မျှော်လင့်နေသူ
Išsiųsta 2009-12-20 iki
83minlwin09
နေ့ စဉ်အမြဲ တွေ့ နေဆဲမို့  ရင်ထဲတွယ်တာ
ချစ်မိပါသည် ရင်ဝယ်မျိုသိပ် အချစ်စိတ်
စိတ်ကြောင့်ခံစားရတယ်အချစ်ရယ်
ချစ်ပါသော်လည်း မပြောရဲလို့ 
ရင်ထဲမှာသာကြိတ်မှိတ်ကာဖြင့်
မေတ္တာနိဂုံး ရင်မှာပျိုးလို့ 
မြတ်နိုးနေရ ကိုယ့်ဘဝ
ပုလဲသွယ်သွယ် အလှကြွယ်သား
အချစ်များစွာ ရင်မှာခိုအောင်း
မင်းအကြောင်းပဲတွေးနေမိတယ်
ပန်းသဇင်နှယ် ယဉ်ကျေးသွယ်လျ
မေတ္တာများစွာ ထားရပါသူ
မြတ်နိုးသူရယ်.....
ပန်းလေးညှင်းနှယ် သင်းထုံကြွယ်သား
သစ္စာများစွာ ရှိပါလေသူ
ကိုယ့်လိုလူကို......
နှောင်ရစ်တွယ်ထား မင်းအင်အားတွေ
ကြီးမားနေပြီ အချစ်ပြည်ကြီး
စွမ်းအင်ကြီးခိုင် မင်းတည်နိုင်အောင်
စွမ်းဆောင်နိုင်လွန်းလှပါသည်....
နွယ် လိုအစဉ်ရစ်ပတ် မနက်ဖြန်များစွာ
ရင်မှာစုထား နှလုံးသားအပြည့်
တစ်ကွေ့ တစ်ဘဝ
မေ့လို့ မှမရတာ..................
{ ဇံယောဒီ }