လိုက်ရဲလား

Posted on 11/20/2009 by mylove001

အလွမ်းတွေ အထပ်ထပ်နဲ့

မြူတွေအလိပ်လိုက်ရစ်သိုင်းနေသလို

အချစ်ရဲ့မြို့ပြညတွေထဲကို

ချမ်းစက်တဲ့ Novenber

ရဲ့ နှင်းတွေနဲ့ အတူ

ငါရဲ့ မြို့လေးထဲမှာ

အလွမ်းရဲ့ဆောင်းညတွေနဲ့

မှန်းဆလို့လွမ်းရတာတွေကို 

မင်းမှသိပါ့မလား..............။

 

ကံနဲ့ဆောက်တဲ့ ၀င်္ကမ္ဘာမှာမင်းနဲ့ငါ

အပြင်မှာတော့မဆုံနိုင်သေးပေမယ့်

သစ္စာနဲ့ မေတ္တာ တစ်စက်ကလေးမှမရော့ပဲ

ချစ်နေမှာ ကိုတော့ ချစ်သူယုံကြည်ပေးပါ ........။

 

ဘ၀တစ်ကွေ့မှာ ခဏတာ

တွေ့ရပေမယ့် ထာဝရအသည်းမှာ

ချစ်နေမိတော့ ၊ ကိုယ်ကြားဖူးသလို

နှဖူးမှာစာပါမယ်ဆိုရင်

ငါ့ရဲ့ နှဖူးစာကထော့

မင်းပေါ့................။

 

နားလည်မှုတွေ နဲ့

တည်ဆောက်ရမယ့်

တို့နှစ်ယောက်ရဲ့

ဘ၀ကမ္ဘာထဲကို

ကိုယ်ခေါ်ချင်ပါတယ်

လိုက်ရဲလားချစ်သူ............။

                     (လမင်းသစ်)

 

 

 

 

 

Discussion

on 1/1/0001 says:

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← မခွဲကြေး   Return to blog   Online ချစ်သူ →
© 2013-2024 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.