ဓမ္မနည်းကျ ဆွေး နွေး ခြင်း

Posted on 10/5/2009 by nyeinmahaw08

    ဓမ္မ ကိုဆွေးနွေး တဲ့ အခါ  မှာ  တခါ တလေ ဓမ္မ ကနေအဓမ္မတွေ ဖြစ်သွားတတ်ပါတယ် ဘယ်အရာရာကိုပဲ

ဖြစ်ဖြစ်   ဓမ္မနည်းကျဆွေးနွေး ရန်တွက် မြတ်ဗုဒ္ဓ က သေချာ စေ့စေ့စပ်စပ်ဟောပေးခဲ့ ပါတယ်.............. 

 ကျွန်မတို့   လူတွေ ဟာ ဘယ်အကြောင်းအရာကိုပဲဖြစ်ဖြစ်  အငြင်းသန်ပြီးရန်ပွဲတွေ ဖြစ်တာ ကြားဘူး သလို မုန်းသွားတတ်တာတွေလဲ ဖြစ်တတ်ပါတယ် ဒါကြောင့်

ဘုရားရှင်ဟောထားခဲ့ တာ  ကို သိစေချင်ပါတယ်

    အဂုင်္တ္ထုရ်   တိကနိပါတ်ထဲ က  ကထာဝတ္ထု သုတ်  မှ  သိခြင်းနှင့် ကြည်ညိုခြင်း  ဟာ စင်စစ်  သိခြင်းကြည်ညိုခြင်း  အကျိုးငှာ လို့ ဆိုတဲ့ စကား  ဟာ သိဖို့ အတွက်  ၊  ကြည်ညိုခြင်း ဖြစ်ဖို့ အတွက်သာ ပညာရှိ  သူတော်ကောင်းများဟာဆွေးနွေးသင့်တယ်  လို့  ဆုံးမ  တဲ့ စကားဖြစ်ပါတယ်  ...........  

  ဘုရား စကားဟာ ဘယ်လောက်ကြည်ညို ဖို့ ကောင်းသလဲ .....  ဒီသုတ္တန် ဟာ   ဘ၀ရှေ့ ဆောင် ဓာတ်မီးရောင်   တခု ပါပဲ .....   ဒီသုတ်မှာ  ဘုရားက  တရားကို ဓမ္မနည်းကျဆွေးနွေး  ပုံသဘောကို  အတိကျ   သတ်မှတ်  ပြီး  ဟောပါတယ်   ဒီတရားကိုသာ  တစ်ကမ္ဘာ လုံးက လူ တွေလိုက်နာ ကျင့်ကြံ မယ်ဆို ရင်တောင်ပြသာနာမှန်သမျှ ဖြေရှင်း နိုင်မယ်လို ထင်ပါတယ်....................

 

         ဘုရားဟောတဲ့ ဓမ္မနည်းကျ  ဆွေးနွေးမူရဲ့ အဓိက  ကျတဲ့ အချက်  (၁၀) ချက်ရှိပါတယ် 

(၁)  ပညာရှိ သည် မဆန့် ကျင် မထောင်လွှား ဘဲဆွေးနွေးသင့်တယ်၊ 

(၂)  မပြန့် လွင့်တဲ့ စိတ်နဲ့   ဆွေးနွေးသင့်တယ်၊ 

(၃) ဂုဏ်မပြိုင်  နိုင်ထက်စီးနင်းမပြု ဘဲ ဆွေးနွေးသင့်တယ်၊ 

(၅) ကောင်းစွာ သိလို့ သာ  ဆွေးနွေးသင့်တယ် ၊

(၆)  သူတစ်ပါးကို ချုပ်ချယ်စောင်းမြောင်း ခြင်း  ကိုမပြုသင့်  

(ရ)ချွတ်ချော်သောစကား ကိုလည်း အပြစ်လို့ မယူသင့် ၊

(၈)  ပါဠိ  ပါ ဠ်သား များကိုရွတ်ဆိုပြီးလည်းမလွမ်းမိုး သင့်  ၊ 

(၉)  အကြောင်းပြပြီး ဖိနှိပ်  ခြင်းကို လည်း မပြု သင့် ၊

(၁၀)  အမှန်အမှား  ရောထွေးတဲ့ စကားကိုလည်း  မပြောသင့် ဘူးလို့ လဲ ဟောတဲ့ ဓမ္မနည်းကျ  ဆွေးနွေးခြင်း လမ်းညွန် ကို သဘောကျနှစ်သက်မိပါတယ် .............. 

