မိန်းမတစ်ယောက်ရဲ့ ရာဇ၀င်
Posted on 10/5/2013 by
marmarhtayw
********* မိန်းမတစ်ယောက်ရဲ့ ရာဇ၀င် *********
မိန်းကလေးဆိုတာ ကမ္ဘာလောကြီးမှာ တကယ့်ကို ရှိနေသင့်တဲ့ အရာတစ်ခုပါ ။ လှပတဲ့ ကမ္ဘာကြီးကို
ဆောင်ညှင်းဖို့ ကျွန်မတို့ မိန်းမသားတွေရှိကို ရှိနေရမယ်လေ ။ ဒါကြောင့် မိန်းမတစ်ယောက်ရဲ့ ရာဇ၀င်ဟာ အလှတရား
တွေနဲ့ ပြည့်ဝလို့ နေသင့်တာပေါ့ ။
ကျွန်မတို့ဗုဒ္ဓဘုရားရှင် ကိုယ်တော်မြတ်ကြီးနဲ့ ဇမ္ဗူမှာ ထင်ရှားတဲ့ သူတော်စင်တွေ သူရဲကောင်းတွေ နောက်
ထူးချွန်ပြောက်မြောက်သော လူသားအားလုံးကို မွေးဖွားပေးနိုင်တာ မိန်းမတစ်ယောက်ပါ ။ ယောက်ျားမပါပဲနဲ့ကောရသလား
လို့ ကိုးကပ်လို့ ရပါသေးတယ် ။ သို့သော်ငြားလည်း ရှေးပဝေသဏီအဆက်ဆက်မှာ ယောက်ျားသားမပါးပဲ ပါရမီတော်
အဟုန်နဲ့ မွေးဖွားသန့်စင်ခဲ့သူတွေ ရှိပါတယ် ။ ဘာဖြစ်ဖြစ် ကျွန်မတို့ မိန်းမသားဆိုတာ အလွန်သန့်စင်မွန်မြတ်တဲ့
မြတ်မေမေဆိုတဲ့ ဘွဲ့ထူးတစ်ခုကိုပိုင်ဆိုင်လို့ နေပါတယ် ။
ဒါကြောင့် မိန်းမသားတစ်ယောက်ရဲ့ ရာဇ၀င်ပြန်လှန်ကြည့်မိ ကျွန်မတို့ မြတ်စွာဘုရားရှင် ဘုရားလောင်းကိုမွေး
ဖွားပေးခဲ့တဲ့ မေမေဟာ ဘုရားရှင်အလောင်းအလျာပေါင်း ငါးဆူအရှင့်ကို မွေးဖွားပေးခဲ့သူဟာ မိန်းမသားစစ်စစ် မယ်တော်မိ မယ်တော်မာယာပါ ထို ဆုထူးပန်ကြီးဟာ မိန်းမသားစင်စစ်ပါ ။
ရာဇ၀င်တွေမှာ လှပနေခဲ့တဲ့ မိန်းမသားတွေဟာ ဒီနေ့ခေတ်မှ ပျက်စီးကုန်ရမယ်ဆိုရင် ကျွန်မတို့ မိန်းမသား
ရာဇ၀င် ဘယ်တွင်ပြရပါ့ ။ ဒါကြောင့် ခေတ်မှီတိုးတတ်ခြင်းကို အကြောင့်ပြ ပြီး ရာဇ၀င်မဲ့အောင်ပြုလုပ်နေသူလေးတွေ
ကိုယ့်မြန်မာ့ရာဇ၀င် မိန်းမသားတွေအကြေင်းတစေ့တစောင်းလောက် လေ့လာသုံးသပ်ပေးကြပါလို့ဆိုရင်း.............
