မမြင်ရတဲ့ သံစဉ်များ
Geschrieben am 03.01.2013 von
we040919
အရင်ဦးဆုံး သတိထားမိတာက တည်ငြိမ်လွန်းတဲ့ မင်းမျက်နှာ.... နောက်တော့မှ တစတစ... ပိုရင်ခုန်သွားမိတာက .... မာနကြီးပြီး အေးစက်နေတဲ့ မင်းမျက်ဝန်းလေး..... တဖြေးဖြေးနဲ့ ...... အတွေးနက်နေဟန်ရှိတဲ့ မင်းပုံစံလေးကို တကယ်ဆို သဘောအကျဆုံး..... ပြုံးလိုက်တဲ့ အခိုက်အတန့်ကတော့ ဒီကမ္ဘာပေါ်မှာ အတောက်ပဆုံးပေါ့....... ကဗျာလဲ မဖွဲ့..စာလဲ မနွဲ့..... အကြည့်လေး တစ်ချက်နဲ့တင် ငါ့နှလုံးသားကို နူးညံ့စေခဲ့သူ.... မင်းကတော့ လစ်လျုရှု့တတ်တဲ့ နှလုံးသား တစ်စုံနဲ့ တကယ့်ကို နေနိုင်သူကြီး.... မာနတွေ မိုးထိကြီးနိုင်ခဲ့တာ ဘာကြောင့်များပါလိမ့်.. အခွင့်အရေးရရင်..... အိပ်မောကျနေတဲ့ မင်းနှလုံးသား ပါးပါးလေးပဲ ဖြစ်ဖြစ် နားလည်နိုင်ခွင့်တော့ ရခဲ့ချင်မိတယ် ငါငိုတိုင်း မချော့တတ်ခဲ့တဲ့ သူတစ်ယောက်ဟာ.... ရယ်စရာတွေကိုလဲ ပြောတတ်လိမ့်မယ်လို့ ငါလေ ဖြေသိမ့်ပြီးတော့ပဲဖြစ်ဖြစ် မျှော်လင့်နေပါရစေ..... ညနက်တွေမှာ ကြယ်တွေကိုရေတွက်မိတိုင်း ကောင်းကင်ယံမှာ မင်းအပြုံးတွေကိုသာ မြင်ယောင်နေမိတော့တယ်.... အိပ်မက်ဆိုတဲ့ အရာကို ငါ့အနားမှာ ခေါ်ထားမိတိုင်း စိုးမိုးနေတာက မင်းပုံရိပ်တွေပါပဲ.... “အချစ်ဆိုတာ သယ်ဆောင်သွားလို့ရသလို ချန်ထားခဲ့လို့လဲ ရတဲ့အရာတစ်ခုပဲ” တဲ့..... မောင်လှမျိုး (ချင်းချောင်းခြံ) ကပြောဖူးတယ်... အိပ်မက်တွေနဲ့ တစ်ရေးနိုးတိုင်းမှာ ရင်ခုန်စေခဲ့တဲ့သူရေ.... မင်းရင်ဘတ်ထဲက “အချစ်” ဆိုတဲ့ အရာဟာ ဘယ်လိုများပါလိမ့်..