Blog of nay_la_aung RSS Available

Smile Smile is quite a funny,it wrinkles up yours face but but when it gone you never find it it secret hiding place more wonderful to see is what smile can do you smile at her and she smile at you ,one smile make two.

(no title)

Posted on 1/1/0001 by

Read article   Add Comment

ဒီနှစ်အတွက်အကယ်ဒမီ

Posted on 1/1/2012 by nay_la_aung

ဒီနှစ်အကယ်ဒမီ- ♥۩۞۩♥ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို (ရပ်တော့မြစ်ဆုံ) ဇာတ်ကားဖြင့် "ဦးသိန်းစိန်" ... ♥۩۞۩♥ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို (စီးပွားရှာတာလွယ်လိုက်တာ) ဇာတ်ကား မှဒေါက်တာနုနုသာ" (ရန်ကုန်ပြည်သူ့ ဆေးရုံအုပ်ကြီး) ♥۩۞۩♥ အကောင်းဆုံးဗီလိန်ဆုကို (ငါလည်းချစ်သည်ဧရာဝတီ) ဇာတ်ကားမှ မျက်ရည်များဖြင့်အကောင်းဆုံး သရုပ်ဆောင်သွားသော ကျွန်တော်လည်းဧရာဝတီကိုချစ်ပါတယ် ဆိုသည့် "ဦးကျော်ဆန်း" ♥۩۞۩♥ အကောင်းဆုံးလူကြမ်းမင်းသားဆုကို (ငါ့လောက်တတ်သလားရေအား) ဇာတ်ကားမှ မီဂါဝှပ် ၁၅၀၀ပိုလျှံ၍ရောင်းစားရသည်ဆိုသော "ဦးဇော်မင်း" ♥۩۞۩♥အကောင်းဆုံးဒါရိုက်တာဆုကို (ငါလုံးဝမပါတော့မည်) ဇာတ်ကားတွင် နောက်ကွယ်မှ အကောင်းဆုံးကြိုးကိုင်၍ ရိုက်ကွင်းအမိန့် ပေးသွားနိုင်သူ" ဦးသန်းရွှေ"တို့က ရရှိမည်ဟု.. ဟိုပါဒီပါ မီဒီယာသတင်း ရပ်ကွက်မှသတင်းရရှိသည်။

Read article   Add Comment

ချစ်တဲ့မောင်

Posted on 1/6/2011 by nay_la_aung

လူတစ်ယောက်သည် ဟိုတယ်တစ်ခုတွင် Check-in ၀င်ပြီးသသည့်နောက် သူနေရမည့်
အခန်းသို့ ၀င်သွားသည်။ အခန်းထဲတွင် ကွန်ပျူတာတစ်လုံးကို တွေ့သော အခါ
ဝမ်းသာအားရ သူ၏ ဇနီးသည် ထံသို့ email တစ်စောင် ပို့လိုက်သည်။ ဒါပေမယ့်
email မှာ လိပ်စာမှားသွားသည်ကို သတိမထားမိလိုက်ချေ။

မြို့တစ်မြို့၏ နေအိမ်တစ်ခုတွင် လင်ယောက်ျားဆုံးသွား သဖြင့် ပူဆွေးနေသော
မုဆိုးမ တစ်ယောက် email စစ်နေသည်။ ခဏနေတော့ သူမ၏ သား အခန်းထဲ ၀င်လာရော
email ဖတ်ရင်း လဲကျနေသော သူ၏ မိခင်ကို တွေ့ရလေသည်။

အမေဖွင့်ထားသော email မှာ

သို့
အချစ်ကလေး

အကြောင်းအရာ။ ကောင်းကောင်းမွန်မွန်ရောက်ရှြိေ ကာင်း
နေ့စွဲ။ ၅ သြဂုတ် ၂၀၀၈

အချစ်ကလေးရေ။ မောင့်စာကို ဖတ်လိုက်ရလို့ အံ့သြသွားလား။ သူတို့ မောင့်ကို
ကွန်ပြူတာ ပေးသုံးပြီး ချစ်တဲ့သူတွေဆီ email ပေးပို့တယ်။ မောင်အခုပဲ
ဒီကို ရောက်ပြီး Check-In လုပ်လိုက်တယ်။ မနက်ဖြန်ရောက်လာမဲ့
အချစ်လေးအတွက် သူတို့ သေချာ ပြင်ဆင်ထားတာ တွေ့တယ်။

