********* အိုးကိုထုဆစ် ပုံသွင်းသူ မေမေလက်များ *********

Išsiųsta 2013-10-21 iki marmarhtayw
Tags:မြန်မာမိန်းမသား မိခင်များ သားသမီးများကို ထိန်းသိမ်းတတ်စေရန်

********* အိုးကိုထုဆစ် ပုံသွင်းသူ မေမေလက်များ ******* မေမေမိန်းမသားများ အိုးကိုထုဆစ် ပုံဖော် အသက်သွင်းကြရာမှာ အချစ်ဇော ဆိုတဲ့ နွယ်ကြိုးနဲ့ ရစ်ပတ် မိပြီး အိုးနဲ့ တူတဲ့ သားသမီး လေးများကို ပုံသွင်းမမှားစေချင်လို့ .................................... ။ ရွံ့ဘ၀မှ အိုးဘ၀ ကို အသက်သွင်းရာမှာ ရွံ့လေးတွေဟာ သိမ်မွှေ့ လွန်းလှပါတယ် ။ အိုးဘ၀ကို ရောက်ဖို့ အိုးခတ်သူက အသက်သွင်းရာမှာတော့ နူးညံ့ ပျော့ပျောင်း တဲ့ ရွံ့စေးလေးများကို လိုသလို ရဖို့ အဖန်တရာ အထပ်ထပ် တေလို့ မမာ မပျော့ အနေတော် ရောက်ပြီဆိုရင် ကိုယ်လိုရာ အနေအထား ပုံစံရဖို့ အိုးခတ်သူက ပုံသွင်း ပေးရတာပေါ့ ။ အဲဒီနောက် လိုပုံစံလေးတွေ ရပြီဆိုရင် မကွဲမနာ မအတ်ပဲ ခိုင်ခန့်အောင် အိုးခတ်သူက နာနာ ရိုက်ပုတ် ပေးရပြန်တယ်လေ ။ ဒီအတူပါပဲ လူသားလေးတွေဘ၀ ပုံစံကျန သေသပ်ဖို့ အိုးခတ်သူနဲ့ တူတဲ့ မေမေ မိန်းမသား များကလည်း ကိုယ့်သွေးနဲ့ တည် ကိုယ့်ကိုမှ ဖွား သားသမီးလေးများကို တီတီတာတာ စကားဆိုမြည် အရွယ်တည် ကာစ ရွံ့စေးလေး ဘ၀မှသည် အိုးကောင်းလေး တလုံးဆီသို့ ပုံသွင်းကြရာမှာတော့ ..................... ။ ကျွန်မတို့ မြန်မာ မိန်းမသား မိခင်တွေရဲ့ ချစ်ခြင်း မေတ္တာ ထုထည် တခုရဲ့ လွှမ်းမိုးမှု့ကြောင့် ပုံသွင်းမှား နေကြတယ်လေ ။ အဆင့်ဆင့် ပုံသွင်းပြီး ဥဥလာလိုက်တာများ ငါ့သား ငါ့သမီး ငါ့မြေး ဆိုတဲ့ စွဲလမ်းမူ့သံစဉ်တွေနဲ့ အိုးလေးတွေဟာ ဘ၀သရုပ် ဖော်ဆောင်ရာမှာ ဟိုမရောက် ဒီမရောက် တန်းမ၀င် ဘောင်မပြည့်နဲ့ပေါ့ ။ အိုးခတ်သူက အိုးကို နာနာရိုက်ပေးတာဟာ ( အိုး ) ကိုကွဲစေချင်တဲ့ ပျက်စေချင်တဲ့ စေတနာကြောင့် မှ မဟုတ်တာ အိုးလေးကို ခိုင်သထက် ခိုင် လှသထက် လှ ကောင်းသထက် ကောင်း စေချင်လို့ ပါ ။ ကျွန်မ တရုပ်ပြည်ကို သွားခဲ့တုံးက ဖြစ်စဉ်လေး တခုကိုပြောပြမယ် ။ တရုပ်ပြည်ကိုရောက်တော့ ကျွန်မတို့ မိန်းမသား သဘာဝ ဈေးဝယ်ထွက်ရင်း အ၀တ်အစား လှလှပပလေးဆိုရင် သူသူကိုယ်ကို ၀ယ်ချင်သူကြီးပေါ့ ။ ဈေးတန်းတွေက ကျွန်မတို့ နိုင်ငံလို မဟုတ်ဘူး ။ အ၀တ်အစားတန်းဆိုလည်း တမျှော် တခေါ် ကြီးပေါ့ ။ ဒီနေရာမှာ ကျွန်မတို့ ခြေတောက်မျိုးနဲ့ တော့ ပွဲမတိုးဘူးလေ ။ ဒီတော့ ကျွန်မ မလျောက်နိုင်တော့ ဆိုင် တစ်ဆိုင်မှာ ခွင့်တောင်းပြီး ထိုင်နေခဲ့တယ် ။ (((( အဲဒီမှာ ကိုယ်မြင်ရတဲ့ မြင်ကွင်းလေးကို