သင်ရုပ်တု ကို ကိုးကွယ်နေတာလား

Posted on 8/5/2009 by nyeinmahaw08

သင်ရုပ်တုကို ကိုးကွယ်နေတာလား  လို့  သင့်ကိုမေးခဲ့ ရင်ဘယ်လို ပြန်ဖြေမလဲ .......  ဗုဒ္ဓ ဘာသာဖြစ်လာ ဖို့  ကိစ္စ မှာ  ရုပ်တု ကိုးကွယ်ခြင်း ပူဇော်ပသ ခြင်း ဆိုတဲ့ ကိစ္စ နှစ်ခု က  တော်တော် စိတ်အနှောင့်အယှက် ဖြစ် စေတယ်  အင်္ဂလိပ်လို ဆိုရင် အဲဒါ က Ritualiasm  ပူဇော်ပသမူ့ အလေ့ထ လို့ ခေါ်တယ်  ဘုရားစင် မှာ  ပူဇော်ခြင်း ကို တရားသဘောနဲ့ မကြည့် မြင်တတ်ပါ က  ဒါဟာ လောကီအကျိုး စီးပွား  ကိုမျှော်လင့် ပြီး  ပူဇော်ပသ တဲ့ သက္ကာယဒိဠိ  ဖြစ်သွားပြီ   ....  ဗုဒ္ဓဟာ ဖန်ဆင်းရှင် ဘုရား မဟုတ်ဘူး  မ စ တာတို့   ကို  ဘာမှ လုပ်မပေး ဘူး  မြတ်စွာဘုရားဟာ ပရိနိဗ္ဗာန်ပြုသွားပြီ  မြတ်စွာဘုရား ကိုပူဇော် တာ သူရဲ့  ဂုဏ်ကျေးဇူး  နဲ့ သူတရားတွေ ကိုပူဇော်တာမျိုး ပဲဖြစ်ရမယ်   ရုပ်တုကိုမစွဲ လမ်းရဘူး    ငါ့ ကန်တော့ရင် ဘုရားက ငါ့ ကိုမ မှာပဲ ဆုတောင်းတိုင်းတော့ပြည့်မှာပဲ ဆိုတဲ့ အယူစွဲ တွေ ကို မထားသင့် ပါဘူး 

ရုပ်တုဆင်းတော်ကို  တည်ထားကိုးကွယ် တာကတော့ Idol ခေါ်တဲ့  ရုပ်ပွားဆင်းတုကို  ပူဇော်တာ  မဟုတ်ဘူး  Ideal  ဆို တဲ့   ယုံကြည်ချက်စံနမူနာ ဂုဏ်ကျေးဇူး အဖြာဖြာ ကို ရည်မှန်းပူဇော်တာ ဖြစ်ပါတယ်  ပညတ်နဲ့ ပရမတ် ကွဲရမယ်  ရုပ်တု ကိုမစွဲလမ်းရဘူး   အရဟံ သမ္မာသမ္ဗုဒ္ဓေါ    ဆိုတဲ့ ဘုရားဂုဏ်တော်ကိုအစဉ်မြဲ  အောက်မေ့ ခြင်းဖြင့် ပဲ ကမ္မဠာန်းဖြစ်စေပါတယ်။ အဲဒီ တော့ ကျွန်မ တို့ ကိုမေးခဲ့ ပါကပြန်ဖြေနိုင်ရမယ်  ... ရွေတိဂုံဘုရားပေါ်မှာ မြင်မကောင်းအောင်  ဆုတောင်းပဌာ  ပြုနေကျတာ အော်ကြီးဟစ်ကျယ် ဆုတောင်းတတွတ်တွတ်ရွတ်နေတာတွေက မသင့်တော်ပါဘူး  

ပန်းနံသာ နဲ့ ဆီမီး ပူဇော်  နေတာ ကလဲ  ကိုယ့်တွက် ရည်ရွယ်ပြီး  ငါ တော့အဆင်ပြေပေါစေ ဆိုတဲ့  စိတ်နဲ့ ကပ်လျှူပူဇော်တာမျိုးမဖြစ်ရပါဘူး   ဒါ ပေမယ့် ဒီလို ပူဇော်ကြတာကလဲ ဗုဒ္ဓဘာသာဝင်တွေ ရဲ့ ဓလေ့ ထုံးစံ ဖြစ်နေပါပြီ  ဒီလို ပူဇော် ခြင်းမျိုးဟာသွယ်ဝိုက်သောနည်းဖြင့်ဘာဝနာတရားပွားများတာဖြစ်ရပါမယ်