မနက်ဖြန်တွေ့ကြရအောင်နော်
ချစ်တဲ့
မောင်

Read article   Add Comment

အွန်လိုင်း...အချစ်

Posted on 12/15/2010 by nay_la_aung

လူတွေကပြောတယ်ချစ်တယ်ချစ်တယ်နဲ့ …
အထူးသဖြင့် အွန်လိုင်းမှာပေါ့ နော်…
ပြောလိုက်တာကတော့လွယ်ပါတယ်။

ဖြစ်သင့် တာကတော့ တကယ်ချစ်မှ တကယ်ပြောကြပါ။
အဲဒီလို ပေါ့  ပေါ့ တန်တန်ပြောပြီး သံယောဇဉ်တွယ်လာကာမှ
ဖြတ်တောက်တာတို့  မုန်းပြစ်တာတို့ လုပ်လိုက်ရင်ဖြင့်…
တဖက်မှာရှိတဲ့ လူတစ်ယောက်ဟာ ဘယ်လောက်ထိခံစားရမလဲ။

ဒါဟာ အရမ်းကိုအောက်တန်းကျတဲ့ လုပ်ရပ်ပါပဲ။
ကတိတခုပေးပြီးကာမှ ကတိမတည်ရင်..
စိတ်ဓါတ်အရမ်း အောက်တန်းကျတာပဲ။

အစကတည်းက ကိုယ်မချစ်ရင် …
ကိုယ်လိုချင်တဲ့ အရည်အချင်းမရှိရင်…
ကိုယ်လိုချင်တဲ့  ကိုယ်ကျင့် တရားမရှိရင်အစမှာကတည်းက ငြင်းဆိုသင့် တယ်…
အွန်လိုင်းမှာတွေ့ တယ်ဆိုပြီးတော့ လေနဲ့ ပဲလို့  တော့…
ပေါ့ပေါ့ တန်တန်မတွေးလိုက်ပါနဲ့။

တချို့ ဆို အသက်တောင် စတေးခဲ့ တဲ့ လူတွေရှိတယ်။
အရူလိုလူလို့လည်း ထင်ချင်ထင်သွားနိုင်တယ်။
ဒါပေမယ်…သူဘယ်လောက်တောင်ခံစားခဲ့ လဲဆိုတာကိုဘယ်သူကကိုယ်ချင်းစာနိုင်မှာတဲ့ လဲ။

ဒီလိုအချစ်ကို ကစားတဲ့ သူဟာ ယောက်ျားဆိုရင် ယောက်ျားယုတ် မိန်းမဆိုရင်မိန်းမယုတ် လို့ ယူဆတယ်။
ကျွန်တော် ဘာလို့ ဒီဟာတွေကိုပြောလည်းဆိုရင် မေးလ်ထဲက ကိုယ့် ကိုယ် ကိုယ် ကြိုးဆွချပြီးသေသွားတဲ့ ကောင်လေးတယောက်နဲ့ …
နေ့ စဉ်လိုလို အွန်လိုင်းပေါ်က အသည်းကွဲတဲ့ သူတွေကြောင့်ပဲ။မိကောင်းဖခင်သားသမီးဆိုရင် ဒီလိုတွေမလုပ်ပါဘူး။

Read article   Add Comment

ပျော်ရွှင်ခြင်း

Posted on 11/22/2010 by nay_la_aung

ပျော်ရွှင်တဲ့ စိတ်

တစ်ခါက လူတွေကို အရမ်းကူညီတတ်တဲ့ လူတစ်ယောက်ဟာ သေဆုံးပြီးနောက်
ကောင်းကင်ဘုံရောက်ပြီး နတ်သားဖြစ်သွားခဲ့တယ်။ နတ်သားဖြစ်သွားသည့်တိုင်
သူဟာ လူ့ပြည်ကိုဆင်းပြီး လူတွေကို အကူအညီတွေ ပေးခဲ့ပြန်တယ်။ လူတွေဆီကနေ
ပျော်ရွှင်ခြင်းရနံ့တွေ ရှုရှိုက်နိုင်ဖို့ သူမျှော်လင့်ကြိုးစားခဲ့တယ်။

