ဒါတို့ပြည် ဒါတို့မြေ ဒါငါတို့မြေ

Išsiųsta 2010-05-21 iki akyawmyint
Muzika: မြနန္ဒာ.
Tags:ဒါတို့ပြည် ဒါတို့မြေ ဒါငါတို့မြေ

ဖုန်ထူနေပူ ကြွက်ကြွက်ဆူသည် မီးကလည်းပျက် ရေလည်းပျက်။
သောက်သုံးရေရှား၊ရောဂါများ၍ လူများစွာသေစံချိန်ပေ။
ဆက်သွယ်မရ ဖုန်းဒုက္ခနှင့် လိုင်းကားကျပ်ကျပ် လူမတ်တတ်၊
ငွေတွင်းနက်ရာ ကျင့်သိက္ခာနှင့် အာဏာလွန်ဆွဲ အားပြိုင်ပွဲ။
ခေတ်မှီအေးချမ်း နိုင်ငံဝှန်း၌ ပေါများလာပေ (-ာ)/အနှိပ်ခန်းတွေ။
ငွေရှာမခက် လူရိုက်ခက်သည် လူရိုက်တတ်က ငွေရသည်။
ဝတ်စုံပြာ နှင့် လက်ပတ်စီးက အာဏာရသည် တို့တိုင်းပြည်။
ပုဆိုးစိမ်းနှင့် အကျီဖြူကို ကျောင်းသားဘဝက မက်မောသည်။
ခုချိန်များတွင် ဒါတွေမြင်က ရွံရှာလွန်းလို့ အံချင်သည်။
စလုံး မလေး ကြိုက်ရာရွေးလော့ ကျွန်ကုန်သည်များ စောင့်နေသည်။
နိုင်ငံတကာ အလုပ်သမားရှာသည် ဗမာလူဈေးပေါလွန်းသည်။
လူချင်းတူလည်း အဆင့်ကွဲ၍ လောကငရဲခံရသည်။
ကြယ်တပ်နှိုင်သူ များဗိုလ်လူကား လောကစည်းစိမ်ခံနှိုင်သည်။
ငယ်ရွယ်ကျောင်းသူ ဂျူတီယူသည် အချိန်ပိုင်းနှင့် လုပ်ပါသည်။
တက္ကသိုလ်မှာ ဝင်ငွေရှာက ပျော်ပျော်ပါးပါး နေနှိုင်သည်။
ကျောင်းသားဆိုက ခွင့်လွှတ်ရသည် ထင်ရာစိုင်းခွင့်ရပါသည်။
ပါတီနိုင်ငံရေးမလုပ်သေးသမျှ ဘာဖြစ်ဖြစ်ကွယ် ခွင့်လွှတ်တယ်။
အကန်းနဲ့မခြား ကျောင်းပြီးသွားလည်း ပညာမရှိ၊အလုပ်မရှိ။
အကျင့်သီလ ပညာနည်းရှား ဗာလာန များ ပေါလာသည်။
ဆေးစွဲ ဂိန်းဆော့ အကြောလျော့ ဖို့ အချိန်ရှိတိုင်း တွေးကြသည်။
မျိုးဆက်သစ်တွေ ပျက်စီးနေက ဖာ နိုင်ငံကြီး နီးလာပြီ။
ကျောင်းသားလူငယ် တို့မောင်မယ်တို့ စေ့စေ့တွေးပြီး ပြင်သင့်ပြီ။
နာဂစ်အချိန်က အားကိုးရသည် တိုင်းပြည့်မင်းကောင်းပီသသည်။
“ရှာဖွေကာစား မြစ်ချောင်းများတွင် ဖား၊ငါး ပေါသည်တို့တိုင်းပြည်”တဲ့။
“( လူထု ဒုက္ခ ငါ ..အကွက်ရပြီ...) “ ဒေါ်လာလှူကြ!!!! လှူနှိုင်သည်.!!!...”တဲ့။
ဘဘစေတနာ တို့သိပါပြီ ရွှေဝါရောင်မှာ ပြခဲ့ပြီ။
“လူမျိုး ဘာသာ ခွဲခြားမရှိ လမ်းပေါ်ရှိက အကုန်ပစ်စေ။”
သံဃာသွေးများ မြေစွန်းသွားသည် အကြောင်းရင်းရှာက “မေတ္တာပို့”၊
တန်းစီလှည့်ကာ မေတ္တာပို့စဉ် ကျည်ဆံအစစ်နှင့် သေအောင်ပစ်။
လူသားမစစ် စစ်ခွေးညစ်များ ရက်စက်ချက်က ကမ်းကုန်သည်။
အတိတ်ကိုပြန် တွေးကြည့်ပြန်သော် ၈ လေးလုံးလည်း ၇ှိသေးသည်။
လက်ရှိတွေ့ တာ ရေးမှိပါသည် ဘယ်မှာအကောင်းရှိသနည်း။
ငါရေးမှိတာ မှန်ကန်ပါက ဗမာပြည်ကြီး လွတ်လပ်စေ။
မဟုတ်မှန်တာရေးမိပါက ငါ့ ပါးစပ်က သွေးအန်စေ။
မီးပျက် လူပျက် တိုင်းပြည်ပျက်တွင် ငါတို့ အသားကျခဲ့ပြီ။
လောကဓံလမ်း တလကြမ်းနှင် စိတ်အားမလျော့လိုက်လေနဲ့။
ကိုယ်တိုင်ကစ ပြုပြင်ကြရင် ငါတို့ အချိန် မှီသေးသည်။
ဗိုလ်ချုပ်မှာသွား လမ်းစဉ်များက တို့ကို လမ်းပြပါလိမ်.မည်။
အပျင်းကြီးကာ မျှောလိုက်ပါက ဖာနိုင်ကြီးနီးလာပြီ။
အမျိုးသားသတိ အစဉ်ရှိကြ အမျိုးပါပျောက်ဖို့ နီးလာပြီ။

Aptarimas

ant 0001-01-01 sako:
akyawmyint ant 2010-06-01 sako:

မီးပါထပ်လောင်သွားသေးဗျာ...အဆင်ကိုပြေလို့။ဒုက္ခပဲ။

shweyoat ant 2010-05-31 sako:

နောက်များကျတော့လဲ အစဉ်ပြေသွားမှာပေါ့ မိုင်ဘရားသားရယ် ဒါနဲ့ မိုင်ဘရားသားကို ဘယ်သူရိုက်လို့ လည်ထွက်သွားတာလဲ ဟီးဟီး....(စတာခင်ဗျ)

Pridėti komentarą

Prašome Login arba registras į:
  • View Full vartotojai profilį;
  • rasti naujų draugų;
  • rašyti pastabas;
  • Siųsti asmeninį pranešimą.
← ကျက်သရေ မင်္ဂလာ   Grįžti į dienoraštį   ဒီနေ့ ၂၆ ရက်နေ့ →
© 2013-2024 Free Video Chat Conferendo! Visos teisės saugomos.
Surasta klaidą ar klaidą vertime? Pasirinkite ją su pele ir paspauskite Ctrl Enter ataskaita.