လူတစ်မျိုးရှိသည်

Posted on 11/3/2009 by prettygloria



လောကကြီးတွင်လူတစ်မျိုးရှိသည်..

....
ကိုယ်နှင့်အတူ ရှိနေသော အချိန်များတွင် အစားအသောက် ကောင်းများကို ကိုယ့်အတွက်အမြဲချန်ထားတတ်ပြီး
ရာသီဥတုအေးလျှင် အနွေးထည်ထပ်ဖို့၊ အပြင်ထွက်လျှင် အစစအရာရာ
သတိနှင့်နေဖို့ ဂရုတစိုက် အမြဲမှာတတ်သည်။ တစ်ခါတစ်ရံ ထိုအပြောများကိုကိုယ်ကနားပူသည်ဟု
ထင်ခဲ့သော်လည်း စိတ်ထဲတွင်မူ နွေးထွေးသောမေတ္တာကို ခံစားရသည်။
ကိုယ့်မုန့်ဖိုးလိုသောအချိန်
လက်ဖြန့်တောင်းလျှင် ပိုက်ဆံရှာရသည်မှာ မည်မျှ ခက်ခဲကြောင်း၊ ပိုက်ဆံ၏တန်ဖိုးကို
ပြောပြတတ်သည်။ ပါးစပ်က တပျစ် တောက်တောက် ရေရွတ်နေသော်လည်း လက်ကပိုက်ဆံကမ်းပေးနေတတ်သည်။
*ထိုလူမျိုးကို မိဘ ဟုခေါ်သည်။*

လောကကြီးတွင်လူတစ်မျိုးရှိသည်..
....
အမှားအမှန် ခွဲခြားသိမြင်အောင် သွန်သင်ဆုံးမတတ်ပြီး သားသမီး အရင်းချာကဲ့သို့ပဲ့ကိုင်လမ်းညွှန်တတ်သည်။
စည်းကမ်းတွေ ချမှတ်ပေးတတ်ပြီး ဗဟုသုတများကို
မျှဝေပေးတတ်သည်။
ဆူပူ ကြိမ်းမောင်းခြင်းမှာလည်း လူတော်လူကောင်းဖြစ်စေချင်သော
စေတနာသာလျှင်ဖြစ်သည်။
*ထိုလူမျိုးကို ဆရာ ဟုခေါ်သည်။*

လောကကြီးတွင်လူတစ်မျိုးရှိသည်..
....
တစ်ခါတစ်ရံ ကိုယ်နှင့်ရန်ဖြစ်တတ်ပြီး စကားနိုင်လည်း လုတတ်သေးသည်။ ကိုယ့်ဝေစုကိုလုစားတတ်ပြီး
မိဘကိုလည်း အတိုင်အတော လုပ်တတ်သေးသည်။ သို့သော် ကိုယ့်ကို
တစ်ခြားလူများထက် ပိုချစ်ပြီး ပိုဂရုစိုက်တတ်သည်။ အရေးကြုံပါကသွေးနီးကြသည်။
*ထိုလူမျိုးကို မောင်နှမ ဟုခေါ်သည်။*

လောကကြီးတွင်လူတစ်မျိုးရှိသည်..
...
မတွေ့ မမြင်ရလျှင်လွမ်းနေတတ်ပြီး တွေ့ပြန်လျှင်ရင်တွေခုန်က ဆွံအနေတတ်သည်။
စိတ်ထဲ၊အတွေးထဲတွင်
အမြဲလွှမ်းမိုးနေတတ်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်အောင်လည်း
အိပ်မက်ထဲထိ
ကြီးစိုးနေတတ်သည်။ ကိုယ့်အတွက် အလှပဆုံးနှင့် အချိုမြိန်ဆုံး ပန်းသီးလေးတစ်လုံးလိုပင်။
*ထိုလူမျိုးကို ချစ်သူ ဟုခေါ်သည်။*

လောကကြီးတွင်လူတစ်မျိုးရှိသည်..
...
တခြားလူ မသိသော ကိုယ်၏လျှို့ဝှက်ချက်များကို သူသိသည်။ ကိုယ်စာမရသော အချိန်တွင်
ရှင်းပြတတ်ပြီး ကိုယ်အမှားလုပ်မိသောအချိန်တွင် ကိုယ့်ဘက်မှ ရပ်တည်ပြီး
ဝန်ခံပေးတတ်သည်။
အားငယ်သောအချိန်တွင် အားပေးတတ်ပြီး ၀မ်းနည်းနေသည့် အချိန်များတွင်နှစ်သိမ့်တတ်သည်။
ကိုယ်အဆင်ပြေလျှင် သူ့ကို မေ့နေတတ်ပြီး အဆင်မပြေသော အချိန်များတွင်ကိုယ်ရင်ဖွင့်သမျှကို
စိတ်ရှည်ရှည် နားထောင်ပေး တတ်သည်။ သူနှင့်အတူရှိနေမည့် အချိန်များကချစ်သူတစ်ယောက်
ထက်ပင် ကြာရှည်ခိုင်မြဲတတ်သည်။
*ထိုလူမျိုးကို သူငယ်ချင်း ဟုခေါ်သည်။*

Discussion

on 1/1/0001 says:
prettygloria on 12/8/2009 says:

yagusa:

very nice wh really u are right wh u are the best wh

thz bro

yagusa on 12/8/2009 says:

very nice wh really u are right wh u are the best wh

prettygloria on 11/8/2009 says:

shweyoat:

ဟုတ်ရမယ်လေ..ဟုတ်ရမယ်.....ဟုတ်ကိုဟုတ်နေရမယ်..ဟီးဟီး

prettygloria on 11/8/2009 says:

nyeinmahaw08:

မမပေးတဲ့ဆုနဲ့ပြည့်ရပါလို၏။။ မမလည်းအဲလိုလူမျိုးတွေနဲ့ပဲတွေ့ပြီးပျော်ရွင်ပါစေ

shweyoat on 11/3/2009 says:

ကောင်းလိုက်တာ ဟုတ်တာပေါ့။။။

nyeinmahaw08 on 11/3/2009 says:

တင်သွားတဲ့ ပိုစ် လေး က  သိပ်ကို ကောင်းတယ်ညီမလေးရေ  ထိုလူမျိုးတွေ နဲ့ ပဲ ဆုံဆည်းပျော်ရွင်ပါစေကွယ်

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← အချစ်ကမ်းလှမ်းမူကိုစီးပွားရေးဆ…   Return to blog   တစ်ခုကိန်း၏တန်ဖိုးများ →
© 2013-2025 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.