********* ယောက်ျားတစ်ယောက်၏ သစ္စာတည်ရာ *********

Išsiųsta 2013-10-11 iki marmarhtayw
Tags:အမျိုးသားများ မိန်းမသားများအပေါ်တန်ဘိုးထားမြတ်နိုးတတ်စေရန်

********* ယောက်ျားတစ်ယောက်၏ သစ္စာတည်ရာ ********* ခေတ်အဆက်ဆက် ရာဇ၀င် အဆက်ဆက် ကြွေးကြော်လာခဲ့တဲ့ ယောက်ျားကောင်းတစ်ယောက်ရဲ့ သစ္စာတည် ရာ ယောက်ျားကောင်းတော့ .......မောင်းမတစ်ထောင်တဲ့.............ရာဇ၀င်ဆိုတော့ အိပ်ရာဝင် ပုံပြင်လည်းမဟုတ် ဒါပေမဲ့ တို့ခေတ် ယောက်ျားသားတွေကတော့ ယနေ့ထိ အားကျ လက်ခမောင်းခတ် မာန်တွေနဲ့ ဟစ်ကြွေး.. ဒီစကားလေးကို သဘောအတော် ကျနေလေရဲ့ နော်.................။ ရာဇ၀င်ကို ပြန်လှန်ကြည့်မိ သံရေးတမန်ရေး ကျွမ်းကျင်လိမ္မာတဲ့ ဘုရင် မင်းတုန်းဘုရားကြီး အကြောင်း မိဖုရားပေါင်း ငါးရာရှိတယ်လို့ အဆိုကို ကြားသိခဲ့ရ ။ မိဖုရားတွေ ရေတွက် အပျော်တော်ဆက်ဖို့ စောင့်ခဲ့ရမှာ တခါပြန်လာဖို့ မလွယ်လှပါလား ။ ဒီလိုပါပဲ ခုခေတ် ဆို ကျားသတ္တ၀ါတွေလည်း အကောင်ကြီးကြီး အမြီးရှည်ရှည် မလည်း မိဖုရားတွေ တောင်လိုပုံလို့ အပြီးမပါ ဗလာချည့်နဲ့ ချွတ်ချုံကောင်လည်း မိဖုရားတွေ အများသားပေါ့ ။ ဓနငွေကြေး ပြည့်စုံပေးလို့ ဂုဏ်သိက္ခာကြီးမား သူဌေးများမလည်း တဖတ်ကို နတ်သမီး လေးငါးရာ ခြံရံ လျှက် ပျော်တော် ဆက်လျှက်ပေါ့ ။ စေ့စေ့လေး တွေး ရင်လေးမိတယ် အမောင်ငယ်ရယ် ။ ယောက်ျားကောင်းတစ်ယောက် ချစ်သူတစ်ယောက်ရဖို့ ဒီလောက် မလွယ်ခဲ့ဘူး ............ယောက်ျားတစ် ယောက် ဇနီးမယားကောင်း တစ်ယောက်ရဖို့ လည်း ဒီလောက် မလွယ်ခဲ့ဘူးကွယ် ။ ဒါပေမဲ့ကွယ် ယောကျာ်းတွေမှာ အချစ်တွေပေါများ အချစ်ကိုယ်ပွားတွေ ပွားနေကြတာ .......ယောက်ျား ကောင်းလို့ မောင်းမတစ်ထောင်ဖြစ်သွားတာလား မိန်းမတွေ ပေါလို့ ဈာန်လျောကုန်တာလား ။ ယောက်ျားတစ်ယောက် ချစ်သူကောင်းတစ်ယောက်ရဖို့ ဘယ်လိုကြိုးစားခဲ့ရလည်း ။ ကိုယ့်ရဲ့ ၀ါသနာတွေ ဘ၀ရဲ့ အချိန်တွေ ကိုယ့်အကြိုက်တွေ ချစ်သူကိုပေးအပ် ကတိတွေ ပုံထပ် ခဲ့ကြရတယ် လေ။ ဒါဟာ ယောက်ျားကောင်းတစ်ယောက်ရဲ့ သစ္စာတည်ရာလား ။ ယောကျာ်းကောင်းတစ်ယောက် ဇနီးမယား ကောင်းရဖို့ အချိန်ကာလ အများကြီးပေးဆပ် ငွေကြေးများစွာနဲ့ ပံ့ပိုးပေးဆပ် မိသားစုနဲ့လည်း စစ်ခင်း ပေးဆပ် ကိုယ့်အကြိုက်ကိုလည်း စွန့်လွတ်ပေးဆပ် မဖုရား အလိုဆို အကုန်ပေးဆပ် မပိုင်ခင်ထဲက ပုတ်သင်ညိုတစ်ကောင်လို ခေါင်းအထပ်ထပ်ညိမ့် လို့ပေးဆပ် ကိုယ့်အလိုဆို မြိုသိမ့် သူမအလိုဆို အကုန်လိုက်လျော စွန့်လွတ်ပေးဆပ်ခဲ့ရတဲ့ အရာများစွာနဲ့ ပေးဆပ်ဖူးကြတယ် ။ ဒါဟာ ယောက်ျားတစ်ယောက်သစ္စာတည်ရာလား ။ မိန်းကလေးတစ်ယောက်ကကွယ် ယောက်ျားတစ်ယောက်ကို ချစ်လှပါချည့်ရဲ့လို့ မဆိုခဲ့ကြတာတော့ အသေ အချာ သမိုင်းတွင်ခဲ့ပါတယ် ။ ချစ်သူလေးတစ်ယောက်ရဖို့ ဇနီးမယားတစ်ယောက်ရဖို့ ဒီအခတ်အခဲများစွာကို ကျော်ဖြတ် ဘ၀နယ်ပယ် တခု တည်ထောင်ပြုဖို့ ကြိုးစားခဲ့ကြပြီးမှ သစ္စာရွာမှာ အပေါဆုံးဈေးနဲ့ မင်းတို့ အချစ်တွေကို ဘယ်ညဈေး တန်းမှာ ချရောင်းခဲ့ ကြပါလည်းကွယ် .................... မိန်းမတစ်ယောက် အာရုံ ငါးပါး ကာမဂုဏ် တရားတွေမှာ အသေအချာ မင်းတို့ ပျော်ပါးခဲ့ဘူးကြပါတယ်။ နှစ်သက်ခြင်း မြတ်နိုးခြင်း သာယာကြည်နူးခြင်း လွမ်းဆွတ်တသခြင်း ချမ်းမြေ့ကြည်သာခြင်း တွေ မင်းတို့ ရင်မှာ အလျို လျို စီးဆင်းခဲ့ ဘူးပါတယ် ။ ချစ်သူမျက်နှာလေး အို ခနလေးကိုတောင် မငြူစူရက်ခဲ့ ။ ချစ်သူအလိုဆို အဆင်သင့် ကမ်းလင့်နေချင်မိသူ တွေပါ ။ ဇနီးလောင်းလျာ ကြင်ယာသက်ထား မဖုရားလေးများ အတွက်ဆို မင်းတို့ အသက်ကို စွန့် အချစ်တွေ ပိုခဲ့ဘူးကြပါတယ် ။ ထံတော်ရှေ့မှောက် ခစားရောက်ဆို မဆိုင်းမတွ နှစ်သက်ပြခဲ့ ဘူးကြတယ်လေ ။ အချစ်တွက်ဆို ကြိမ်ဆို သစ္စာ မူပိုခဲ့တာများ မိန်းမသားတွေတောင် သြချလောက်ပါရဲ့ ။ ဟိုးအတိပ်က ပုဂံရာဇ၀င် စာမှာတွင်ရစ် အချစ်သစ္စာရှင် ကိုဗျက်ဝိကတော့ ချစ်သူက သေဆိုသေ ချစ်သူက နေဆိုနေ နေခဲ့ရှာတဲ့ မိအိုဇာရဲ့ ကွမ်းတစ်ယာ ရေတစ်မုတ်ကြောင့် အသက်ကို စတေး စွန့်လွတ်ဘူးလေရဲ့ကွယ် ။ ရှင်မွှေးလွန်းနဲ့ မင်းနန္ဒါ အချစ်ကလည်း ရာဇ၀င်တွင်ခဲ့လေရဲ့ ။ ......အလွမ်းသမားလေး မောင်ဖေငယ် ကလည်း ချစ်သူအတွက် အသက်ပေးချစ်ခဲ့ ဘူးလေရဲ့ ............ကိန္နရီ ကိန္နရာ မောင်နှံ အချစ်ချောင်းလေးခြား လို့ ရက်ပေါင်း ခုနှစ်ရာ ဆွေးခဲ့တာလည်း ကြားဘူးပါရဲ့ ။ ကျန်စစ်မင်း အလို အရိန္ဒမာ လည်း သိခဲ့လေရဲ့ ..........နတ်ရှင်နောင်နဲ့ ဓာတုကလျာ အချစ်ကလည်း စံပြု လောက်ပေရဲ့............ရိုမီယိုနဲ့ ဂျူးလီယတ် အချစ်ကလည်း အံ့မခန်းပါဘဲ..........တပ်ခ်ျမဟာ ရဲ့သက်သေ အချစ်တွေကလည်း စာဖွဲ့လောက်ပါရဲ့ ................ကိုယ့်ချစ်သူ မိန်းကလေးတွေ အတွက် စံပြုအချစ်တွေ နဲ့ သက်သေစုနိုင်ပါရဲ့သားနဲ့ .........ယောက်ျားတွေ သစ္စာ မှီရာ ဖြစ်မနေတာ ၀မ်းနည်းစရာ အလွန်ကောင်းလှပါတယ် ။ ယောကျာ်းတွေ အချစ်ကပဲ ပေါနေလို့လား မိန်းမသားတွေကပဲ ချောလွန်းနေလို့ မင်းတို့သစ္စာတွေ ယိမ်း ယိုင် ကုန်ကြတာလားကွယ် ။ ထက်အောက် ၀ဲယာ စုန်ဆန်ကြည့်လိုက် မင်းတို့ သစ္စာဖောက်လို့ အသက်ပေးသွားတဲ့ မိန်းကလေးတွေ ...........