တစ်နေ့မှာ နတ်သားဟာ အခက်အခဲကြုံနေပုံရတဲ့ လယ်သမားတစ်ဦးနဲ့ ဆုံခဲ့တယ်။
လယ်သမားက နတ်သားကိုတွေ့တာနဲ့ "ကျွန်တော့်အိမ်ကကျွဲ သေသွားလို့ လယ်တွေကို
ကျွန်တော် ဆက်မထွန်နိုင်ဖြစ်နေပါတယ်" လို့ ရင်ဖွင့်တယ်။

လယ်သမားစကားကို ကြားတော့ နတ်သားက သန်မာတဲ့ ကျွဲတစ်ကောင်
ဖန်ဆင်းပေးလိုက်တယ်။ လယ်သမားဆီကနေ ပျော်ရွှင်ရနံ့ကို
နတ်သားရှုရှိုက်လိုက်မိတယ်။

နောက်တစ်နေ့မှာ နတ်သားက စိတ်ပျက်လက်ပျက် ထိုင်ငေးနေတဲ့ လူတစ်ယောက်နဲ့
ဆုံပြန်တယ်။ နတ်သားကိုတွေ့တော့ အဲဒီလူက "ကျွန်တော်ငွေတွေ လူလိမ်လို့
ကုန်ပြီဗျာ၊ ရွာပြန်ဖို့ လမ်းစရိတ်မရှိလို့ပါ" လို့ ပြောတော့ နတ်သားက
သူ့အတွက် လမ်းစရိတ် ထုတ်ပေးလိုက်တယ်။ အဲဒီလူဆီက ပျော်ရွှင်ရနံ့က
နတ်သားဆီကို လွင့်လာခဲ့တယ်။

တစ်နေ့မှာ နတ်သားဟာ ကဗျာဆရာတစ်ဦးကို တွေ့ပြန်တယ်။ ကဗျာဆရာက
ငယ်ရွယ်နုပျို ချောမောပြီး၊ ငွေကြေးလည်း ပြည့်စုံသလို၊
လှပတဲ့ဇနီးတစ်ဦးကိုလည်း ပိုင်ဆိုင်ထားတယ်။ ဒါပေမယ့် အဲဒီကဗျာဆရာ
မပျော်ခဲ့ဘူး။

ကဗျာဆရာကို နတ်သားက "ဘာကြောင့်မပျော်သလဲ? ဘာများကူညီရမလဲ?" လို့မေးတော့
ကဗျာဆရာက "ကျွန်တော့်မှာ ဘာမဆိုရှိတယ်။ ဒါပေမယ့် တစ်ခုပဲ လိုအပ်နေတယ်။
ကျွန်တော့်ကို ပေးနိုင်မလား?" လို့ နတ်သားကို ပြန်မေးတယ်။

"ပေးနိုင်ပါတယ်။ အလိုရှိတာ တောင်းဆိုပါ" လို့ နတ်သားဆိုတော့

"ပျော်ရွှင်ခြင်းကို ကျွန်တော်လိုအပ်နေတယ်" လို့ ကဗျာဆရာက ပြောပါတယ်။

ကဗျာဆရာ စကားကြောင့် နတ်သားအခက်တွေ့သွားခဲ့တယ်။ တအောင့်ကြာမှ "ကောင်းပြီ"
ဆိုပြီး ကဗျာဆရာပိုင်ဆိုင်သမျှ အားလုံးကို ယူဆောင်သွားခဲ့တယ်။

ကဗျာဆရာရဲ့ အောင်မြင်မှုကို ယူသွားတယ်၊ ဥစ္စာပစ္စည်းတွေကို ယူသွားတယ်၊
သူ့ရဲ့ရုပ်ရည်ကို ယူသွားတယ်၊ ဇနီးချောရဲ့ အသက်ကိုယူပြီး
နတ်သားထွက်သွားခဲ့တယ်။ တစ်လကြာပြီးနောက် ကဗျာဆရာဆီ
နတ်သားပြန်ရောက်လာခဲ့တယ်။ အဲဒီအချိန်မှာ ကဗျာဆရာက ကြမ်းပြင်ပေါ်မှာ
လဲလျောင်းပြီး ဆာလောင်လို့ သေလုမျောပါး ဖြစ်နေခဲ့တယ်။ နတ်သားက ကဗျာဆရာကို
အရာအားလုံးပြန်ပေးပြီး ထွက်သွားခဲ့တယ်။

လဝက်လောက်နေပြီ ကဗျာဆရာကို နတ်သားသွားကြည့်ပြန်တယ်။ ဒီအချိန်မှာ ကဗျာဆရာက
ဇနီးသည်ကို ပွေ့ဖက်ပြီး နတ်သားကို ကျေးဇူးတင်နေခဲ့တယ်။
ပျော်ရွှင်ခြင်းတွေကို သူရခဲ့လို့ပါပဲ....

