ခွင့်ပေးပါ..!
Posted on 6/17/2010 by
tharhtootbr
ခွင့်ပေးပါ...!
လေပြေလေးက
စိတ်မာန် အပြည့်နဲ့ တိုက်ခိုက်လိုက်တော့
ကျွန်တော်လွှင့်စင်သွားတာ
ချောက်နက်ကြီးထဲ ကျသွားသလိုပဲ..!
လွှင့်ပါ နေရင်း...
ဘဝက ပိုမှောင်လာသလို...
အသံမည်းတွေ ကြားနေရတယ်...
လေပြေရယ်..။
ဖြစ်နိုင်ရင် လေပြေ၇ယ်...,
မင့်ခွန်အားနဲ ကောင်းကင်ပေါ်ကို
ပင့်တင်ပေးပါ..
ငါနုလုံးသား အစုံကို
မင့် အနားမှာ ပြန်ဝဲ ဖို့
"တောင်ပံ" တပ်ပေးပါ..။
မင့်ကို စောင့်ရှောက်ဖို့
"ဒိုင်း" တစ်ခုနဲ " ဓါး" တစ်လက်ပေးပါ..။
မင့်အတွက်
သံသာလေးတွေ တီးခတ်ဖို့
"နတ်စောင်း" ပေးပါ..။
သစ္စာရှိစွာ.....
မင့်ရဲ နတ်သားလေးဖြစ်နေပါ့မယ်..။
TBR ( လင်း )