မနှစ်သိမ့်နဲ့

Posted on 12/26/2009 by 83minlwin09

မျက်ရည်ဆိုတာ
နှလုံးသား ထဲမှာ
သွေးကို ထည့်မီးမြိုက်လို.
ရ လာတဲ့ ပေါင်းခံရည်ပဲ
ဟောဒီ အပြုံးဟာ
နာကျင်မှုကို ချွေးသိပ်နေတာဖြစ်တယ်
ဆေးမြီးတိုပေါ့။

အရှေ.ကို ရောက်ဖို.
အနောက်ကို ရွက်လွှင့်ခဲ့သူ
ကိုလန်ဘတ်စ်
ခင်ဗျား သိပ်တော်တယ်
သူခိုးကို ရွှေတိုက်စိုး ခန်.တာလည်း
အတွေးအခေါ်ဆိုင်ရာ
စွန်.စားခြင်းတစ်မျိုးပဲ မဟုတ်လား။

ခွင့်လွှတ်တယ် ဆိုတာ
ကိုယ်ကိုတိုင် ပင်ပန်းတကြီး တည်ဆောက်ထားရတဲ့
နာကျည်းမှုကို
ကိုယ်ကိုတိုင် ပင်ပန်းတကြီး
ဖြိုဖျက်ပစ်လိုက်ရတာပဲဖြစ်တယ်။
ချစ်သူ
ရာဇ၀င်ကို ကုလားဖန် ထိုးလို.မရဘူး
နွားခြေရာနောက်ကနေ
လှည်းဘီးရာ ထပ်ကြပ်လိုက်သလို
အတိတ်ကို ခွာချလို.မရဘူး
အချို.သောဆေးမြီးတိုဟာ
ရောဂါကိုပိုဆိုးစေတယ်
ငါ့ကို တစ်ပွဲတိုးမနှစ်သိမ့်ပါနဲ.။

Discussion

on 1/1/0001 says:
83minlwin09 on 12/27/2009 says:

ပြင်လိုက်ပြီနော်

nyeinmahaw08 on 12/26/2009 says:

သူငယ်ချင်းရေ ငါ လာဖတ်သွားပါတယ်မင်းကဗျာတွေ ကို  ဒါပေမယ့် ဒီ  တစ်ပုဒ်  က ခေါင်းစဉ်  ကဗျာကို နာမည်ပေးတာက ပေါ့ပျက်ပျက်နဲ့ ကွာ  ဖြစ်သလိုပေးလိုက်သလို ပဲ  ကဗျာ စာသားတွေ ကကောင်းပါတယ် ဟာာ  ကဗျာနဲ့  ကဗျာနာမည်က တမျိုးပဲ............... 

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← စဉ်းစားပေးပါ   Return to blog   ပြန်ပေးပါ →
© 2013-2024 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.