အလင်းဓာတ် ထွန်းညှိ့ ပူဇော်တာကလည်းထူးမြတ်တဲ့ ဥာဏ်ကိုကိုယ်စားပြုတာဖြစ်ပါတယ် အဲလို ထွန်းညှိပူဇော် လိုက်ခြင်းအားဖြင့် ဗောဓိဥာဏ်မဂ် ဥာဏ်  ဖိုလ်ဥာဏ် ရပါ လို ၏ လိုရည်ရွယ်လိုက်ခြင်းမျိုးနဲ့ ပူဇော်ရမယ် အမွှေး နံ သာ ကတော့သီလဂုဏ် သမာဓိဂုဏ်ကို ကိုယ်စားပြုပါတယ်သီလ ရှိ တဲ့ ပုဂ္ဂိုလ် သမာဓိရှိတဲ့ ပုဂ္ဂိုလ် ရဲ့ ဂုဏ်သတင်းဟာပျံနှံ့ သွားတတ်တယ် အမွေးနံ သာက တော့သီလသမာဓိကိုကိုယ်စားပြုပူဇော်ခြင်းဖြစ်ပါတယ် ပန်း နဲ့ ပူဇော်တာကတော့  နှလုံးသွင်း  ရမယ်ဘာလဲဆိုတော့ အနိစ္စ တရားပါပဲ  ပန်းဆိုတာ လန်းဆန်းလှပ နေတယ်  တိုတောင်းတဲ့ အချိန်တွင်းမှာ ညိုးခြောက် ပျက်စီးသွား ပြီးနံစော်သွားတတ်တယ်လေ ဒီ လက္ခဏာကို ခန္တာမှာ ရူ့ မှတ် ရမယ် ဒီလို ပွားများပြီးဘုရားရှင်ကိုပူဇော်တတ်မှ ဗုဒ္ဓ နည်းကျ ဘုရားကို ပူဇော်ခြင်း အစစ်မှန်ဖြစ်ပါတယ်  

နောက်တမျိုး  ကတော့ သောက်တော်ရေချမ်းနဲ့ ဆွမ်း ကပ်တဲ့ ကိစ္စ ကို ဘာသာခြားတော်တော်များများက မေးမြန်းခြင်းကိုခံရပါတယ် .... 

ဒါကတော့ဘုရားရှင် သုံးဆောင် ဖို့ ပူဇော်ခြင်းမျိုးမဟုတ်ပဲ  တကယ်တော့လဲ ဘုရားရှင် ကလဲ ဆွမ်းလဲမစားတော့ဘူးသောက်တော်ရေချမ်းလဲ မသုံးဆောင်တော့ဘူး  ဘုရား ပရိနိဗ္ဗာန် ပြု သွားပြီပဲ    ဒါဖြင့် ဘာလို့ ပူဇော်နေလဲမေးရင်တော့ ဖြေရပါလိမ့်မယ် ဗုဒ္ဓဘာသာမြန်မာလူမျိုး တွေ က ဘုရားတရားသံဃာ ကိုဦးထိပ်ထား ပါတယ်ဦးစားပေးပါတယ်  ဘုရားတရားသံဃာ မိဘ ဆရာ ကိုအဦးမထားပဲ  ဘာကိုမှ မစားဘူး  မသောက်ဘူး  ဒါက ကြည်ညိုခြင်း သဒ္ဓါ သဘောတရားပဲ  ဒါဟာကျွန်မ တို့ ရဲ့  မွန်မြတ်တဲ့ ဗုဒ္ဓဘာသာဝင်တို့ ရဲ့ ဓလေ့ ထုံးစံပါပဲ ....

  ဘုရားရှင်ကိုပန်းဆီမီးရေချမ်း ဆွမ်းတွေကို အဓိပ္ပယ်မရှိကပ်နေတာလားလို့ မေးတဲ့  သူငယ်ချင်း  ရေ  ဗုဒ္ဓဘာသာမှာ အဓိပ္ပယ်မရှိတဲ့  အလုပ်ကို ဘယ်တော့မှ မလုပ်ပါဘူး  ......

ကျေနပ်ပါနော် 

 

 

 

 

 

 

 

Discussion

on 1/1/0001 says:
nyeinmahaw08 on 10/4/2009 says:

ပေးတဲ့ ဆုလေးနဲ့  ပို ပြည့်ပါစေရှင်

myo135 on 8/30/2009 says:

ပျော်ရွှင်ပါစေ။

 

kyawhtetaung on 8/30/2009 says:

Hi

Nice answer my friend [vzo=ayeayethin007]

Before i also hear like a that answer

when i was in myanmar!

 

 

yb on 8/29/2009 says:

Buddha images conceal the real Buddha.

Do you see the Truth in the magnificence of the Buddha's body?

 

Scriptures cnoceal the real Dharma.

