အတိတ်

Posted on 11/6/2009 by nyeinmahaw08

အသုံးမလို တဲ့  အမှိုက်ပုံ က  .. ...........

အတိတ်ဆိုတာကို သက်သေပြနေတယ်။

အဟောင်းအဆွေး အစုတ်အပြတ် တို့ ရဲ့ 

အသုံးမ၀င်ခြင်း ၊နှစ်သက်ဖွယ်မရှိခြင်း ၊တန်ဖိုးမဲ့  သွားခြင်း က

အတိတ်ကို  ဆို တဲ့  အရာ ကို လက်တွေ့  ပြနေတယ်  ။

ခံစားမှု့  အပုတ်အသိုး နဲ့ 

စိတ်ပျက်စရာကောင်းတဲ့ 

ထပ်တလဲလဲ  ဖြစ်ရပ်တွေ က 

မုန်းတီးရွံ ရှာဖွယ် အတိတ်က ဖော်ကျူး နေတယ် ။ 

ယုံကြည် အားကိုးစွာ  မက်မောတွယ်တာ ချစ်ရခြင်း တွေ က

ဖောက်ပြန်ခြင်း  အမူရာ ကို  ထင်းလင်းစွာ ပြပြီး ၀န်ခံကာ

တွယ်တာသူ အား  ရက်စက်ခြင်းဖြင့်   ................

ခပ်လှောင်လှောင် ကျောခိုင်းသွားတယ်။

လွမ်းဆွေး အောင်ပြုလုပ်ပေးတဲ့   လောက မာယာကို သက်သေအဖြစ်

အလွမ်းကို ချပြထားတယ်   .................။

စွဲလမ်းခြင်းဆိုတဲ့  သံယောဇဉ်တရား ကိုဖြစ်ပေါ်စေတဲ့ 

စိတ်ရဲ့  ဥပါဒါန်ကို ပဲ လူတွေ  က အတိတ် လို့ ခေါ်ကြပါသတဲ့ ။

Discussion

on 1/1/0001 says:
seagull17 on 11/7/2009 says:

မတွေ.တာကြာပြီနော်အမ.။။ညီမလေးသတိရနေပါတယ်

ပျော်ရွင်ပါစေ

ချစ်မ

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← ပြုံးလျှက်ပါ   Return to blog   စိတ်ရင်းကောင်း ဆိုတာ →
© 2013-2025 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.