ဒီအတိုင်းပါပဲ.... RSS Available

မိမိထက် များစွာ ငယ်ရွယ်သော မိန်းမတယောက်ကို လက်ထပ်ယူထားသည့် အသက် ၉၃နှစ်အရွယ်ရှိ အဘိုးအိုတယောက်သည် သူ၏ ဆရာဝန်ထံ ရောက်လာပြီးသူတို့ကလေးရတော့မည့်အကြာာင်း ပြောပြလေသည်။ ထိုအခါ ဆရာဝန်က ပြန်ပြောပြသည်။ 'ကျွန်တော်ပုံပြင်ကလေးတပုဒ် ပြောပါရစေ၊ တခါတုန်းက အလွန်သတိမေ့တတ်တဲ့ လူတယောက်ဟာအမဲလိုက်ထွက်ပါတယ်၊ သေနတ်ကို ယူရမယ့်အစား ထီးတလက်ပဲ ယူသွားပါတယ်၊ တောထဲမှာဗြုန်းခနဲ ခြင်္သေ့တကောင်နဲ့ ပက်ပင်းတိုးမိတော့ သူက လက်ထဲမှာပါတဲ့ ထီးနဲ့ထိုးချိန်လိုက်ပြီး ပစ်ချလိုက်တယ်တဲ့၊ အဲဒီမှာ ခြင်္သေ့ကြီးလည်း တုန်းခနဲလဲကျသေဆုံးသွားပါရော' 'ဟာ မဟုတ်တာကွ၊ လုံးဝကို မဖြစ်နိုင်ဘူး၊ တယောက်ယောက်က ဝင်ပြီး ပစ်လိုက်လို့ နေမှာပေါ့' 'အခုလဲ ဒီအတိုင်းပါပဲခင်ဗျား'

(no title)

Posted on 1/1/0001 by

Read article   Add Comment

အစ်ကိုတစ်ယောက်ေ၇းတဲ့...မြန်မာပြည်၇ဲ့ လက်ရှိအနေအထားလေးပေါ့..

Posted on 8/8/2009 by komyomin77

အချိုမှုန့်ကြိုက်လှသော... ကျွန်တော့်အဖွားသည် အသက် (၈၀) အရွယ်တွင် ဆုံးပါးသွားခဲ့ပါသည်။ လက်ဖက်သုတ်ထဲ အချိုမှုန့် လှိုင်လှိုင်ထည့်မှ စားကောင်းတယ်ဟု သူမက မကြာခဏ ပြောလေ့ရှိသည်။ ကျွန်တော့်ဦးလေးက “ကျွဲရိုင်း”အချိုရည် အလွန်ကြိုက်ပါသည်။ တကယ်လည်း ကျွဲရိုင်းတစ်ကောင်လို သန်မာသော အားကစားသမား တစ်ယောက်ဖြစ်သည်။ ကျွန်တော့်အစ်မတစ်ယောက်မှာ ထက်ထက် ကြော်ငြာသော “နဂါးညီနောင်ယိုစုံ” ကို စွဲစွဲလမ်းလမ်းစားသုံးခဲ့ပါသည်။

သွပ်မိုးကို မရိုက်တတ်ရိုက်တတ် သံမှိုရိုက်ရင်း၊ မုန်တိုင်းဝင်ရောက်မည်ဆိုသော ရေဒီယိုသတင်းကို ကြားရ၍ ပြုံးမိပါသည်။ လုံလောက်သောအချိန် ရသေးသည်မဟုတ်လား။ ထိုနေ့သည် သွပ်မိုးလန်ပြီး သုံးလအကြာနေ့တစ်နေ့ဖြစ်ပါသည်။ ညီလေးက မှုန့်ဝယ်စားချင်သည်ဆို၍ ပိုက်ဆံတစ်ရာ ကျွန်တော် ခေါင်မိုးပေါ်က ပြစ်ချပေးလိုက်သည်။ ဈေးဆိုင်ဘက်သို့ ညီလေးပျော်ရွှင်စွာ ပြေးထွက်သွားကို ငေးကြည့်နေမိသည်။ ကျွန်တော့်ညီလေးကို အားရှိစေမည့်မုန့်ကိုသာ ရွေးစားရန် ကျွန်တော်ဆုံးမ တတ်သည်။ ညီလေးက လိမ္မာပါသည်။ နို့မှုန့်ကိုသာ စားလေ့ရှိသည်။ သတင်းစာထဲ ကြော်ငြာမပါသေးသော ရေသန့်တံဆိပ်တစ်မျိုးကို ကျွန်တော် အမောပြေသောက်လိုက်သည်။ သတိပေးတားမြစ်ချက်မပါခင်အချိန်ထိ အန္တရာယ်ကင်းနေသေးကြောင်း ကျွန်တော် စိတ်ချသည်။ နေညိုချိန်ရောက်လေပြီ...။

