Difference of Love and like( ချစ်တဲ့သူ နဲ့ ကြိုက်တဲ့သူရဲ့ ကွာခြားချက် )

Posted on 10/22/2009 by europenmindonemin

Difference of Love and like
( ချစ်တဲ့သူ နဲ့ ကြိုက်တဲ့သူရဲ့ ကွာခြားချက် )


ချစ်တဲ့သူရှေ့မှာ နှလုံးခုန်တာ ပိုမြန်နေတယ်
ဒါပေမဲ့...ကြိုက်တဲ့သူရှေ့ကျတော့  ပျော်နေတယ်လို့  ခံစားရတယ်။

ချစ်တဲ့သူရှေ့မှာ ဆောင်းရာသီဟာ နွေဦးရာသီလို ထင်ရတယ်...
ဒါပေမဲ့...ကြိုက်တဲ့သူရှေ့ကျတော
ဆောင်းရာသီဟာ လှပတဲ့ဆောင်းရာသီပါပဲ။

ချစ်တဲ့သူမျက်လုံးထဲ ကြည့်လိုက်တဲ့အခါ ရှက်သွေးဖြန်းသွားတယ်
ဒါပေမယ့်...ကြိုက်တဲ့သူမျက်လုံးထဲကြည့်လိုက်တော့ ပြုံးပြဖြစ်တယ်။

ချစ်တဲ့သူရှေ့မှာ စိတ်ထဲရှိတာ ဘာမှမပြောနိုင်ဘူး...
ဒါပေမဲ့..ကြိုက်တဲ့သူရှေ့ကျတော့ ပြောပြနိုင်တယ်။

ချစ်တဲ့သူရှေ့မှာ..ရှိုးတိုးရှန်းတန့်  ဖြစ်လေ့ရှိတယ်..
ဒါပေမယ့်...ကြိုက်တဲ့သူရှေ့ကျတော့ ကိုယ့်ပင်ကိုအတိုင်း နေပြတတ်တယ်။

ချစ်တဲ့သူမျက်လုံးကို တည့်တည့်စိုက်မကြည့်နိုင်ဘူး..
ဒါပေမယ့်...ကြိုက်တဲ့သူမျက်လုံးကိုကျတော့ အမြဲတမ်းပြုံးပြနိုင်တယ်။

ချစ်တဲ့သူငိုတဲ့အခါ သူနဲ့ အတူလိုက်ငိုတယ်...
ဒါပေမယ့်...ကြိုက်တဲ့သူငိုတဲ့အခါကျတော့ သူ့ ကိုနှစ်သိမ့်အငိုတိတ်စေတယ်။

ချစ်တဲ့ခံစားမှုဟာ မျက်လုံး အမြင် ကစတယ်...
ဒါပေမယ့်...ကြိုက်တဲ့ခံစားမှုကျတော့ နားအကြားကစတယ်။


ဒါကြောင့်...ကြိုက်တဲ့သူကို ဆက်မကြိုက်ချင်တော့ရင် သင့်နားတွေကို
ပိတ်ထားလိုက်ပါ။
ဒါပေမယ့်...သင့်မျက်လုံးကို ပိတ်ဖို့ ကြိုးစားခဲ့ရင် အချစ်က
မျက်ရည်စက်အဖြစ်ပြောင်းသွားပြီး
နှလုံးသားထဲ ထာဝရတည်နေတော့မှာ......................

နင်ဘေးနားမှာ ရှိနေတဲ့ ကောင်မလေးတွေကို ချစ်နေတာလား ကြိုက်နေတာလား သေချာ စဉ်းစားကြည့် ပါ။

                    ချစ်ရေး ချစ်ရာဆွေးနွေးခန်း တခုမှရသည်

                                    ကျေးဇူးတင်လျက်     စိုင်းလယ်မယ်

Discussion

on 1/1/0001 says:
EuropenMinDoneMin on 10/30/2009 says:

ကျေးဇူးပါ...............အခုလိုလာရောက်  ဖတ်ရှု့အားပေးတဲ့အတွက်

          အမြဲကြိုဆိုလျက်.........

အော်မေ့သွားလို့  post အသစ်တွေကို ကျွန်တော်အားရင်အားတလိုကြိုးစားပြီးတင်သွားမှာပါ

ဟဲ ဟဲ........ အားဆေးတခွက်တော့ရပြီ Cool

 

seagull17 on 10/30/2009 says:

ရှင်အကြံပြုဆွေးနွေးပေးထားတာလေးကတော်တော်ကောင်းပါတယ်

EuropenMinDoneMin on 10/27/2009 says:

လာရောက်အားပေးကြသော ဧည့်သည်တော်များကို.......................

             ကျေးဇူးအာများကြီးတင်လျက်..........

                      ဆက်လက်စောင့်စားဖတ်ရှုပေးပါရန်....................

              အချစ်အတွက်ကြိုးစားလျက်..............

                                           sai james(မင်းတုန်းမင်း)   Biggrin Arrow

yasoma on 10/26/2009 says:

goodCool

EuropenMinDoneMin on 10/24/2009 says:

လေ့လာနေဆဲမို့ ဆက်လက်ရှာဖွေ လျက်ပါ ..................

               ဖတ်ရှအားပေးမူကို      10 Q Very Much 

                                sai james (မင်းတုန်းမင်း) RolleyesArrow  ok

soeppt on 10/23/2009 says:

ခုလိုသိရလို့ကျေးဇူးပါ..

ချစ်တဲ့သူ နဲ့ ကြိုက်တဲ့သူ....ဘယ်လိုခွဲခြားလို့ရပါသလဲ...

 

EuropenMinDoneMin on 10/23/2009 says:

ကျေးဇူးဘဲ အချစ် ကြောင်းကို လေ့လာနေ ဆဲမို့ ဆက်လက်ဖတ်ရူခံစားပေး ကြပါ....

ရှာဖွေလေ့လာ ပါအုံးမည်  Biggrin

pha_yauing_pan on 10/23/2009 says:

Good .

kyawhtetaung on 10/22/2009 says:

Nice

 Thanks For Sharing Cool

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← အမေ့ကိုတမ်းတအလွမ်း   Return to blog   ပြည့်စုံသောအချစ်၏အင်္ဂါများ နဲ့ … →
© 2013-2024 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.