ဝေးနေတဲ့ ဘဝ..
Posted on 1/7/2010 by
violent528
Mood: .
Music: သွားစို့ အဝေး.
Tags: ဝေးနေတဲ့ ဘဝ
လေပြေရေ.........
ဝေးနေတဲ့ ဘဝမှာ
လွမ်းလွန်းလို့ ကဗျာရေးတော့လည်း
ကဗျာတွေက ကာရန်မဲ့နေတယ်......
ဝေးနေတဲ့ ဘဝမှာ
အလွမ်းဖြေဖို့ .....
ဂစ်တာကောက်ကိုင်တော့လည်း
သီးချင်းတွေက သံစဉ်မဲ့နေတယ်...............
ဝေးနေတဲ့ ဘဝမှာ
တမ်းတမှုတွေနဲ့  ရှုးသွပ်ရင်း
မျှော်လင့်မိပြန်တော့.............
မျှော်လင့်ချက်တွေက
အနာဂတ်မဲ့နေတယ်...............
ဝေးနေတဲ့ ဘဝမှာ
တိတ်ဆိတ်စွာ ကြေကွဲရင်း
ငါ့ဘဝ ငါပြန်ရှာကြည့်တော့.....
ပျော်ရွှင်မှု လည်းမဲ့နေတယ်
ဝေးနေတဲ့ ဘဝမှာ
ငါ့ရင်ခုန်သံ ငါပြန်ကြားရင်း
မင်းရင်ခုန်သံကို နားထောင်ကြည့်တော့
ဟော.............
မင်းနှလုံးသားမှာ
ငါ့ပုံရိပ်လည်းမဲ့နေတယ်.............။ ။
M.M(ရေးသားသူ)
12:50 (AM)
အာလုံးကို ခင်မင်လျက်................
VIOLENT( YUKI )