနာမင်း နန်းတက်လေသည်။
တစ်ခါသော် မင်းကြီးသည် ထွက်တော်မူရာ မြစ်သာရွာသူ ပန်းပွတ်သည်မ၏ သမီးတစ်ယောက်ကို မြင်တော်မူပြီး နှစ်သက်သဖြင့် အနားတော် ယူထားတော်မူလေသည်။ အပါးတော်တွင်လည်း မပြတ်စေစားတော်မူလေသည်။ တစ်ခါသော် ပန်းပွတ်သည်မလေးသည် မင်းကြီးကို ယပ်ခံနေရင်း ရုတ်တရက် မေ့လဲလေသည်။ မင်းကြီးလည်း လန့်တော်မူပြီး ၀က်ရူး ထသည်လော ဟုမေးရာ ဘေးတွင် ရှိသော မိဖုရားက ၀က်ရူးမဟုတ်နိုင် အကြောင်းရှိမည် ဟု လျှောက်ပြီး ဆေးဆရာများဖြင့် ကုသစေလေသည်။ သူငယ်မလည်း ကြာသော် ပဋိသန္ဓေ နေလ စေ့ပြီး သားယောင်္ကျား မွေးဖွားလေသည်။ မင်းကြီးလည်း သူငယ်အရွယ် ရောက်သော် ဦးရီးတော် ပဉ္ဇင်းကို အပ်ပြီး စာသင်စေလေသည်။
မင်းကြီးဆရာတော် သခင်မြတ်သည် သားတော် ဖြစ်သော နရသီဟပတေ့မင်း (ခေါ်) မင်းခွေးချေး (ရာဇ၀င်တွင် မင်းခွေ ဟုသာ ဖော်ပြကြသည်၊ မင်းသား ငယ်စဉ်က ချေဆတ်တတ်သော ရောဂါရှိပြီး အိပ်ရာတွင်း၌ အမြဲ ခွေနေတတ်သော ကြောင့် မင်းခွေ ဟု ခေါ်ကြောင်း ဆိုကြသည်။) ၏ ဇာတာကို ယူ၍ကြည့်သော် ကောင်းမည် အချိန်သို့ရောက်နေပြီ ဟုမြင်သဖြင့် ဦးရီးပဉ္ဇင်းကို ခေါ်ပြီး မင်းသားကို မင်းကြီးအား အပ်ပေဟု မိန့်လေသည်။ ဦးရီးပဉ္ဇင်းလည်း မင်းကြီး ရှိရာ တလ( ယခု ဒလ) သို့ ခေါ်သွားလေသည်။ တစ်ခါသော် မင်းကြီးသည် အောက်ပြည် ဟံသာဝတီသို့ ဆင်ဖမ်းထွက်သွားရာ စီးတော်မူသောဆင်က ဆင်ရိုင်းကို မနိုင်သောကြောင့် ပြေးရာ မင်းကြီး ဆင်ပေါ်မှ ဆင်ကြော့သည့် ကြိုးနှင့် ငြိတွယ်၍ ဒဏ်ရာကြီးစွာရပြီး နတ်ရွာစံလေသည်။ [1]
နရသီဟပတေ့
From Myanmar Online Encyclopedia
နရသီဟပတေ့သည် မြန်မာ့သမိုင်းတွင် မင်းခွေးချေး (ခေါ်) တရုတ်ပြေးမင်းဟုလည်း သိမှတ်ထားကြသည့် ဘုရင်တစ်ပါးဖြစ်သည်။ ဥဇနာမင်းသည် ပန်းပွတ်သည်၏ သမီးကို မိဖုရားအရာမြှောက်၍ မွေးဖွားသော သားတော်ဖြစ်သည်။ မိဖုရားကြီးမှ သီဟသူ မင်းသားကို ဖွားမြင်သည်။
အမတ်ကြီး၏ အညှိုးကြီးမှု
ဥဇနာမင်း လက်ထက် တစ်နေ့၌ လွှတ်တော်ထဲတွင် ၀န်ကြီးများ စကားပြောနေစဉ် သီဟသူမင်းသား ၀င်လာသည်ကို မသိသဖြင့် ရာဇသင်္ကြံအမတ်ကြီးသည် အင်္ကျီဖျင်လက်ကို မသိမ်းမိပေ၊ မင်းသားက ငါလာသည်ကို ဖျင်လက်မသိမ်းရကောင်းလားဟု ဖျင်လက်ပေါ်၌ ကွမ်းတံတွေး ထွေးချလိုက်သည်။ ရာဇသင်္ကြံအမတ်ကြီးလည်း ထိုအင်္ကျီကို တံတင်းခေါ် သေတ္တာထဲတွင် သိမ်းထားလိုက်သည်။ ဥဇနာမင်းကြီးသည် အောက်ပြည် ဟံသာဝတီသို့ ဆင်ဖမ်းထွက်သွားရာ စီးတော်မူသောဆင်က ဆင်ရိုင်းကို မနိုင်သောကြောင့် ပြေးရာ မင်းကြီး ဆင်ပေါ်မှ ဆင်ကြော့သည့် ကြိုးနှင့် ငြိတွယ်၍ ဒဏ်ရာကြီးစွာရပြီး နတ်ရွာစံလေသည်။ ထိုသတင်းကို အထောက်တော်တို့က ပုဂံနေပြည်တော်သို့ သတင်းပို့သောအခါ ရာဇသင်္ကြံအမတ်ကြီးက မှူးမတ်ဗိုလ်ပါတို့ကိုခေါ်၍ `အချင်းတို့ ဤတွင်ကြည့်လော့၊ သီဟသူသည် ငါကဲ့သို့သော ပုဂ္ဂိုလ်ကြီးကိုပင် ဤကဲ့သို့ ရိုင်းပြစွာပြုခဲ့သည်။ သူသာ ရှင်ဘုရင်ဖြစ်လာလျှင် ငါတို့ဒုက္ခမရောက်လော´ ဟုပြော၍ အင်္ကျီကိုပြ၏။ မင်းချင်းများကလည်း အမတ်ကြီးနှင့် သဘောတူညီသဖြင့် အဝေးရောက်နေသော သီဟသူမင်းသား ရောက်လာသောအခါ ဖမ်း၍ ချုပ်ထားလိုက်၏၊ ထိုစဉ် မင်းခွေးချေးက အဘိုး `ငါ့ကို ချီးမြှောက်ပါ´ဟု ကန်တော့ပွဲနှင့် လာ၍ကန်တော့သည်။ သို့နှင့် အသက်နှစ်ဆယ်သာရှိသေးသော မင်းခွေးချေးကို နရသီဟပတေ့ဘွဲ့နှင့် မင်းအဖြစ် တင်မြှောက်ကြသည်။