"လျှို့ဝှက်စွာအရှုံးပေးခြင်း"
Posted on 12/30/2010 by
aungphonemyat_
အရှုံးတွေကို
မကြုံချင်လို့
အချစ်တွေကို
မျိုသိပ်ခဲ့တာပါ
အပြင်ပန်းကြည့်၇င်တော.
နားလည်ရသိပ်ခက်တာပေါ့
အလွမ်းတွေကို
မခံစားရဲလို့
သံယောဇဉ်တွေကို
ဥပက်ခါပြုထားခဲ့တာပါ
မင်းနာကြည်းမယ်ဆိုရင်လည်း
မဲ့ပြုံးလေးပဲ ပြုံးနေမှာပါလေ
ဒါပေမဲ့
ချစ်သူရယ်
သတိရမိခြင်းဟာ အရှုံးဆိုရင်တော့
မင်းကိုပြုံးပြုံးလေးနဲ့ပဲ
အရှုံးပေးနေရတာများပြီပေါ့