ယောကျာင်္းလေးများ အနေဖြင့် မိန်ကလေးများကို ဆွဲဆောင်လွှမ်းမိုးရန် နည်းလမ်း (၁၁) ချက်
Geschrieben am 03.02.2010 von
violent528
Stimmung: .
Musik: ပြန်တွေးကြည့်.
Tags:ယောကျာင်္လေးများအနေဖြင့် မိန်းကလေးများကို ဆွဲဆောင်လွှမ်းမိုးရန် နည်
မိန်းကလေးများ ဖတ်ပြီး သတိထားကြရန်.........
- ချီးကျူးပါ။(မြှောက်သင့်လျှင်မြှောက်၊ပြန်ဖမ်းဖို့ မမေ့ပါနဲ့ )။
- ကြင်နာစွာနမ်းပါ။(အဝေးရောက်နေရင်တောင် ယင်ကောင်အနမ်း(fiykiss) ပေးပါ)။
- ဂရုစိုက်ပါ။(ကျီးထိုးထိုး၊ခွေးစားစာပစ်မထားပါနဲ့ )။
- ပျော်အောင်ထားပါ။(ဟာသများများဖတ်၍ရယ်စရာပြောပါ။မရယ်လျှင်ကလိထိုး၍ရယ်ခိုင်းပါ...အဲဒါမှမရယ်သေးဘူးဆိုလျှင်...........)။
- သူမအပေါ် အလေးအနက်ထားပါ၊လေးစားပါ။(လေးစားခြင်းဟာ သုံးစားမရသောကြောင့်ဖြစ်သည်၊ဟန်ဆောင်ပန်ဆောင်လေးပေါ့)။
- သူမ အတွက် $ များများသုံးပါ။(အိမ်မှာရေသောက် ဗိုက်မှောက်နေပြီး စုဆောင်းထားသမျှ ဖွန်ကြောင်ခြင်းတွင်သုံးပါ....ဒါမှမဟုတ် မြန်နာငွေလဲပါ)။
- သူမကြိုက်တတ်သည့် အစားအစာများကိုကျွေးပါ။(စားသောက်ဆိုင် မသွားခင်မိမိတွင် $ မလုံလောက်ဟုထင်ပါက သူငယ်ချင်းထံမှ လည်ပင်ညှစ်ခဲ့ပါ၊မိန်ကလေးများ ရှက်လျှင်အစားကြီးသောကြောင့် ဖြစ်၏။)။
- သူမအတွက် အမြဲအဆင်သင့်ရှိနေပါစေ။(ထမင်း ဆာတယ်ဆိုလျှင် ခူးပြီးပါပြီ ဖြစ်နေရမည်.......အဆင်ပြေဝါးပါကျွေးလိုက်....သူသာစား တယ်ဆိုရင်ပေါ့)။
- သူမစကားကို နားထောင်ပါ။(ပေါက်သင်ညိုကို အတုယူ၍အမြဲခေါင်း ညိမ့်ပါ၊ကွယ်ရာတွင် လုပ်ချင်ရာလုပ်ပေါ့)။
- သူမပြောသမျှကို အမြဲထောက်ခံပါ။(ဒေါက်ကလေးဆောင်ထားပါ၊ ထောက်ခံပေးလို့ ရတာပေါ့)။
- သူမအတွက် ဆိုလျှင် ကမ္ဘာအဆုံးထိသွားပါမည်၊ကောင်းကင်ကို ဒူးနဲ့ တိုက်ပါမည်၊မိုးကြိုးပစ်လျှင် မိုးကြိုးကို ဒိုင်ဗင်ပစ်ဖမ်းပေးမညိဟု ကြွေးကျော်ပါ။(တကယ်လုပ်လိုရတာမှ မဟုတ်ပဲ၊ တွေးမကြောက်ပါနှင့်)။
ဤကား မိန်းမတို့ အားဆွဲဆောင်းနည်းဖြစ်ပါသည်။ ။
ယောကျာင်္းလေးများ မိမိကိုဒီလိုမျိုးလုပ်ရင် သတိထားပါ၊ဒါကမရခင်မှာပဲ ဖြစ်မှာပါ၊ရပြီးရင်တော့ ဖနှောက်နဲ့ ကိုပေါက်မှာ.................
မေးလ်တစ်ခုမှ ကူးယူထားပါသည်။ ။
အားလုံးကို ခင်မင်လျက်.................
VIOLENT (YUKI)