နောက် ပြီးတော့  ဘုရား က  ဆွေးနွေးသင့်တဲ့ ပုဂ္ဂိုလ်  နဲ့ မဆွေး နွေးသင့်တဲ့ ပုဂ္ဂိုလ် ကိုခွဲခြား ပြီး စံထား အတိကျ  ဟောထား တာလည်း  ထူးခြား လို့ သဘောကျ  ပါတယ်ဒါ ကြောင့်   ဆက်လက်  ရေးသားချင်ပါတယ်  

(၁)  ပြသာနာကို  မေးလိုက်တဲ့ အခါ  တိုက်ရိုက်  ဖြေဆိုရမယ့် ပြသာနာမျိုး  ဖြစ်ပါလျှက်  တိုက်ရိုက်မဖြေချင်ဘူးတဲ့  

(၂)  ဝေဖန်ပြီး  ဖြေဆိုရမယ့်ပြသာနာကိုလည်း  ဝေဖန်ပြီးမဖြေ  ဘူး   တဲ့ 

(၃)  တစ်ဖန်ပြန်မေးပြီး ပြန်ဖြေရမယ့် ပြသာနာ မျိုးကိုကျတော့ လည်းပြန်မေးပြီး  မဖြေဘူး ၊

(၄)တချို့ ကျတော့ပြသာနာ ကို  မေးလိုက်တဲ့ အခါ  အကြောင်းဟုတ်သည် မဟုတ်သည်ကို လည်းမကြည့်   ၊ 

(၅)  ကြံဆအပ်သောအရာကိုလည်းမကြံ ဆ၊ 

(၆) သိရမည့်ဝါဒ ကိုလည်းမပြနိုင်၊

(၇) ဖြေဆိုသူ တို့ ရဲ့ ကျင့်ဝတ်မှာလည်းမတည်ဘူးတဲ့ 

(၈)  တချို့ ကျတော့ပြသာနာ ကိုမေးလိုက်အခါ စကားတခု ကိုတခြားစကားတစ်ခု (စကားကြောင်းလွဲ)  ဖုံးကွယ် တတ်ကြပါတယ် တဲ့  ၊

(၉) မေးတဲ့ ပြသာနာနဲ့ မဆိုင်တဲ့ အပြင်စကားများကို ပြောပြီး ပြသာနာ ကို ပယ်တတ်ကြပါတယ် ၊

(၁၀)  တချို့ က လဲ စိတ်ဆိုး အမျက်ထွက်  ပြီးမနှစ်သက်ဖွယ်အမူရာကိုလည်း  ထင်စွာပြတတ်ကြပါတယ် တဲ့ ၊

(၁၁)  တချို့ ကျတော့လည်းပြသာနာ ကို မေးလိုက်တဲ့ အခါ  ပါဠိ  ပါဠ်  သားတွေကိုတသီကြီး  ရွတ်ပြပြီး  တစ်ဖက်သားကို  လွှမ်းမိုး ဖို့ ကြိုစား တတ်တယ်တဲ့ 

(၁၂)  တချို့ က  အကြောင်းမျိုးမျိုး ပြပြီးဖိနှိပ်တာမျိုးလည်းခံရတတ်ပါတယ်တဲ့  

(၁၃)  တချို့ ကတော့ တတ်ယောင်ကား ပုံစံ  မျိုးနဲ့ မေးသူ ရဲ့ စိတ်မှာသံသယ  ရှိလာအောင် ဟားတိုက်ရယ်မောတတ်ပါတယ်တဲ့  ၊

(၁၄) တချို့ က တော့အနည်း ငယ် မှားယွင်း ချွတ်ချော်တာတွေ့ ရင် အမှားဖမ်း  တတ်ကြပါတယ် တဲ့ ။   အဲဒီသဘောရှိတဲ့  သူမျိုးနဲ့  မဆွေးနွေးသင့်  ဘူး လို့ ဘုရားဟောထားပါတယ်..................

          ဘုရားဟောတဲ့ သဘောတရားကို  နားလည်သဘောပေါက်ပြီး  ဓမ္မဆွေးနွေး ရာမှာအဓမ္မ ဆွေးနွေးခြင်းများမှ ကင်းဝေးကြပါစေလို့ .......

Discussion

on 1/1/0001 says:
phoaung008 on 10/18/2009 says:

saleisha ကိုပြောတာ

phoaung008 on 10/18/2009 says:

ဒါက ဘယ်လိုဖြစ်တာပါလိမ့် ?

ဒါကို ကျွန်တော် မတင်ဘူးနော်။

thidange on 10/17/2009 says:
phoaung008:

သာဓုဗျာ သာဓု...သာဓု.....

Very very very Good.

I agree with you.

pyinnyarnanda on 10/6/2009 says:
hello phoaung sardu mean if you have some idea pls tell me something i also want to call sardu like you if you don;t mind because without explain without discuss why you call like that sorry dear i cant follow that s why
phoaung008 on 10/6/2009 says:

သာဓုဗျာ သာဓု...သာဓု.....

pyinnyarnanda on 10/6/2009 says:

I am a Buddhist monk from Myanmar. Presently I am studying at International University of Main Kelaniya in Srilanka. I would like to say to everybody, that one day everybody will have to leave from this world . So we should do some wholesome actions before leaving this world. For it, we should develop such things..( Right View, Right thought, Right speech, Right work, Right livelihood, Right effort, Right mindfulness, Right concentration and meditation) in our lives. After dying there is no chance to collect the merits. Now, I'm following in this way. So everybody welcomes to get an experience with me.

nyeinmahaw08 on 10/5/2009 says:

ဘုန်းဘုန်းအရှင်ပညာနန္ဒ တွက် ရည်ရွယ်ပါသည် ............... 

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← မျက်ရည်စမ်းရေ    Return to blog   သစ်ပင် →
© 2013-2024 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.