လေဗွေမ သို့ စာတစ်ခွေ
Posted on 6/27/2010 by
tharhtootbr
လေပွေမသို့ စာတစ်ခွေ
မင့် အလှတရားမှာ
ပျော့ပါးစွာ လွှင့်မျောနေတဲ့
ငါ့နုလုံးသားကို
ပါးနပ်မူတို့နဲ
ထင်တိုင်ကြဲ ဝှေရမ်း နေတဲ့
လေပွေမ ရေ...!
တစ်နေ့ မင့်ခွန်အားနဲ
အဝေးဆုံးတစ်နေရာကို
လွှင့်ပြစ်မယ်ဆိုတာ...,
သိပါလျှက်နဲ့ ရူးသွပ်စွာ
ပေးအပ်ထားတယ်ဆိုတာ
မင်းသိမယ်မထင်...!
မင့်မာယာနဲ ငြို့ငြင်ထားတဲ့
ထမှိုက်ဆတွေ ထဲမှာ
စစ်မှန်တဲ့ နုလုံးသားတစ်စုံကို
မင့် လွှင့်ပြစ်ပြီးနောက်
နောင်တမရနဲ လေပွေမရေးးးး!
ငါဘက်က ရယူဖို့ထက်
ချစ်နေရဖို့ပဲ မျော်လင့်တယ်..။
မင့်ရင်က အနမ်းစ တွေထက်
အမှတ်တရတွေပဲ ငါလိုချင်တယ်...။
ငါ့ရဲ့ ချစ်ခြင်းမှာ ရူးသွပ်မူ ပါပေမဲ့
နောင်တ ဆိုတာ မရှိဘူး လေဗွေမရေးးးး ။
စိတ်ကြိုက်သာ ကခုန်ပါ..
စိတ်ကြိုက်သာ ဝှေ့ရမ်းပါ..။
အားရှိသလောက် လွှင့်ပြစ်ပါ..။
ပေါ့ပေါ့ ပါးပါး လွှင့်ပါးသွားဖို့
အဆင်သင့်ပါ လေဗွေမ ရယ်...!
အဆင်သင့်ပါ လေဗွေမရယ်...!
tbr (လင်း)