အထီးကျန်ဆန်ခဲ့ဖူးသလား?
ပျော်ရွှင်တဲ့ အရသာကို ခံစားခဲ့ဖူးသလား?
အထီးကျန်တယ်၊ ပျော်ရွှင်တယ်ဆိုတာ နှိုင်းယှဉ်မှုတွေကိုပြတဲ့
နာမဝိသေသနတွေဖြစ်တယ်။ အထီးကျန်တာကို မခံစားဖူးရင် ပျော်ရွှင်တဲ့အရသာကို
ဘယ်လာခံစားတတ်မလဲ? လူတွေကလည်း လူတွေပါပဲ.. လက်လွတ်ရခါနီးမှ၊
လက်လွတ်သွားမှ တန်ဖိုးထားရကောင်းမှန်း သိတော့တယ်။ တကယ်တော့
ပျော်ရွှင်ခြင်းက ကိုယ်နဲ့အနီးဆုံး နေရာမှာ အမြဲရှိနေခဲ့ပါတယ်။

ဗိုက်အရမ်းဆာတဲ့အချိန် ခေါက်ဆွဲခြောက်လေးတစ်ထုပ် ရှိတာလဲ ပျော်ရွှင်ခြင်းပဲ
အရမ်းမောပန်းနွမ်းနယ်တဲ့အချိန် ကျောခင်းစရာ နေရာလေးတစ်ခုရှိတာလဲ
ပျော်ရွှင်ခြင်းပဲ
အားရပါးရ ငိုနေတဲ့အချိန် ဘေးမှာရှိတဲ့ လူတစ်ယောက်က တစ်ရူးလေးတစ်ရွက်
ကမ်းပေးလာတာလဲ ပျော်ရွှင်ခြင်းပဲ

မနက်နိုးလာတာနဲ့ လှပတဲ့ နေရောင်ခြည်ကို တွေ့နိုင်တာလဲ ပျော်ရွှင်ခြင်းပါပဲ။

ပျော်ရွှင်ခြင်းမှာ တိကျတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ မရှိခဲ့ဘူး။
သာမန်ကိစ္စလေး တစ်ခုလည်း ပျော်ရွှင်ခြင်းတွေ ပေးဆောင်နိုင်ပါတယ်။
ဘယ်လောက်အထိ ပျော်ရွှင်သလဲ? ပျော်ရွှင်ခြင်းရဲ့ အတိုင်းအတာကို
ကိုယ့်ရဲ့ရောင့်ရဲတဲ့စိတ်နဲ့ပဲ ခန့်မှန်းဆုံးဖြတ်နိုင်ပါတယ်။

သူငယ်ချင်းတို့ရဲ့ စိတ်မှာ ပျော်ရွှင်ခြင်းတွေ ပြည့်နေခဲ့ပြီလား?
ဒါမှမဟုတ် စိတ်ပျက်ခြင်းတွေနဲ့ ပြည့်နေခဲ့သလား?

ပျော်ရွှင်ခြင်းတွေ တံခါးလာခေါက်တဲ့အခါ ကိုယ့်ရင်ခွင်တံခါးကို
ကျယ်ကျယ်ဖွင့်ထားပေးပါ။ ပျော်ရွှင်ခြင်းတွေ ကိုယ့်ရင်ဘတ်ထဲ အလုံးအရင်းနဲ့
ဝင်ရောက်နိုင်ပါစေ...

Read article   Add Comment

F.R.I.E.N.D.S

Posted on 8/28/2010 by nay_la_aung

Once in life time

      You find a Friend

            Who touches not only your Heart

                   But also ur Soul

Once in life time

      You discover someone

             Who stands beside you,

                    Not over you.