“ဇေယျဝတီအရက်သန့်” သည် ဖားပြုတ်တစ်ကောင်နှင့် ပတ်သက်မှုရှိခဲ့သည်ဟု ကျွန်တော်မယုံကြည်ပါ။ နောက်တစ်ချက်မှာ ရန်ကုန်သို့ လယ်ကြွက်များအလုံးအရင်းဖြင့် ချီတက်သိမ်းပိုက်သဖြင့် စံပြဈေး နောက်ဖေးလမ်းကြားမှ ကြွက်စုတ်များ ပဲခူးဘက်သို့ဆုတ်ခွာရသည်ဟု ကြားသိရသည်။ ထိုနေ့က ကျွန်တော်ဘိုင်ကျနေသဖြင့် ကြွက်ကြော်မစားဖြစ်ပါ။ နောက်ဆုံးတစ်ခွက်ကို အပြတ်ဖျတ်လိုက်ပြီး လက်ဖက်အသားပေါ်မှ မှိုဖြူဖြူလေးများကို ဂရုတစိုက်ရွေးပြီးကျွန်တော် မြုံလိုက်သည်။ မန်ယူနှင့်အာကြီး ကန်ကြတော့မည်။ ထိုနေ့ညက ရေချိန်အနည်းငယ်လွန်သွားသဖြင့် မေမေကြော်ထားသော ကြက်ဥနှစ်လုံးကို ကျွန်တော်မစားနိုင်ခဲ့ပါ။

နောက်တစ်နေ့တွင် “မောင်းကြိုး” သဖြင့်.. ကျွန်တော် ညစ်နေခဲ့သည်။

◘ တေဇာ ◘

Read article   Add Comment

I like this poem....so much..

Posted on 8/5/2009 by komyomin77

When I saw u..

  I was afraid...

    to meet u....

When I meet u..

  I was afraid ...

    to love u......

When I love u..

  I'm afraid...

    to lose u

Read article   Add Comment

အဖြည့်ခံ

Posted on 8/5/2009 by komyomin77


ချစ်တယ်ဆိုတာဘာလဲ...
သိခွင့်၇ချင် မိပါ၇ဲ့...
တွယ်..တာမှူတစ်ခုနဲ့ စိတ်စေ၇ာ ..
မတမ်းတချင်တော့ဘူး..
..ထားခဲ့ပါ..
စိတ်ချမ်းသာမယ့် မင်းအပြုံးတွေအတွက်..
ငါ့နှလုံးသားထဲက ခံစားမှုတွေနဲ့ ..
ချယ်မှုန်းပေးလိုက်ပါ့မယ်..

Read article   Add Comment

ဒီစာသားလေးက ...မှန်သလိုပဲဗျ..ဖတ်ကြည့်ပါအုံး..နော့်..

Posted on 7/12/2009 by komyomin77

လက်ထပ်တယ်ဆိုတာ အချစ်၇ဲ့သင်္ချုင်းပဲတဲ့......အဲ.ဒါပေမဲ့လည်း..

 ......လက်ထပ်ခြင်းဆိုတာသာမရှိခဲ့၇င်..အချစ်ဆိုတာဟာ

.............မြုတ်နှံစ၇ာ .နေ၇ာမရှိဘဲ.သေဆုံးသွားလိမ့်မယ်တဲ့လေ...

........

.......

လက်ထပ်ခြင်းနဲ့ပက်သက်ပြီး စာလေးတစ်ခုဖတ်လိုက်၇တယ်ဗျ..ေ၇းထားတာကတော့..ဒီလိုပါ....