မိန်းမသားဆိုတာလေ ဘယ်အချိန်အခါပဲဖြစ်ဖြစ် ပြည့်စုံတဲ့အသိပညာ၊ ကောင်းမွန်တဲ့စာရိတ္တ၊ ထက်မြက်တဲ့
အပြုအမူ၊ သိမ်မွေ့တဲ့အပြောအဆို၊ ကြီးမြတ်တဲ့ စိတ်နေသဘောထားနဲ့ မေတ္တာနဲ့ပြည့်ဝတဲ့ နှလုံးသားတစ်စုံရှိတဲ့ မိန်းကလေး
တစ်ယောက်ဟာ ရုပ်ရည်မလှသည့်တိုင် ဘ၀ကို အမှန်တကယ် လှပစေနိုင်ပါတယ်။
ဘ၀မှာလှလှပပရှင်သန်နိုင်သူဟာ လှပတဲ့စိတ်ခံစားမှု၊ အဆင့်အတန်းတစ်ခု၊ စိတ်ဝိညာဉ်တစ်ခု
ုကိုပိုင်ဆိုင်နိုင်မှာဖြစ်တယ်။ ကိုယ့်ကိုယ်ကို မစွန့်လွတ်သရွေ့ ဘယ်သူကမှ ကိုယ့်တက်လှမ်းက တားဆီးပိတ်ပင်နိုင်မှာ မဟုတ်ပါဘူး။
တချို့က ရာဇ၀င်တွင်မဲ့မိန်းကလေးတွေဟာ "တောင်တန်း"ပါတဲ့။ ခန့်ညားဝင့်ထည်ပြီး
သဘောထားကြီးသတဲ့။ တည်ငြိမ်ခန့်ညားလွန်းပါတယ်တဲ့ ။ တချို့က မိန်းကလေးတွေဟာ "ရေ"ပါတဲ့။ နူး ညံ့ပျော့ပျောင်းပြီး ညင်သာအေးမြ သန့်စင်လွန်းပါတယ်တဲ့ ။
တချို့ကတော့ မိန်းမကောင်းဆိုတာ စာအုပ်ဖြစ်တယ်။ အသိပညာတွေနဲ့ ပြည့်နှက်လို့နေ တယ်။ဘယ်အချိန်
မှာဖတ်ဖတ် အရာသာရှိပါသတဲ့ ။
တချို့ကတော့မိန်းမကောင်းဆိုတာ ဆိပ်ကမ်းဖြစ်တယ်။ ဘေးဒုက္ခကြုံသူကို လုံလုံခြုံခြုံ နားခိုခွင့်ပေးနိုင်ပါတယ်။
နောက်တမျိုးကားတော့ မိန်းမကောင်းဆိုတာ ရေနွေးကြမ်းဖြစ်တယ်။ အရသာခံသောက်လေမွှေးလေဖြစ်တယ်။
နောက်တမျိုးကားတော့ မိန်းမကောင်းဆိုတာ ပန်းတစ်ပွင့်ပါတဲ့ ။ ပန်းဆိုတာ အလွန်အဆင်းအနံ့ကြွယ်ဝတယ် ။နမ်းရိုက်
သူရင်ကို ထာဝရ မွေးပျံ့မူ့ပေးတယ် ။ နမ်းတဲ့သူကလည်း ပန်းရဲ့ အလှအနံ့ရှိမှ နမ်းတတ်ကြတာကိုးလေ ။
နောက်တမျိုးကားတော့ မိန်းမကောင်းဆိုတာ တက်မဖြစ်တယ်။ အိမ်ထောင်ရေးလမ်းကြောင်းကို ပဲ့ကိုင်ပေးတယ်။
မိန်းမသားတွေအတွက် အိမ်ထောင်ရေးဆိုတာ အဓိကမာန်တိုင်တစ်ခုပါ ။ ဒီမာန်တိုင်ကို ကိုင်တွယ်နိုင်မှ မိန်းမသားရာဇ၀င်
လှပေတော့မပေါ့ ။ မိန်းမဆိုတာ အိမ်ထောင်ရဲ့ အက္ခရာဆိုလည်း မမှားပေဘူးပေါ့ ။
နောက်တမျိုး အဆို မိန်းမကောင်းဆိုတာ ရှု့ခင်းဖြစ်တယ်။ ရာသီအလိုက် ရောင်စုံပန်းမန်တွေနဲ့ လှပစေတယ်။ဒီပန်းချီကားလေးကို ထာဝရ လှပဖို့ မိန်းမတွေ ရဲ့ စိတ်တွေတည်ကြည်ဖြောင့်မှန်နေရမယ်လေ ။
တချို့အဆို မိန်းမကောင်းဆိုတိုင်း ရုပ်ရှည်လှပနေမှ မဟုတ်ဘူးတဲ့ ။ ဖြူစင်ရိုးသားတဲ့စိတ်
ရှိတယ်။ ကြာင်နာတတ်မယ် နှစ်လိုတတ်မယ် အကောင်းမြင်စိတ်ထားရှိမယ် ကျော်ကြားခြင်းနဲ့ ကြွယ်ဝခြင်းရဲ့ ဖြားယောင်းမြူဆွယ်မှုကြောင့် စိတ်ကို မညစ်နွမ်းစေဘဲ ကိုယ့်လမ်းကိုယ်ဆက်လျှောက်သူ၊ လုပ်သင့်တာ လုပ်ထိုက်တာ