ဒီနေ့ထိ ကျွန်မ မမေ့သေး ဘူး ။ )))) ကျွန်မထိုင်နေတဲ့ ဆိုင်က တရုပ်လင်မယား လေးဟာ အလွန်ဆုံး ရှိမှ အသက်နှစ်ဆယ်ကျော် လေးတွေ ပေါ့ ။ သူတို့မှာ ချစ်စရာ ကောင်းလွန်းတဲ့ သမီးငယ်လေး တနှစ်ကျော်ကျော် လေးနေမှာပေါ့ တတောက်တောက် နဲ့ လမ်းလျောက် တတ်စ လေးကို ဆိုင်နားနီးချင်း ကလေးများနဲ့ ပြေးလွှားဆော့ကစားနေတယ်လေ ။ မိခင်က ဈေးရောင်း ဖခင်တွေကတော့ ကျွန်မမြင်ခဲ့တာ ဖဲရိုက်နေကြတာ များတယ် ။ မိန်းမသားတွေက ဈေးဝယ်ကျဲရင် (( hand made)) အင်္ကျီ တွေ လုပ်စရာ ရှိတာတွေကို စက်တွေ လက်တွေနဲ့ မနားတမ်း အလုပ်ရူပ်လျက်ပေါ့ ။ ကျွန်မကလည်း မစပ်စုလေး လေ မြန်မာစကား သူတို့ မတတ်တော့ တရုပ်စကား မတောက်တခေါက် လေးနဲ့ စပ်စုတာပေါ့ ။ ဖြစ်ချင်တော့ ကျွန်မက ကလေးမြင်ရင် အားကြီး ချစ်တာကိုး လို့ အစောကပြေးလွှား နေတဲ့ ကလေးလေးကလည်း ချစ်မွှေးပါလိုက်တာ တခစ်ခစ်နဲ့ ဖြစ်ညှစ်ချင်စရာလေး ။သို့သော် လည်း ခံယူချက်ခြင်း ကွာခြား ရင်ဆိုတဲ့ အတွေးကို ရင်မှာ ပိုက်တတ်သူဆိုတော့ ဒီအတိုင်းပဲ ထိုင်ကြည့်နေဖြစ်တယ်လေ ။ အဲဒီမှာ တခြားဆိုင်က ကလေးလေးက ဒီကလေးငယ်လေးကို တွန်းချလိုက်တာ ခလေးလေးက အွတ်ကနဲ့ ကိုမြည်ပြီး ဘိုင်းကနဲ ကျသွားတော့ ကျွန်မ အတော်ပြာသွားတယ် ။ မေတ္တာ စိတ်က လေအဟုန်နယ် မြန်ဆန်လွန်းတော့ ကျွန်မ အပြေးထလိုက်တာများလေ ................... ဒီမှာ တင် အစောက လင်မယားက နေနေ အမတဲ့ ....... မထူရဘူးတဲ့ ။ အယ့် ဘယ်လိုကြီးလည်းပေါ့ ။ ကလေးက အရွှယ်နဲ့ မမျှ နာကျင်သွားတာကို မြင်နေရက် သားနဲ့ ရက်စက်လိုက်တာ လို့ ကျွန်မရင်တွင်း ခံစားမိသွားတယ် ။ သူတို့ကတော့ ပြော ပြပါတယ် ။ အမတဲ့ ငါတို့ဆီက သားသမီးတွေကို ဒီလိုပုံသွင်းပေးတယ်တဲ့ ။ ငါတို့ တော့ကလည်း ဒီလိုပဲ ပေါ့ ။ ဘာဖြစ်ဖြစ် ကိုယ့်အားကိုယ် ကိုးတတ်အောင် လေ့ကျင့်မွေးမြူပေးတာတဲ့ သူ့ဖာသာသူ ခလေးလေးကို ပြန်ထလိမ့်မယ်တဲ့လေ ။ ဒါက တမျိုး အသိလေး တခု ရလိုက်တယ် ။ နောက်တခု ကားလေ အင်း.......တို့များ မြန်မာပြည်သာဆို သက်လိုက်ပုတ်လိုက်ကြမဲ့ မေမေတွေလို့ ပြေးမြင်မိတယ် ................... သူတို့ တွေကတော့ ဘာမှ မဖြစ်သလိုပဲ ရယ်မောနေလေရဲ့ ...... ဒီတခုကတော့ တဖတ်နဲ့တဖတ် အတ္တ မရှိဘူးဆိုတဲ့ အသိလေး ရလိုက်တယ် ။ ဒါနဲ့ ကျွန်မက ကလေးက ငယ်သေးတာကိုကွာလို့ တွန့်လိုက်တော့ အမတဲ့ သူတို့မှာ ကိုယ်ပိုင်အသိ ဥာဏ် ကိုယ်စီရှိပြီးသားတဲ့ အမမယုံရင် အဲဒီကလေးကို မီးချစ်လေးချစ်ပြလိုက်ပေါ့တဲ့ မမြင်ဘူး မသိဘူးတဲ့ ကလေးဆိုရင် ဒီမီးလေး ရဲ့ အရောင်အဆင်းကြောင့် ကိုင်ချင် ကိုင်လိုက်မယ် ကိုင်လို့ ပူသွားရင် နောက်ဆုတ်မယ် နောက်တခါ ချစ်ပြလို့ ကလေးက မကိုင်တော့ရင် သူဟာ အသိဥာဏ်ရှိလို့ ပါတဲ့ ။ ကိုင်ရင်တော့ ဒီကလေးရဲ့ (( I Q )) နိမ့်နေတယ်ပေါ့ ။ အော် ``` ကောင်းလိုက်တဲ့ ဥပမာလေး အားကျလောက်အောင်ကို အယူအဆ မှန်ကန်ကြောင်းကို တဖြေးဖြေး နဲ့ ကျွန်မတို့ လူမျိုးတွေနဲ့ နိုင်းယှဉ်တဲ့ အခါမှာ ကွဲပြားခြားနားခြင်းတွေ ကွင်းကွင်း ကွတ်ကွတ် မြင်လာမိတယ် ။ ဒီကလေး မိခင် ဖခင်များ အသက်အရွှယ်နဲ့ ဆို ကျွန်မတို့ ဆီမှာ သာဆို ပွဲကြီး ပွဲကောင်း ပေါ့ နော် ....................... ။ ကျွန်မတို့ ပတ်ဝန်းကျင်က မေမေတွေကတော့ အိုးလေးတွေကို ပုံသွင်းရာမှာ သူ့ကလေးက ဆိုင် ကယ်စီးရင် ငါ့ကလေးကို ကားဝယ်ပေးမယ် ။ သူ့သလေးက အင်္ကျီ တစ်ထည်ဝယ်ရင် ငါ့ကလေးကို ငါးထည်ဝယ် ပေးမယ် သူ့ခလေးက ဘယ်ကျောင်းထားရင် ငါ့ကလေးကို သူ့ထက်ကောင်းတဲ့ ကျောင်းထားပေးမယ် ။ အို .. .. စုံ လို့ပါပဲ လေ ။ ဆင်းရဲသူကလည်း ဆင်းရဲသူအလိုက် ချမ်းသာသူကလည်း ချမ်းသာသူအလိုက် အိုးလေးတွေကို အသက်သွင်း (( မှား )) နေပုံများ (( အိုး )) လေးတွေရဲ့ ဘ၀ကို ပျောက်လို့ပေါ့ ။ ဒီလို အတွေး အခေါ် အယူအဆမှား တွေကြောင့် ကလေးငယ်တွေ ကိုယ့်ရဲ့ဖြစ်တည်မှု့ ဘ၀ တွေကိုလည်း မေ့လျော့ လာကြပြီး မလိုလား အပ်တဲ့ ပြိုင်ဆိုင်မူ့တွေကြားမှာ (( အတ္တ )) ရဲ့ သားကောင်လေးများ ဖြစ်ပြီး ဘောင်ခတ်မှားပြီး ပုံသွင်းမှားတဲ့ မေမေ လက်တွေကြောင့် ပုံစံကျနသေသပ် လှပတဲ့ (( အိုးကောင်း )) လေးတွေ ရှားပါးလာပါတယ် ရှင် ။ ဒါကြောင့် (( အိုး )) ကိုထုဆစ် ပုံသွင်းပေးမဲ့ မေမေ များ လက်တွေဟာ မှန်ကန်ဖြူစင်ခြင်းတွေနဲ့ အတ္တ ကင်းတဲ့ လက်များနဲ့ ပုံဖော် ထုဆစ်ရင်း အလှဆင်ပေးကြပါလို့ တောင်းဆိုရင်း ..........................................................................................................................................................................။ ******* မေတ္တာဖြင့် တော်ဝင်နှင်းဆီ ******* 20 , 10 , 2013 .

Aptarimas

ant 0001-01-01 sako:

Pridėti komentarą

Prašome Login arba registras į:
  • View Full vartotojai profilį;
  • rasti naujų draugų;
  • rašyti pastabas;
  • Siųsti asmeninį pranešimą.
← ********* အနာဂတ် သမီးပျိုတို့ …   Grįžti į dienoraštį   ********* အိုးကိုထုဆစ် ပုံသွ… →
© 2013-2024 Free Video Chat Conferendo! Visos teisės saugomos.
Surasta klaidą ar klaidą vertime? Pasirinkite ją su pele ir paspauskite Ctrl Enter ataskaita.