Once in life time

    If you are Lucky

         You find someone

                As I have found you.

Very special people

       We can be ourselves with,

             Talk with Laugh with,

                    Hope with and Believe with,

         FRIENDS

Read article   Add Comment

ရေကန်ထဲကဆား

Posted on 8/28/2010 by nay_la_aung

တစ်ခါတုန်းက ဥာဏ်ပညာထက်မြက်ပြီး အတွေ့အကြုံ ကြွယ်ဝတဲ့ ပညာရှိကြီးတစ်ဦး
> ရှိပါတယ်… သူဟာ တစ်နေ့မှာတော့ အိမ်မီးလောင်ပြီး ပိုင်ဆိုင်သမျှ အရာရာကို
> ဆုံးရှုံးသွားလို့ စိတ်ပျက်အားလျော့စွာနဲ့ ၀မ်းနည်းပူဆွေးပြီး
> ငိုကြွေးနေတဲ့ လူငယ်တစ်ယောက်ဆီ ရောက်လာပါတယ်..  ပညာရှိကြီးက ထိုလူငယ်ကို
> ရေတစ်ဖန်ခွက် သွားယူခိုင်းပြီး ဆားတစ်ဆုပ်ကိုလဲ ယူလာခိုင်းပါတယ်..
> ရေဖန်ခွက်ထဲကို ဆားတစ်ဆုပ် ထည့်လိုက်ပြီး ရောမွှေလိုက်ကာ ထိုလူငယ်ကို
> သောက်စေပါတယ်.. ပြီးတော့ ဘယ်လိုအရသာမျိုး ရှိသလဲလို့ မေးတဲ့အခါ ထိုလူငယ်က
>  “ခါးတူးနေအောင် ငံပါတယ်”. လို့ ပြန်ဖြေပါတယ်..
>
>
> ဒီတော့ ပညာရှိကြီးက အသာပြုံးလိုက်ရင်း ထိုသူကို ဆားတစ်ဆုပ်ကို
> ယူလာခဲ့ပါလို့ ခိုင်းလိုက်ပြီး သူနဲ့အတူ လမ်းလျှောက်ဖို့ မြို့ပြင်ဘက်ကို
> ခေါ်လာခဲ့ပါတယ်. မြို့အပြင်ဘက်ကို လမ်းလျှောက်လာကြရင်း  အလွန်
> ကျယ်ပြောပြီး ကြည်လင်လှတဲ့ ရေကန်ကြီးတစ်ကန်နား ရောက်လာကြပါတယ်.. ဒီအခါမှာ
> ပညာရှိကြီးက ထိုလူငယ်လက်ထဲမှာ ပါလာတဲ့ ဆားတစ်ဆုပ်ကို ရေကန်ထဲ
> ပစ်ထည့်ခိုင်းလိုက်ပါတယ်..
>
>
> ပြီးတော့ လူငယ်ကို “ကဲ အခု ကန်ထဲကို ရေကို  သောက်ကြည့်ပါဦး” လို့
> ခိုင်းလိုက်တဲ့အခါ ထိုလူငယ်ကလည်း ကန်ထဲကရေကို လက်ခုပ်နဲ့ ခပ်ယူပြီး
> သောက်လိုက်ပါတယ်.. ပညာရှိကြီးက လူငယ် ရေသောက်ပြီးတဲ့အခါ “အခုရော ကန်ထဲက
