ရယ်မောပျော်ရွှင်ရသော.....ရယ်စရာအပိုင်းအစများ........

Posted on 12/29/2009 by violent528
Mood: .
Tags: ရယ်စရာ အပိုင်းအစ များရယ်သောသူအသက်ရှည်သည်။

မိန်းမများနှင့် တူသော အားကစား.........

  • ၁၅ နှင့် ၂၀ ကြား ဘောလုံး ၂၂ ယောက်ဝိုင်းလုသည်
  • ၂၀ နှင့် ၂၅ ကြား ဘတ်စကတ်ဘော ၁၂ ယောက်ဝိုင်းလုသည်
  • ၂၅ နှင့် ၃၀ ကြား စားပွဲတင် တင်းနစ် ၂ ယောက်သာကျန်သည် ဟိုဖက်ပုတ်ထုတ် ဒီဖက်ပုတ်ထုတ်
  • ၃၀ နှင့် အထက် ဂေါက်သီးကို ဝေးသထက်ဝေးအောင် ရိုက်ထုတ်ကြသည်။   ။

 

တိုက်ဆိုင်လိုက်ပုံများ....................

မနီသည် အတန်းထဲတွင် အမြဲအိပ်ငိုက်လေ့ရှိသည်။ တစ်နေ့ မနီအိပ်ပျော် နေစဉ်

ဆရာမ။   ။မနီကမ္ဘာကြီးကို ဘယ်သူ ဖန်ဆင်းခဲ့လဲ??

မနီအိပ်ငိုက်နေသဖြင့် မကြားသော်ကြောင့် သူမနောက်တွင် ထိုင်နေသော ကိုဖြိုးမှ ဘောပင်နှင့်ထိုး၍ သတိပေးလိုက်သည်။ထိုအခါ

မနီ။  ။ “ဘုရားသခင်” (လန့် သဖြင့်ယောင်၍အော်လိုက်သည်၊ ထို့ နောက် သူမပြန်လည် အိပ်ပျော်သားပြန်သည်။)

ဆရာမ။    ။တော်လိုက်တာ ၊ နောက်တစ်ခု ထပ်မေးမယ် ၊ တို့ ရဲ့ ကယ်တင်ရှင်က ဘယ်သူလဲ သမီး ?  

ဆရာမမေးသည်ကို မနီက မကြား၊ အိပ်လို့ ကောင်းနေသည် ၊ ထို့ ကြောင့် ကိုဖြိုးမှ ဘောပင်ဖြင့် ထိုး၍ သတိပေးရပြန်သည်။

မနီ။   ။ (လန့် သွားသဖြင့် ယောင်၍ထအော်ပြန်သည်၊ ထိုနောက်တဖန် အိပ်ပျော်ပြန်လေသည်) “ဂျီးဆပ် ခရိုက်စ်”

ဆရာမ။   ။မှန်ပါတယ်၊ ဆရာမ နောက်ဆုံးတစ်ခုမေးချင်တာကတော့ ၂၃ ယောက်မြောက် ကလေးမွေးပြီးတဲ့ နောက်မှာ ဧဝ က အာဒမ်ကို ဘာပြောခဲ့လဲ ?   ?

ဒီတစ်ခါတော့ ကိုဖြိုးအိပ်ပျော်နေသော မနီ ကို ဘောပင်နှင့် နာနာထိုး၍ သတိပေးလိုက်သည်။ မနီ အတော်နာသွားသည်။ ထို့ ကြောင့် အိပ်ယာမှ နိုးလာသဖြင့် ရုတ်တရက် ထလိုက်ကာ.....

မနီ။  ။ နောက်တစ်ခါ ငါ့ ကိုထပ်ထိုးရဲ ထိုးကြည့် ၊ နင့် ဟာကို ထက်ပိုင်း ချိုးပစ်မယ် ။   ။

 

အဖတ်မှားကြပုံများ.........................

ကျား ။ ။ မိန်းမ မင်းအခုဘာလုပ်နေလဲ? ? ?

မ ။ ။စာဖတ်နေတယ်လေ....

ကျား ။  ။ ဘာစာလဲ

မ ။  ။ ဘာလုပ်မလို့ လဲ....တရားစာပေါ့....ရှင်ကဖတ်ချင်လို့ လား

ကျား ။  ။ဟင့်အင်း...ဒါပေမဲ့ ဖက်တော့ဖက်ချင်တယ်....

မ ။  ။ဒါများဖတ်ပေါ့...

ကျား ။ ။လာလေ.....ဖက်မယ်....

မ ။  ။ ရော့ ဖတ်လေ...ကျုပ်တော့ သားနဲ့ သွားအိပ်တော့မယ်....

တတိယ.......

ကျား ။  ။မင်းငါ့တတိယ မယားနဲ့ တူတယ်

မ ။  ။ ရှင်ဘယ်နှစ်ခါ လက်ထပ်ဖူးလဲ

ကျား ။  ။ ၂ ခါ

အားသလား................

ကျား ။   ။ ဒီထိုင်ခုံ အားနေလား ။

မ ။   ။ အားပါတယ် ။ ရှင်ထိုင်ချရင် နောက်ထိုင်ခုံ တစ်ခုလည်း အားသွားပါ လိမ့်မယ် ။

လက်ဆောင်......................

ကျား  ။   ။ ကျွန်တော့်ကိုယ်ကို ခင်ဗျားဆီ လှူချင်ပါတယ် ။

မ ။    ။ ဝမ်းနည်းပါတယ် ။ ကျွန်မ လက်ဆောင် အပေါစား လက်မခံပါဘူး။

သွားမလား...........................

ကျား ။    ။ မင်းနေရာ သွားမလား၊ ကျုပ်နေရာ သွားမလား။

မ  ။   ။ ရှင်က ရှင့်နေရာသွား၊ ကျွန်မက ကျွန်မနေရာသွားမယ်။

ရယ်မောခြင်းဖြင့် ဘဝအမာများ ပြေကြပါစေ........

နှစ်သစ်မှာ စိတ်သစ်ကိုယ့်သစ် နဲ့  ဘဝသစ်ကို ပိုင်ဆိုင်နိုင်ကြပါစေ........

  HAPPY NEW YEARS ....................... 2010

                                    ခင်မင်လျက်......................

                                                 VIOLENT (YUKI)

Discussion

on 1/1/0001 says:
kozyne on 9/2/2013 says:
ဘာသာပြန်လေးတွေထက်ရေးပေးပါလားဖက်ချင်လို့ပါ

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← ဘောင်ထဲကအလွမ်း...............…   Return to blog   ရယ်မောပျော်ရွှင်ရသော.....ရယ်စရာ… →
© 2013-2024 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.