ိုနာဖျားနေသော နုလုံးသား

Posted on 1/10/2011 by tharhtootbr

နာဖျားနေသော နုလုံးသား
 
အေးစက်စက်နှင့် နံရံပေါ်က
မင့်နာမည်ကို ကြည့်ရင်း
မချိုမြတဲ့ အတွေးတွေ
ဝင်မလာဖို့ ကြိုးစားနေမိတယ်...။
 
ခေတ်ဟောင်းသီချင်းတစ်ပုဒ်ကို
ညီးမိတော့ အစရပြီး
အလယ်နဲ အဆုံးမေ့နေတယ်...။
"မင်း ကိုချစ်တယ်...။"
စကားတစ်ခွန်းသာ ပြောထွက်ပေမဲ့
"ဘယ်လောက်ချစ်တယ်..
ဘယ်လိုခံစားရတယ်..။"ဆိုတဲ့ အရာတွေ
ပြောပြဖို့ ငါ့နှုတ်ဖျားတွေ အေးစက်နေမိတယ်...။

ငါအကြိုက်ဆုံး ကဗျာတွေကို
ပြန်ဖတ်မိတော့ "ရသ" တွေ
ပျောက်ကွယ်နေသလို...။
အကောင်းဆုံးဆိုတဲ့...,
သူငယ်ချင်း နှင့် သီချင်းတွေက
ပျော်ရွှင်မှူ့ကို မဖြည့်စွမ်းနိုင်တော့ပါ့လား...။
ဒီလိုနဲ့...!
အေးစက်စက်နဲ့
ငါ့နုလုံးသားလေး
အထီးကျန်စွာ
နာဖျားနေပါသည်....။

                                       TBR(လင်း)

Discussion

on 1/1/0001 says:
skyblue200761 on 1/16/2011 says:

အဲ့ဒီ နာဖျားနေတဲ့  နှလုံးသားကို အချိန်ဆိုတဲ့  သမာတော်ကြီးက ကုစားပေလိမ့်မယ်မောင်လေးSmile

၁နေ့ ဆိုတဲ့  အချိန်လေးကိုတော့ပေးရလိမ့်မယ်...။

သစ်ခိုင်းဖျားမှာ နားနေတဲ့ ငှက်ငယ် ၁ကောင် ရုတ်တရက် ထပျံသွားလိုက်တော့ သစ်ခိုင်းလေးအဖျားဟာ ဆက်ဆက်ခါပီးကျန်နေခဲ့တာပဲလေ အချိန်သိပ်မကြာခင်မှာပဲ သူဟာနဲ့သူတော့ပြန်နေသားကြသွားတာပဲလေ...ဟုတ်ဖူးလားBiggrin

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← မျက်လွှာပေါ်က သူ့အရိပ်   Return to blog   ချစ်တဲ့စိတ် →
© 2013-2025 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.