> ရေက ဘယ်လိုအရသာ ရှိသလဲ” လို့ မေးလိုက်ပါတယ်.. ဒီတော့  လူငယ်က  “
> လတ်ဆတ်ပြီး ချိုမြတဲ့ သောက်ရေရဲ့  နဂိုအရသာ အတိုင်းပါဘဲ” လို့
> ပြန်ဖြေပါတယ်.. “စောစောတုန်းက ရေခွက်ထဲကို ဆားထည့်ပြီး သောက်လိုက်သလို
> ငံသေးရဲ့လား” လို့ ပြန်မေးပြန်တဲ့အခါ “ မငံတော့ပါဘူး.” လို့  လူငယ်က
> ပြန်ဖြေလိုက်ပါတယ်..
>
>
> ဒီတော့မှ ပညာရှိကြီးဟာ လူငယ်လေးရဲ့ လက်ကို ဆုပ်ကိုင်ပြီး ပုခုံးကို
> အသာအယာပုတ်လိုက်ကာ “ငါတို့ဘ၀တွေရဲ့ ထိခိုက်နာကျင်မှု၊
> ဆုံးရှုံးခါးသီးမှုတွေဟာ ဘာနဲ့တူသလဲဆိုရင် ဆားနဲ့တူပါတယ်.. ဘ၀မှာ ကြုံလာတဲ့
> နာကျင်ဆုံးရှုံးမှုတွေကို ခံစားရတဲ့ အတိုင်းအတာဟာ မင်းက ဘယ်လိုခွက်မျိုးနဲ့
> ခံယူမလဲ ဆိုတာနဲ့ဘဲ သက်ဆိုင်တယ်..  . မင်းက ခွက်သေးသေးနဲ့ ခံယူမယ်ဆိုရင်
> ထိခိုက်ဆုံးရှုံးမှုကို သိပ်ကို ကြီးမားတယ် လို့ မင်းထင်လိမ့်မယ်..
> ရေကန်လို ကျယ်ပြောလှတဲ့ ခွက်ကြီးကြီးနဲ့ ခံယူမယ်ဆိုရင် အဲဒီဆုံးရှုံးမှု၊
> စိတ်ထိ ခိုက်နာကျင်မှုတွေဟာ ဘာမှ ပြောပလောက်တဲ့ ဆုံးရှုံးမှု၊
> ထိခိုက်နာကျင်မှု မဟုတ်တော့ဘူးပေါ့…”
>
>
> “ဒီတော့ ဘ၀မှာ ထိခိုက်ဆုံးရှုံးမှုတွေ၊ နာကျင်ခါးသီးတာတွေ ကြုံလာတိုင်း
> ခွက်ကြီးကြီးနဲ့ ခံယူနိုင်အောင် ကြိုးစားပါ..  ကိုယ့်ကိုယ်ကို
> ဖန်ခွက်တစ်လုံး မဖြစ်စေပါနဲ့.. ရေကန်တစ်ကန်အဖြစ် ပြောင်းလဲ
> ကျင့်ကြံလိုက်ပါ.. ဒီလိုဆိုရင် နာကျင်ခံစားနေရတာတွေဟာ
> ရေကန်ထဲရောက်သွားတဲ့ ဆားတစ်ဆုပ်လို လျှော့ပါး သက်သာသွားပါလိမ့်မယ်”  လို့
> ပြောလိုက်ပါတယ်..
>
> “Stop being a glass. Become a lake.”
>
> ဒီဥပမာလေးကို သဘောကျလို့  ပြန်လည်ဝေမျှပါတယ်...  ဘ၀မှာ ကြုံလာတဲ့
> ခါးသီးနာကျင်မှုတွေကို ရေဖန်ခွက်လေးနဲ့ မခံယူဘဲ ရေကန်ကြီးနဲ့ခံယူနိုင်အောင်
> ကြိုးစားသင့်တယ် မဟုတ်ပါလား..