ကို ဆက်လုပ်သူဖြစ်တယ်။ အနေနိမ့်ကျ၊ ဆင်းရဲဒုက္ခနဲ့ ရင်ဆိုင်ရသည့်တိုင် ရင်ကိုကော့ ခေါင်းကိုမော့ပြီး အပြုံးမပျက်သူဖြစ်တယ်။
မိန်းမသားတွေအတွက် ရိုးသားကြင်နာခြင်းဆိုတာ လောကမှာ အလှဆုံးပန်းတစ်ပွင့်ဖြစ်ပါတယ်။
ဘယ်သူတစ်ဦးတစ်ယောက်ကမှ အဲဒီပန်း ဖူးပွင့်ဖို့ မငြင်းဆန်တတ်ကြဘူး။ ဒီပန်းလေးတွေကိုလည်း အလွန်နှစ်သက်တတ်
ကြပါတယ် ။
မိန်းမသားတစ်ယောက်ရဲ့ ရာဇ၀င်မှာ မိန်းမကောင်းဆိုတာ မိခင်ကောင်း၊ ဇနီးကောင်းတစ်ဦးဖြစ်တယ်။
မိန်းမကောင်းဆိုတာလည်း အဲဒီအလှဆုံးပန်းတစ်ပွင့်ဖြစ်တယ်။
မိန်းမကောင်းတွေရဲ့ ရာဇ၀င်ဟာ ကိုယ့်ဘ၀ခရီးတစ်လျောက်ကို ပန်းတစ်ပွင့်ရဲ့ကြန်အင် လက္ခဏာတွေနဲ့ ပြည့်စုံစေတယ်။ မိန်းမကောင်းတွေက မျက်ရည်နဲ့အပြုံးကို ကွယ်ဝှက်ထားစရာမလိုဘူး။ အငိုနဲ့ အပြုံးကြား ဗျာများနေ
စရာမှမလိုတာလေ ။
ရိုးသားကြင်နာခြင်းဟာ သာမန်မိန်းကလေးတစ်ဦးကို ပိုလှပစေတယ်။ ပိုနှစ် လိုစေတယ်။ ကိုယ့်ကိုယ်တိုင်ကို ချစ်ခင်နှစ်သက်မယ်၊ ဆွေမျိုးသားချင်းတွေ ကို ချစ်မယ်၊ သူငယ်ချင်း မိတ်ဆွေတွေကိုချစ်မယ်၊ သဘာဝ၊ သက်ရှိအားလုံး
လောကမှာ ချစ်လို့ရတဲ့အရာတွေကို ချစ်ခင်နှစ်သက်မယ်။
နှလုံးသားထဲချစ်ခြင်းမေတ္တာရှိတဲ့ မိန်းကလေးတစ်ယောက်ဟာဘယ်လောက် ပဲ ရုပ်ဆိုးနေပါစေ
သူ့မျက်ဝန်းထဲကနေနွေးထွေး၊ ကြင်နာတဲ့အရိပ်တွေ ကို တွေ့နိုင်တယ်။ လင်းလက်တဲ့အပြုံးကို တွေ့မြင်နိုင်တယ်။သန့်စင်တဲ့ဘ၀ကိုမြင်နိုင်ပါတယ်။
မိန်းမကောင်းဆိုတာ စားပွဲပေါ်မှာ အလှထားတဲ့ ပန်းအိုး မဟုတ်ဘူး။ သူတစ်ပါး တန်ဆာဆင်မှ လှပတာမဟုတ်ဘူး။ ကိုယ်ကိုတိုင်က မိန်းမသားရာဇ၀င်တွေ လှနေအောင် ကြံဆောင်နိုင်ရမယ် ။ တွင်ပြီးသား ရာဇ၀င်
တစ်ခုကို ပယ်ဖြတ်ရဲ့တဲ့ မိန်းမသားတော့ မဖြစ်စေနဲ့ပေါ့ ။
မိန်းမကောင်းဆိုတာ ကိုယ့်ကိုယ်လေးစားမှုရှိတယ်၊ ပျော့ညံ့သူမဖြစ်စေသင့်ဘူး ။ ဘယ်လိုဘေးဒုက္ခမျိုးစုံ
ကိုကျော်ဖြတ်ရသည့်တိုင်အောင် ကိုယ့်ရာဇ၀င်ကို လှပအောင် ဖန်တီးသင့်ပါတယ် ။ အကြောင်းတရားတစ်ခုကြောင့်
အကျိုးတရားဖြစ်ပေါ်လာတတ်မူ့မှာ မိန်းမသားတစ်ယောက် ရာဇ၀င် မကျဆုံးစေသင့်ဘူး ။
ရာဇ၀င်ထဲမှာ အစဉ်အဆက် နုပျိုလင်းလက်နေတဲ့ မြန်မာပျိုလေးတွေ မြန်မာဆိုတာ ကမ္ဘာမှာ
မော်ကွန်းထိုးကမ္မည်းတင် ရာဇ၀င်တွင်ခဲ့သူတွေမို့ ခေတ်သမီးပျိုလေးများ ဆက်လက် ထိန်းသိမ်းနိုင်ကြပါစေလို့ ။
******* မေတ္တာဖြင့် တော်ဝင်နှင်းဆီ *******