ငါ့ အချစ်
Geschrieben am 03.02.2011 von
tharhtootbr
ငါ့အချစ်
ဟေ့ ငါ့အချစ်က တစ်လတစ်ခါ ထွက်တဲ့
ထီ လိုလဲမဟုတ်ဘူး..။
ဟေ.. ငါ့ အချစ်က ဈေးမေးဝယ်လိုရတဲ့
ရောင်းကုန်မဟုတ်ဘူး....။
ဟေ ငါ့အချစ်က လူထိုင်းထိုင်လိုရတဲ့
ပန်းခြံထဲက ခုံတန်းလျားလဲမဟုတ်ဘူး
ဟေ ငါ့အချစ်က
အချိန်အခါပွင့်တဲ့ ပန်းတစ်ပွင့်လို
မြတ်နိုးသူရှိမှာ ဦညွှန့်မဲ့ နှင်းဆီပန်းလို
ဆူးရှိတယ်...။
ဟေ ငါ့မှာ မာနမရှိလို
မင့်ထင်ကြေးနဲ့
ရစရာမ၇ှိအောင်နုလုံးသားကို
ဆားရည်ပါတ် အချဉ်သိပ်မလို့လား..။
ဟေ့ ငါအချစ်ကို တန်ဖိုးမထားသူအတွက်
ငါ့ကိုယ်ငါ ရုံးထွက် ငါ့လံငါလွင့်မယ်..။
TBR(လင်း)