သူ့အမေ ရင်ကျိုးအောင်
Posted on 2/23/2010 by
prettygloria
Tags: သူ့အမေ ရင်ကျိုးအောင်
မိဘနှစ်ပါးက သမီးငယ်အား မြို့ကြီးသို့ သွား၍ အလုပ်လုပ်ရန် ခွင့်ပြုလိုက်၏။
သမီးငယ် ထွက်မသွားခင်မှာ မိခင်ကြီးက…
``သမီးအခန်းထဲကို သမီးချစ်သူ ခေါ်မလာပါဘူး´´ဆိုတဲ့ ကတိတစ်ခုတော့
ပေးစေချင်တယ် သမီးရယ်ဟု ပြောပြီး ``အေး…သမီးအခန်းထဲကို သမီးချစ်သူကို
ခေါ်လာတဲ့ဆိုတဲ့ သတင်းသာ မေမေကြားရရင် မေမေ ရင်ကျိုးမှာ အမှန်ပဲကွယ်´´
ဟု လည်း စိုးရိမ်ပူပန်စိတ်ကို လှစ်ပြလိုက်ပါသေးသည်။
သမီးငယ် ထွက်သွားပြီး ရက်သတ္တပတ် အနည်းငယ် အကြာမှာ သားအမိ
ဖုန်းပြောဖြစ် ကြ၏။
``သမီးချစ်သူကို သမီးအခန်းထဲ ခေါ်မလာဘူးနော်။ ဟုတ်တယ် မဟုတ်လား
သမီးလေး´´
``အို..ခေါ်မလာပါဘူး မေမေရဲ့။ မေမေ အတန်တန် မှာထားတဲ့ကိစ္စပဲ၊
သမီး သူ့အခန်းကိုပဲ သွားပါတယ်။ သူ့အမေ ရင်ကျိုးပါစေနော် မေမေရယ်´´