တစ်နေ့နေ့
Posted on 7/9/2010 by
tharhtootbr
တစ်နေ့နေ့
မမြင်နိုင်သော တံခါးတွေကို
ဖွင့်လှစ်ခဲ့တယ်...,
မမြင်နိုင်သော လမ်းတွေမှာ
ရှောက်ခဲ့တယ်...,
ချိုမြတဲ့ အသံတွေ...
ရှိတယ်....,
ယုံကြည်တဲ့ ဆက်သွယ်ချက်တွေ..
ရှိတယ်....,
သို့ပေမဲ့...!
တစ်နေရာဆီ ဝေးနေကြတယ်..။
"အားပေးနှစ်သိမ့်မူ့" တွေက
အကွာ အဝေးတွေကို နီးစပ်စေတယ်...။
တစ်နေ့နေ့ ရှိမယ်...!
ငါတို့ ပတ်ဝန်းကျင် အေးမြမယ်..။
စမ်းရေစီးသံ ကြားရမယ်...။
ဆွဲလဲ ခတ်သံ ကြားရမယ်..။
နေမင်းကြီးလဲ မနက်ခင်း နေလို
နွေထွေးမူ့တွေပေးလိမ့်မယ်..။
လေပြေလေးလဲ မွှေးရနံတွေ
သယ်လာမယ်..။
ပွင့်လန်းတဲ့ပန်းတို့နဲ့ အတူ
ရောင်စုံလိပ်ပြာတို့ "ကခုန်" မယ်..။
ကောင်းကင်ကြီးလဲ တိမ်လိပ်တို့နဲ့ အတူ
အလှဆုံးဖြစ်အောင် ဖန်ဆင်းမယ်...။
ငါတို့ လက်တွေ ချိတ်ဆက်ထားမယ်..။
ချိုမြတဲ့ တေးသံတွေကို
ကျေးငှက်တွေနဲ့ အတူ
ကြူးရင့်မယ်...။
ပွေ့ဖတ်မူ့နဲ့ အတူ
" ကျေးဇူးပါ...ကျေးဇူးပါ.. " လိုပြောလိမ့်မယ်...။
မျက်ဝန်းတွေ လင်းလဲ့နေမယ်...။
ငါတို့ ကိုယ်ငါတို့ အစွမ်းကုန် ပြုံးကြမယ်...။
"အရမ်းချစ်တယ်" ဆိုတဲ့ စကားကို
နုလုံးသားချင်း မမောတမ်းပြောလိမ့်မယ်...။
အချစ်ရေ....!
ဝေးတဲ့ အချိန်ခဏကို တစ်နေ့နေ့စောင့်ရင်း
စက္ကန့်လေးတွေ စိန်စီထားပါတယ်......။
TBR (လင်း)
စိတ်ကူပုံဖော်ပြီးရေးထားတာပါ..။ မြတ်နိုးသူကိုရည်စူးပါတယ်..။စာဖတ်သူလဲ ခံစားလိုရပါတယ်..။