Do you see beyond the finger (of teachnigs)

that points at the moon (of Truth)?

 

Robes conceal the real Sangha.

Do you see the Truth in their noble speech and action?

 

"The true Triple Gem is beyond form"

ayeayethin007 on 8/28/2009 says:

တစ်ခါက  ဘာသာခြားတစ်ယောက်က...မေမေတို့ဗုဒ္ဓဘာသာတွေ  ကို 

ပြောခဲ့တယ်တဲ့။

နင်တို့ရှည်ခိုးနေတဲ့  ဘုရားဆိုတာ..အုပ်နဲ့လဲတည်ဆောက်တယ်.။သံတွေ 

ကြေးတွေနဲ့လဲတည်ဆောက်တယ်။အိမ်သာတွေ  အသုံးအဆောင်တွေကိုလဲ.အုပ်တွေ 

သဲတွေ  သံတွေ 

ကြေးတွေနဲ့ဘဲတည်ဆောက်ကြတာဘဲ.။တစ်ကယ်တော့  နင်တို့တစ်တွေဟာ..အုပ်ပုံကြိးကိုရှည်ခိုးနေတာ။သံတွေ..ကြေးတွေ .သဲတွေ..ထုံးတွေ  ကိုရျည်ခိုးနေကြတာ..လို့ပြောတယ်တဲ့။အဲဒိတော့   ...မေမေတို့ မြန်မာ...ဗုဒ္ဓဘာသာဝင်က  ပြန်ပြောလိုက်တယ်တဲ့။

ခင်ဗျားမှာ အမေရှိလား....

ရှိတယ်။

နှမ  ရှိလား။

ရှိတယ်။အမရှိလားရှိတယ်။

မိန်းမ  ရှိလား....။

ရှိတယ်.... လို့ ပြန်ပြောတယ်တဲ့.ဘာသာခြားက။

အဲသလိုဆိုယင်...အမေလဲ...မိန်းမ..။နှမလဲ  မိန်းမ  ။အမလဲမိန်းမ..။ကိုယ့်မိန်းမလဲ  မိန်းမ။။။ဘဲ။။။။

ခင်ဇျား  မိန်းမနဲ့  အမေ  အတူတူဘဲ  လို့ ခင်ဗျား  သဘောထားလို့ရလား။

အဲဒီတော့..ဘာသာခြားက...

ဟာ...ဘယ်တူမလဲ...လို့  ပြာပြာသလဲပြောတယ်တဲ့။

အဲဒီတော့မှ...မြန်မာဗုဒ္ဓဘာသာကလဲ...အုပ်ပုံချင်းတူပေမဲ့

သံနဲကြေးနဲ့  တုံးတွေ..သဲတွေနဲ့တည်ဆောက်တာချင်းတူပေမဲ့.....မတူပါဘူးးးး

.......အဲဒီတော့မှ..ဘာသာခြားဟာ.....သဘောပေါက်သွားတယ်တဲ့။

မိန်းမချင်းတူပေမဲ့....အမေနဲ့  အခြားမိန်းမတွေကွာသလို...အုပ်ပုံနဲ.တည်ဆောက်တာချင်တူပေမဲ့...မြတ်ဗုဒ္ဓရဲ့အနိုင်းမဲ့ ဂုဏ်ကျေးဇူးတော်ဟာလဲ...ဘာနဲ့မှမတူပါဘူးတဲ့။

ချစ်သမိးကြီရဲ့...မေမေ

mgcheint on 8/9/2009 says:

ကောင်းပ..ကောင်းပ....ကောင်းပ

007usanshar on 8/7/2009 says:
ကောင်းလေစွ၊ကောင်းလင့်တည်း၊သာဓု အဲဒီလူတွေမေးရင် သင်တို့ရဲ့လင်ကွန်းရုပ်ထုကိုဘာလို့ထုထားတာလဲလို့ပြန်မေးလိုက်ပါ။ သူတို့အမြတ်တနိုးထားလို့ပေါ့လို့ဖြေမှာဘဲ။ လောကမှာအမြတ်တနိုးဖြစ်ကြရတဲ့အထဲမှာ ဒို့ဗုဒ္ဓမြတ်ဘုရားလည်းပဲ ပါတယ်လို့သာဖြေလိုက်ပါ ဘာသာတရားဟာ ယုံကြည်လေးနက်စွာခံယူတက်တဲ့သူတွေမှ ပြောပြလို့ရမှာ။ကျေးဇူးတင်ပါတယ်။

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← ငါးပါးသီလတောင်းတဲ့ အခါ   Return to blog   စိတ်ညစ်ခြင်းရဲ့ အကျိုးရလဒ် →
© 2013-2025 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.