Read article   Add Comment

ကြီးတော်....

Posted on 7/31/2010 by nay_la_aung

ဒီလိုပါ ခင်ဗျ .. တစ်နေ့ ကိစ္စရှိလို့ မြို့ထဲ အသွား သူငယ်ချင်းတစ်ယောက်က ပေါက်ကျိုင်း ဆီကို ဖုံးလှမ်းဆက် သဗျ ..“ဟေ့ကောင် online တတ်ခဲ့ဦး... ” တဲ့လေ .. ဒါနဲ့ ပြန်ပြောလိုက်တယ်..“ ဟာ..အိမ်မှာ မဟုတ်ဘူးကွ..မြို့ထဲရောက်နေတယ် ”ဆိုတော့.. " ရောက်ရာ အရပ်က တတ်ခဲ့ကွာတဲ့.." တဲ့ ..ဒါနဲ့ နီးစပ်ရာ မြန်မာဆိုင်ကနေ online တက်ပြီး သူငယ်ချင်းနဲ့ စကားပြောနေတုန်း...ဆိုင်ထဲကို ယောင်လည်လည် နဲ့ “ တဝန်းပူ ”( တောသားလေး )လေးတစ်ယောက် ဝင်လာပါရောဗျ .. ပြီးတော့ ဆိုင်ရှင် အကိုကြီးကို ရာဇာနေဝင်း လေ နဲ့ ဒီလို ပြောသဗျာ .. “ အကို ကျွန်တော် ကြီးတော် နဲ့ ပြောလို့ရမလား ..” ဆိုင်ရှင်အကိုကြီးမပြောနဲ့ ပေါက်ကျိုင်း တို့တောင်မှ ကြောင်သွားတယ်. ဆိုင်ရှင် အကိုကြီးက “ ဘာ .. ဘာကြီး ဘယ်လို ”ဆိုတော့“ ကျွန်တော့်ကြီးတော် နဲ့ ပြောချင်လို့လေ..” တဲ့..ထပ်ပြောလိုက်သေး သဗျ .. “ ဟာ..မင်း..ကြီးတော်နဲ့ ပြောတာ ငါတို့က ဘယ်လိုလုပ်သိမှာလဲ.. မင်းဖာသာ မင်းပြောပေါ့ကွ ..”ဆိုတော့.. သူက “ဟာ..ကျွန်တော် မသိလို့ ခင်ဗျားကိုမေးတာပေါ့ဗျ...” ဒါနဲ့ဘဲ မနေနိုင်မထိုင်နိုင် ၀င်မေးမိတော့..“ နေပါဦးကွ..မင်း ကြီးတော်ကဘယ်မှာနေတာလဲ.. ” ဆိုတော့မှ... အဖြစ်မှန်ကိုသိရတော့ သဗျား..။ “ ကျွန်တော် ရွာက ထွက်လာတော့ ရန်ကုန်မှာတည်းတဲ့ .. ဘကြီးဘုန်းကြီးက ပြောလိုက်တာလေ.. မင်း မလေးရှားရောက်ရင် ဖုန်းပြောတာက ဈေးကြီးတယ်... အင်တာနက်ဆိုင်ကို ရှာပြီးသွား..ပြီးရင် ကျွန်တော် ကြီးတော် ပြောချင်လို့ပါဆို သူတို့ လုပ်ပေးလိမ့်မယ်...တဲ့ ..” အဲဒီတော့မှဘဲ .. ပေါက်ကျိုင်း တို့ အပတ်လည်တော့တယ်ဗျာ....၊ သူပြောချင်တဲ့...ကြီးတော် ဆိုတာ...ဂျီတော့ပ်(Gtalk) ကိုး ... ဂျီတော့ပ်(Gtalk) တောင်မှ ကြီးတော် ဖြစ်အောင် လုပ်တဲ့လူတွေ... နောက်ပြီးတော့ သူဆက်ပြောတဲ့ စကားကြားတော့ မှ ပေါက်ကျိုင်းတို့ လဲ ပက်လက်လန်တာပါပဲ.. “ အင်း ဘကြီးဘုန်းကြီးက ပြောလိုက်သေးတယ်... သူက အမြဲတမ်း အုတ်လမ်း မှာရှိတယ်တဲ့ .. မင်းလာချင်တဲ့ အခါ လာခဲ့တဲ့..” ( အုတ်လမ်း = Online )

Read article   Add Comment

စာကြိုးစားသောသူများအတွက်ပါ။

Posted on 1/16/2010 by nay_la_aung

If you study,you will not fail the exam.

If you don't study,you will fail the exam.

Thus, study=not fail

        + not study=fail

      -----------------------

     study+not study=not fail+fail

      study(1+not)=fail(not+1)

       study         = fail

thus,Ans:study = fail

Read article   Add Comment

နတ်ပြည်မှအပြုံးလေး...

Posted on 11/18/2009 by nay_la_aung

One in a million shot ... A smile from Heaven... 




Send this smile to someone you want to bless today… 

I just did.

Read article   Add Comment

Photos

No Title
0
No Title
0

Tags

Latest comments

ပျော်ရွှင်ခြင်း
အရမ်းကောင်းပါတယ်ဗျ...ဒါမျိုးလေးတွေနောက်ထပ်ရေးစေချင်ပါတယ်။
စာကြိုးစားသောသူများအတွက်ပါ။
seagull17: If you study regularly , you will pass the exam . If you don't study regularly, you will not pass  the exa…
© 2013-2024 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.