လောဘ ဆိုတာဘာလဲ
Posted on 8/10/2009 by nyeinmahaw08
ကိလေသာဆယ်ပါး ထဲ က တစ်ပါးဖြစ်တဲ့ 
လောဘ(လိုချင်တပ်မက်မူ)  အကြောင်းလေး ကိုပြောပြချင်ပါတယ် 
ဒါကြောင့်လောဘဆို တာဘာလဲ သိထားသင့် ပါတယ် 
လောဘဆိုတာ ပူလောင်စေပါတယ် လူကို အစဉ်သဖြင့် နှိပ်စက်တယ်  နစ်မွန်းစေတယ် ဘုရားရှင်က ဟောထားတာ က သဘောတရားကတော့  လိုချင်တာတပ်မက်တာလောဘ ပါ ။
လောဘကိုအကြောင်းခံပြီး ဖြစ်လာတဲ့  ပူလောင်စေတဲ့ တရားတွေ ပုထုဇဉ် ကို မနေနိုင်အောင်နှိပ်စက်တဲ့ တရားတွေ  က များပါတယ် ။  လောဘကြောင့်
(၁)စွဲလမ်းခြင်းသဘော ရာဂ ဖြစ် လာတယ်။
(၂)အပြင်းထန် စွဲလမ်းခြင်း သာရာဂ ဖြစ်လာတဲ့ အခါ လူ့ စိတ်ဟာ ဘယ်လိုနေရမလဲ အိပ်မရ စားမရ အပူနာတွေဖြစ်လာတယ်။
ချစ်ကြိုက်
ပေါင်းဖော်ရောနှောခြင်းကလဲလောဘ။
ချစ်ကြိုက် ပြီးတွယ်တာနေတာ ကလဲလောဘ။
နှောင်ဖွဲ့ တာကလဲလောဘ။
တောင့်တတာ လွမ်းတာ တမ်းတတာ လောဘ။
အဆင်း အနံ့  အရသာ အသံ  အတွေ့ အာရုံ အားလုံးကို တောင့် တ တာ ပစ္စည်းဥစ္စာတောင့်တ မူ သားသမီးတောင့်တ မူ အသက်ရှင် ခြင်းတောင့်တမူ ကျန်းမာခြင်းတောင့်တ ခြင်းအားလုံးလောဘပဲ။
ငါ့ ဟာ ငါ့ ဥစ္စာ လိုပြောဆိုစေတတ်တဲ့တပ်မက်မူ သဘော အချိန် ရှိ သရွေ့ ငါ့  ငါ ငါ ဆိုတာလဲလောဘ။
အဆမတန်လိုချင်နေတာလဲလောဘ မျှော်လင့်ခြင်း ၊တောင့်တခြင်း ၊ ချစ်ခင်ခြင်းကလဲလောဘ၊
ဝဠ်ဆင်းရဲမှာ ဆက်စပ်ထုံးဖွဲ့ ခြင်း ဂန္တ ဟာလည်းလောဘ၊၊  သတ္တ၀ါ ကို ဆင်းရဲ မှာ နှောင်ဖွဲ့ စေတတ်တာလဲလောဘ
စိတ်ကိုကပ်ပြီးညစ်နွမ်းစေတာလဲလောဘ
ဆင်းရဲခြင်းရဲ့ အခြေမြစ်ဒုက္ခ မူလဟာလဲလောဘ
အကုသိုလ်တရားတို့ ရဲ့ မူလ အခြေမြစ်အကုသလ မူလဟာလည်း လောဘ ပါ  ဘုရားရှင်က  ဟောခဲ့တဲ့ လောဘအကြောင်းတွေ ပါ ။
Discussion
on 1/1/0001 says:
nyeinmahaw08 on 9/7/2009 says:
နှစ်ခု စလုံး ပါပဲ  
myo135 on 8/30/2009 says:
လောဘနဲ.ဒေါသ ဘယ်အရာက ပိုကြောက်စရာကောင်းပါသလဲ။
ayeayethin007 on 8/28/2009 says:
ချစ်သမိးကြိးရေ။
လောဘဆိုတာမိး....တစ်မျိုးလို့ဘဲသတ်မှတ်ကြရအောင်းအဲသလိုဆိုလဲ 
မေမေတို့လူသားအားလုံးဟာ...သည်မိးတောက်ကိုတောက်အောင်လုပ်ပေးခဲ့  တဲ့  ထင်းတွေ  ပါဘဲ.
ချစ်မေမေ
nyeinmahaw08 on 8/28/2009 says:
ကျေးဇူးတင်ပါတယ် မစ္စတာ ဘွန်း  ......    ဆက်လက်အားပေးပါနော် 
ကမ္ဘာ ကျော် တစ်ယောက်လုံး အားပေးတာ ဆိုတော့ ငြိမ်းမဟော်  အားရှိလိုက်တာ ဟဲဟဲ
ငြိမ်းမဟော်တွက် ဘလော့ခ်ရေးနိုင်မယ့် အားဆေး တခွက်ပေါ့ မစ္စတာဘွန်း  .....
007usanshar on 8/11/2009 says:
      မရှင်းတာတွေရှင်းသွားတာဘဲ။ ဖေါင့်ဆိုက်တွေအကြီးကြီးနဲ့ပိုစ်တင်လို့လေ။
     ဆက်ရေးဦးဗျို့ တစ်နေ.တစ်နေ. ဥစ္စာရရင်ရ ၊ပညာရရင်ရ ၊ ကုသိုလ်ရရင်၇၊
     အဲဒါမှမြတ်တယ်လို့ပြောတယ်။ဘလောက်ကစာတွေဖက်ရတာ ပညာနဲ့
     သက်ဆိုင်တာတွေရေးပေးတော့  ရေးတဲ့သူ စုဆောင်းပေးတဲ့သူတွေလဲကုသိုလ်ရ။
     ဖတ်တဲ့သူတွေလဲပညာရ။ ဘလောက်တန်ဖိုးလဲတက်တာပေါ့ဗျာ
     သာဓုပါဗျာ။ ကျေးဇူးဘဲဗျို့။
nyeinmahaw08 on 8/11/2009 says:
ဟဲ့ ကုန်သေးဘူး ဟ  မင်းတွက် မင်းတွက်
83minlwin09 on 8/10/2009 says:
  ဦးစေကိန္ဒရဲ့ စာတွေကုန်ပြီလား ဟ
Add Comment
Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← စိတ်ညစ်ခြင်းရဲ့ အကျိုးရလဒ်   Return to blog   မျောက်တွေ လက်ကို ဘယ်မှာထားမလဲ →
© 2013-2025 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.