ခြားနာချက်
Posted on 1/22/2010 by
prettygloria
Tags: ခြားနာချက်
(၁)ချစ်သူဘ၀။ ။အလကားနေရင်း အကြည့်ခြင်းဆုံတယ်
အိမ်ထောင်သည်ဘ၀။ ။ အကြည့်ခြင်းဆုံရင်အလကားဖြစ်တယ်
(၂)ချစ်သူဘ၀။ ။အလကားနေရင်း ချစ်သူကိုတမ်းတတယ်
အိမ်ထောင်သည်ဘ၀။ ။ချစ်သူကိုတမ်းတသော်လည်းအလကားဖြစ်တယ်
(၃)ချစ်သူဘ၀။ ။ကလေးဘယ်နှယောက်ယူလိုက်မည်ဟုစိတ်ကူး၏။
အိမ်ထောင်သည်ဘ၀။ ။စိတ်ကူသည့်အတိုင်းကလေးမယူဖြစ်ခဲ့ရင်ကောင်းသားဟုတွေ့မိ၏။
(၄)ချစ်သူဘ၀။ ။ကိုယ်ပိုင်ဆိုင်သမျှသူအားပေးချင်၏။
အိမ်ထောင်သည်ဘ၀။ ။ပိုင်ဆိုင်သမှတိတ်တိတ်လေးဘဏ်တွင်စု၏။
(၅)ချစ်သူဘ၀။ ။မွှန်နေသော်လည်းကိစ္စမရှိ။
အိမ်ထောင်သည်ဘ၀။ ။ကိစ္စရှိမှမွှန်၏။
(၆)ချစ်သူဘ၀။ ။တယောက်နဲ့တယောက်ဖုန်းပြောလျှင်တိုးတိုးပြော၏။
အိမ်ထောင်သည်ဘ၀။ ။ဖုန်းထဲတွင်အော်ရသည်ကိုအားမရ။
(၇)ချစ်သူဘ၀။ ။ချစ်သူအကြောင်းကဗျာရေး၏။
အိမ်ထောင်သည်ဘ၀။ ။ကဗျာရေးသူ ငစနူ
(၈)ချစ်သူဘ၀။ ။သူငိုရင်ကိုယ်လည်းငိုသည်။
အိမ်ထောင်သည်ဘ၀။ ။သူငိုရင်TVအစီစဉ်ကောင်း၏။
(၉)ချစ်သူဘ၀။ ။သူ့မွေ့နေ့ကိုအလွတ်ရ၏။
အိမ်ထောင်သည်ဘ၀။ ။ကိုယ်မွေးနေ့ကိုပင်အလွတ်မရ။
(၁၀)ချစ်သူဘ၀။ ။လူတောထဲတွင်လက်ချင်းချိတ်ရင်သွား၏။
အိမ်ထောင်သည်ဘ၀။ ။လူတောထဲတွင်မျက်စောင်းချိတ်ရင်သွား၏။
(၁၁)ချစ်သူဘ၀။ ။အစားစားလျှင်ခွံ့ ကျွေးမှကြွေးမှကြိုက်သည်။
အိမ်ထောင်သည်ဘ၀။ ။အစားစားစားလျှင်ဇွန်ကိုင်လိုက်မှာကြောက်၏။
(၁၂)ချစ်သူဘ၀။ ။အချစ်သီချင်းသာနားထောင်၏။
အိမ်ထောင်သည်ဘ၀။ ။ကက်ဆက်အကြောင်းသာပြော၏။
(၁၃)ချစ်သူဘ၀။ ။ချစ်သူအကြောင်းသာပြော၏။
အိမ်ထောင်သည်ဘ၀။ ။သံသရာမှလွတ်မြောက်ရာအကြောင်းသာပြော၏။
(၁၄)ချစ်သူဘ၀။ ။ချစ်သူလုပ်သမျှစိတ်ဝင်စား၏။
အိမ်ထောင်သည်ဘ၀။ ။လူပေါင်းမှားသည့်အတွက်ရင်ထုမနာဖြစ်ရ၏။