ခြေတော်တင်ခံရလို့ ပျောက်ပျက်သွားတဲ့ မိန်းကလေးတွေ ...........မိန်းကလေးများကို ငွေဝယ်ကျွန်လို သဘောထား မင်းတို့ ပျော်ပါးလို့ ရေစုန်မြောသွားတဲ့ မိန်းကလေးတွေ............. ငယ်ရွယ်သူရော ပျိုရွယ်သူရော ဇရာအိုရော ..........အိုကွယ် ကုန်ကုန်ပြောရ မင်းတို့ အလိုတခုအတွက် စတေးပေးလိုက် ရတဲ့ ဘ၀တွေ မနည်းပါလား...........ကြွေလွင့်သွားတဲ့ မိန်းမသား ၀ိဥာဉ်တွေသာ ပြုစားနိုင်တဲ့ မှော် ပညာရှင်ဆိုရင် ယောကျာ်းတွေ အတွက် ပေးဆပ်လိုက်ရတဲ့ သူတို့ သစ္စာ............ တွက် မင်းတို့ရဲ့ ဘ၀တွေကို သူတို့လို ပြန်ခံစားစေလိမ့်မယ် လေ ။ ဒါတွေဟာ ယောက်ျားကောင်းတွေရဲ့ သစ္စာတည်ရာတွေလားကွယ် ။ အခတ်အခဲ များစွာနဲ့ မင်းတို့ကိုယ်တိုင် ကြိုးစားရယူခဲ့တဲ့ ချစ်သူ ဇနီးမယားကောင်းတွေ အတွက် ရင်နာစရာ အဖြစ်ဆိုးတွေကို မင်းတို့ သစ္စာတည်ရာ တွေနဲ့ သုံးသပ်ပေးကြပါလား ဟင် ...............။ ယောက်ျားကောင်းတစ်ယောက်ရဲ့ သစ္စာတည်ရာ ဖြစ်ဖို့ မင်းတို့ ချစ်သူ ဇနီးမယား ကောင်းတစ်ယောက်ရဲ့ရင် ကို ဖောက်ထွင်း မြင်နိုင်တဲ့ မယိုယွင်းတဲ့ သစ္စာတရားတွေနဲ့ မြင်ပေးကြပါလားကွယ် ................။ မင်းတို့ သစ္စာတွေ ယွင်းမှားသွားလို့ ပျက်စီးကြေမွှသွားပြီး လမ်းပျောက်သွားတဲ့ မိန်းမသားတွေတွက် ယောကျာ်းကောင်းတစ်ယောက်ရဲ့ သစ္စာတွေဟာ ချစ်သူ မယားကောင်းတွေ တွက် မြတ်နိုးတွယ်တာ တည်မှီရာ နေရာတွေ အဖြစ် ပြောင်းလည်းခြင်း မရှိတဲ့ ယောက်ျားကောင်းတစ်ယောက်ရဲ့ သစ္စာတည်ရာ ရင်ခွင်မဟာ တွေ ဖန်တီးပေးနိုင်တဲ့ ..................... ((((((((( ဘ၀က သင့်ကို ဒုတိယအကြိမ် အခွင့် အရေး အမြဲပေးတတ်ပါတယ် ။ အဲဒါကို (((( မနက်ဖြန် )))) လို့ ခေါ်ပါတယ် ။ ဒါကြောင့် လှပတဲ့ မနက်ဖြန် နေ့ရက်တိုင်း ကို သစ္စာရောင်တွေနဲ့ မင်းတို့ ချယ်မှုန်း ပေး ရင်း ))))))))))))))))))))))))))))))))))) ******* မေတ္တာဖြင့် တော်ဝင်နှင်းဆီ *******

Aptarimas

ant 0001-01-01 sako:

Pridėti komentarą

Prašome Login arba registras į:
  • View Full vartotojai profilį;
  • rasti naujų draugų;
  • rašyti pastabas;
  • Siųsti asmeninį pranešimą.
← ********* အပျိုရည်ကို ဖြိ…   Grįžti į dienoraštį   ********* အနာဂတ် သမီးပျိုတို့ … →
© 2013-2024 Free Video Chat Conferendo! Visos teisės saugomos.
Surasta klaidą ar klaidą vertime? Pasirinkite ją su pele ir paspauskite Ctrl Enter ataskaita.