လက်ထပ်ခွင့်ပန်ပြီးတဲ့အချိန်-
>
>> အမျိုးသား- အင်း နောက်ဆုံးတော့လည်း အကြာကြီးစောင့်ရကျိုးနပ်ပါတယ်
>
>> အမျိုးသမီး-ဟင်းနော်....ထားသွား
လိုက်ရမလား?
>
>> အမျိုးသား-အမယ်လေး စိတ်ကူးထဲတောင် မထည့်လိုက်ပါနဲ့
>
>> အမျိုးသမီး-တကယ် ချစ်ရဲ့ လားဟင်?
>
>> အမျိုးသား-ဒါပေါ့ ဒီထက်တောင်ပိုသေးတယ်
>
>> အမျိုးသမီး-ကျွန်မကို အရူးလုပ်မှာလား
>
>> အမျိုးသား ဘုရားစူးရစေရဲ့  ဒီမေးခွန်းမျိုး မေးတောင်မမေးပါနဲ့လား
>
>> အမျိုးသမီး-ကျွန်မကို နမ်းချင်သလား ဟင်?
>
>> အမျိုးသား-အချိန်မရွေးပဲ
>
>> အမျိုးသမီး- နှိပ် ကော နှိပ်စက်မှာလား?
>
>> အမျိုးသား- မင်းရူးများရူးနေလားကွာ
>
>> အမျိုးသမီး-ကျွန်မ မောင့်ကို စိတ်ချရပါတယ်နော်?
>
>> အမျိုးသား-အင်း
>
>> အမျိုးသမီး-မောင်ရယ်...
>
>>
>
>> လက်ထပ်ပြီးတဲ့အခါ....Biggrin
>
>> အပေါ်က စကားလေးတွေကို အောက်ကနေသာ ပြန်စဖတ်လိုက်ပါ Biggrin

Read article   Add Comment

အော်..ေ၇ှးတုန်းကတော့ကျွန်ပြုဖို့ သူများတွေကလာသိမ်း၇တယ်....အော..ဒီခေတ်လဲကျေ၇ာကျွန်ခံဖို့ ကိုယ်တိုင်သူများဆီသွားကြ၇တယ်နော်..

Posted on 7/12/2009 by komyomin77

အော်..ေ၇ှးတုန်းကတော့ကျွန်ပြုဖို့ သူများတွေကလာသိမ်း၇တယ်....အော..ဒီခေတ်လဲကျေ၇ာကျွန်ခံဖို့ ကိုယ်တိုင်သူများဆီသွားကြ၇တယ်နော်..ဆိုးပါ့ဒို့ဘ၀၇ယ်..
နိုင်ငံသားတွေမိန်းကလေး.ယောက်ကျားလေး အားလုံးနီးပါက သူများနိုင်ငံသွားမှ ဘ၀ပြည့်စုံမယ်ဆိုပြီး

ကြိုးစားနေ၇ချိန်....အမျိုးဂုဏ်ဇာတိဂုဏ်ကျွေးကျော်သံတွေက ...အင်း..စိတ်ညစ်၇ပါလားနော်...

ဒင်းတို့လဲမြန်မြန်သေမှ..ငါလဲ ထီ10ခါလောက်မြန်မြန်ပေါက်မှပဲ..ပျော်၇မယ်ထင်တယ်...

Read article   Add Comment

Photos

User has no photo yet.

Tags

Latest comments

အစ်ကိုတစ်ယောက်ေ၇းတဲ့...မြန်မာပြည်၇ဲ့ လက်ရှိအနေအထားလေးပေါ့..
  ကောင်လေး မြန်မာ့အစားအစာနဲ့ ဓါတုဗေဒ ကသိသွားရင်မကောင်းဘူး ၊   နင့်အဖွားက အချိုမှုန့်သာမစားခဲ့ဘူးဆိုရင် အနှစ်တရာမကနေရ…
အစ်ကိုတစ်ယောက်ေ၇းတဲ့...မြန်မာပြည်၇ဲ့ လက်ရှိအနေအထားလေးပေါ့..
ဟိဟိ တကယ်ရေးတတ်တယ်နော်  အချို့ မှုန့် ကြိုက် တဲ့ အဘွားက အသက် 80 ထိတောင်နေခဲ့တယ်ဆိုတော့   အားရှိစရာပါပဲ  အခ…
အဖြည့်ခံ
oh.!!  very nice i like this poem....
အော်..ေ၇ှးတုန်းကတော့ကျွန်ပြုဖို့ သူများတွေကလာသိမ်း၇တယ်....အော…
ဘာမှလဲမဆိုင်ဘူ သူထီပေါက်ဖို့အရေး သူများကသေပေးရအုံးမယ်တဲ့ နစ်နာနေအုံးမယ်ဟင့် ကောင်းတော့ကောင်းပါတယ် ကိုယ်တိုင်နိုင်ငံခြားကိုမသွ…
ဒီစာသားလေးက ...မှန်သလိုပဲဗျ..ဖတ်ကြည့်ပါအုံး..နော့်..
အောက်ကနေပြန်ဖတ်တော့တော်တော်ရယ်ရတယ်နော် ဟားဟားဟားဟား နောက်လဲဒီလိုရယ်စရာတွေများများရေးပေးပါနော် ကောင်းသောboy ဆိုတာလေကမှာရှားသွ…
© 2013-2025 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.