အဆိုတော်များရဲ့ အချစ် နဲ့ ချစ်လား မချစ်လား သိဖို့ အတွက်နည်းလမ်း ၁၂ သွယ်
Posted on 10/25/2009 by
europenmindonemin
Tags: အဆိုတော်များရဲ့ အချစ် နဲ့ ချစ်လား မချစ်လား သိဖို့ အတွက်နည်းလမ်း
အချစ်ဆိုတာ
လူတစ်ချို့ ကပြောတယ်
အချစ်ဆိုတာဓားသွားပေါ်က ပျားရည်စက်တဲ့
ဆိုင်းထီးဆိုင်ကလည်းပြောတယ်
အချစ်ဆိုတာ ပေးဆပ်ခြင်းတဲ့
ကျွန်တော်အထင်တော့ အချစ်ဆိုတာ
ချော့ကလက်လူးထားတဲ့ ငရုတ်သီးတစ်တောက်လိုပဲ...ထင်တယ်
နောက်ပြီး .........??
ဘယ်လိုပဲပြောပြော စိုင်းစိုင်းကလည်းအချစ်ဆိုတာအချစ်တဲ့
ဆိုကရေးတီးကလည်းပြောတယ် အချစ်ဆိုတာ မိုးနဲ့ တူတယ်
အချစ်= အချစ် ကလည်း ရှိသေးတယ်
ကိုအငဲကလည်း ပုံသေနည်းထွင်လိုက်သေးတယ်
အချစ်ဆိုတာ ခါးခါး..............
ဘာဘူကြီးကလည်းလာသေးတယ်
အချစ်ဆိုတာ ဆားလိုပဲ
ဘယ်သူတွေဘာပဲပြောပြောစာဖတ်ပရိတ်သတ်များ
အနေနဲ့ ဝေဖန်ကြည့်ပေါ့ဗျာ
ချစ်လားမ ချစ်လား သိဖို့အတွက်နည်းလမ်း ၁၂ သွယ်
၁၂) သင်ဟာ သူနဲ့ ညဘက်ထိစကားပြောမယ်။ အဲဒါတောင်မှ အိပ်ရာထဲရောက်ရင်လည်း သင်ဟာ သူအကြောင်းကို တွေးနေမိလိမ့်မယ်။
(၁၁) သင် သူနဲ့တွဲပြီးလမ်းလျှောက်တဲ့အခါ
မှာ သင်ခြေလှမ်းတွေနှေးနေလိမ့်မယ်။
(၁၀) သင် သူနဲ့ဝေးနေရတဲ့အခါ သင်ဝမ်းနည်းသလိုခံစားရလိမ့်မယ်။
(၉) သင် သူအသံကိုကြားတာနဲ့ပျော်ရွှင်နေလိမ့်မယ်။
(၈) သင် သူကိုကြည့်နေတဲ့အခါ သူတစ်ယောက်ကိုပဲမြင်လိမ့်မယ်။ သင်ဟာပတ်ဝန်းကျင်ကို ဂရုစိုက်မှာ မဟုတ်တော့ဘူး။
(၆) သင်ရဲ့အတွေးထဲမှာ သူကအမြဲစိုးမိုးနေလိမ့်မယ်။ သင်စဉ်းစားသမျှအရာအားလုံးဟာ သူအတွက်ပဲ။
(၅) သင် သူနဲ့တွေ့တဲ့အခါအမြဲပျော်ရွှင်နေလိမ့်မယ်။ သင်မျက်နှာမှာအပြုံးတွေစိုးမိုးနေလိမ့်မယ်။
(၄) သင် သူနဲ့တွေ့ရဖို့အတွက် ဘာမဆိုလုပ်လိမ့်မယ်။
(၃) သင် ဒီစာကိုဖတ်စဉ်မှာ တစ်စုံတစ်ယောက်ဟာသင့်နှလုံးသားထဲမှာအချိန်တိုင်းရှိနေလိမ့်မယ်။
(၂) သင်ဟာ အဲဒီတစ်ယောက်အကြောင်းတွေးနေလို့ သင့်ဦးနှောက်အလုပ်ရှုပ်နေတာကြောင့် သင်ဟာ နံပါတ် ၇ကျန်ခဲ့တာကိုသတိထားမိမှာမဟုတ်ဘူး။
(၁) သင်ဟာ နံပါတ် ၇ ကျန်ခဲ့သလားလို့အပေါ်မှာပြန်စစ်ပြီးသင်ဟာသင်ကြိတ်ပြီးရယ်နေလိမ့်မယ်။
ဒီစာထဲကလိုသင်တကယ်ဖြစ်နေရင်တော့။ အသင့်နှလုံးသားထဲမှာရှိတဲ့လူကိုချစ်မိနေပါပြီလို့ ရဲရဲကြီး အာမခံလိုက်ပါတယ်။ ကိုယ့်ကိုကိုယ်
စမ်းသပ်ကြည့်ကြပါနော်။
ချစ်ရေး ချစ်ရာဆွေးနွေးခန်း တခုရွှေးနှပ်ခံစားတင်ပြသည်
တက်ရောက် ဖတ်ရှ ခံစားပေးခြင်းကို ကျေးဇူးတင်လျက်
sai james(မင်းတုန်းမင်း)