စေတနာအတ္တ

Posted on 8/6/2009 by mraungj
Tags: ကိုဇောင်း

                             လူတွေက ပြောတတ်ကြပါတယ်၊ “အတ္တတော်တော်ကြီးတယ်”လို့၊ အတ္တကြီးတယ်ဆိုတာ ဘယ်လိုမျိုးကို ခေါ်တာလည်း၊ လူတိုင်းမှာလည်း အတ္တကိုယ်စီရှိကြပါတယ်၊ အတ္တကို အသုံးပြုနေကြတာ နှစ်နေရာရှိပါတယ်၊ “စေတနာအတ္တ” နဲ့ “တစ်ကိုယ်ကောင်းဆန်အတ္တ” ပါပဲ၊ ဒီနှစ်ခုကတော့ ကျနော့်အမြင်ပါ၊ စာဖတ်သူအနေနဲ့လည်း သိမြင်ကြားသိသလောက် အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုနိုင်ပါတယ်၊
                              “စေတနာအတ္တ” မှာ မိမိအတွက် မပါပဲ မိမိနှင့်ပတ်သက်သောသူကို မကောင်းတာမှန်သမျှ မလုပ်ဖို့ မလုပ်မိဖို့ တားဆီးပြောဆိုတဲ့အခါမှာ တစ်ဖက်လူမှာ စေတနာနဲ့ပြောကြောင်းကို မမြင်တော့ပဲ အတ္တဆန်တယ်လို့ မြင်သွားနိုင်ပါတယ်၊ အတ္တဆန်တယ်ဆိုပေမဲ့ ဒီလိုအတ္တက ကောင်းမွန်တဲ့ဖြူစင်တဲ့ စေတနာအတ္တ ပါ။  စေတနာအတ္တ နဲ့ ဆက်စပ်မှုအနေနဲ့ ပြောရရင် လူတိုင်းမှာ စေတနာ ထားတတ်တဲ့ စိတ်ဓါတ်ရှိကြပါတယ်၊ စေတနာထားတဲ့စိတ် အနည်းအများပဲ ကွာခြားပါတယ်၊ မိဘနဲ့သားသမီးမှာ မိဘအနေနဲ့က သား/သမီး ငယ်ရွယ်တဲ့အချိန်မှာ မကောင်းတာတွေ မလွန်ကျူးမိအောင်လို့ တားဆီးပိတ်ပင်တဲ့နေရာမှာ သား/သမီး အနေနဲ့က “အဖေ/အမေက အတ္တကြီးတယ်၊ သူတို့တွေငယ်ငယ်ကတော့ ဒီလိုတွေ လျှောက်မလုပ်ခဲ့တာကြနေတာပဲ”လို့ ငယ်ရွယ်တဲ့ သားသမီးတွေမှာ အဲ့ဒီလို အတ္တဆန်တဲ့သဘောမျိုးတွေ မြင်တတ်ကြပါတယ်၊ မိဘက သားသမီးကို အမှားတွေမဖြစ်အောင် တားဆီးတယ်ဆိုတာက စကားပုံတစ်ခုလိုပါ “အဖေဆိုတာ တစ်ချိန်တုန်းက သား၊ အမေဆိုတာ တစ်ချိန်တုန်းက သမီးပါပဲ” ဆိုသလိုပါ။ မိဘတွေ ငယ်ရွယ်တုန်းက ပြုခဲ့ဖူးတာပဲဖြစ်စေ၊ မြင်တွေ့ခဲ့ဖူးတာပဲဖြစ်စေ၊ “မိမိချစ်တဲ့ လူတစ်ဦးတစ်ယောက်ကို ဒုက္ခမရောက်စေဖို့ တားဆီးပိတ်ပင်တယ်ဆိုတာ ကိုယ်ကျိုးမပါတဲ့ “စေတနာအတ္တ”ပါ....။”
လူတစ်ဦးတစ်ယောက် မိမိအပေါ် မိမိလုပ်သမျှကို တားဆီးပိတ်ပင်တယ်ဆိုတဲ့နေရာမှာ ဘာအတွက်ကြောင့်လည်းဆိုတာ စဉ်းစားပါ။ စေတနာဖြင့် တားဆီးတယ်တဲ့အရာမျိုးဆိုရင် သူ့ရဲ့ စေတနာကို နားလည်တတ်ဖို့လိုပါတယ်...
{ကိုဇောင်း}

Discussion

on 1/1/0001 says:
seagull17 on 8/7/2009 says:

ပြောတာမှန်ပါတယ်။။ တခါတလေမှာလူတွေက စေတနာနဲ.ပြောဆိုတားဆီးရင် သူ.စိတ်ကြီးပဲလို.ထင်မြင်တတ်ကြတယ်....။ စေတနာမှန်ရင်တော.တနေ.ကျတော.နားလည်နိင်မှာပါ...

 

@_x on 8/7/2009 says:

kalaylay8888:

ဟုတ်ကဲ့ နောက်တခါလူကြီးတွေပြောစကားကိုနားထောင်ပါ့မယ်နော်

ခုလိုဆုံးမပေးလို့လဲကျေးဇူးတင်ပါတယ်နော် ဦးလေးကြီး

စာတွေကတော့အရမးရေးတာပဲ ကိုဇောင်းကောဒီစာတွေထဲကလိုလိမ်မာလား

 

လူတိုင်းတော့ အမြဲတမ်း မဖြူစင်သလို အမြဲတမ်းကြီးလည်း လိမ်မာတာဟုတ်ဘူးရော်

အဆိုးအကောင်းလေးတော့ ရှိတာပေါ့လေ...  အတတ်နိုင်ဆုံးကတော့ ကောင်းအောင်နေဖို့ပါပဲ

kalaylay8888 on 8/6/2009 says:

ဟုတ်ကဲ့ နောက်တခါလူကြီးတွေပြောစကားကိုနားထောင်ပါ့မယ်နော်

ခုလိုဆုံးမပေးလို့လဲကျေးဇူးတင်ပါတယ်နော် ဦးလေးကြီး

စာတွေကတော့အရမးရေးတာပဲ ကိုဇောင်းကောဒီစာတွေထဲကလိုလိမ်မာလား

 

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← ခဏလေးပါလား....   Return to blog   စိတ် →
© 2013-2025 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.